top of page
Search

မအလ၏ ယုတ်မာသောအကြံများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 16, 2021
  • 1 min read

ree

မအလဟာ ပြည်သူကို ဂရုမစိုက်ပါ။ ဒါ့ကြောင့် ကိုဗစ်ကာလမှာတောင် မိမိသမ္မတရူးအိပ်မက်အတွက်အာဏာထသိမ်းတာပါ။ သူဘာတွေ ကြံနေသလဲ?

သူက DASSK နဲ့ သမ္မတကြီးကို ယခုထက်ကြီးတဲ့ ပုဒ်မတွေနဲ့ တရားစွဲဖို့ အကွက်ဆင်နေပါတယ်။နိုင်ငံတော်သစ္စာဖောက်မှုမျိုးနဲ့ပါ။ ယခုက ဆန္ဒပြပွဲတွေများနေတာကြောင့် အချိန်စောင့်နေတာပါ။ ဝကခတွေကိုလဲ ရေရှည်ဖမ်းဖို့ ပုဒ်မရှာနေပါတယ်။ ပြီးရင် NLD ပါတီကိုလဲ ဖျက်သိမ်းဖို့ ပြင်ဆင်ပြီးအထောက်အထား စုဆောင်းနေပါတယ်။ ဥပဒေစကားပြောရင် သူဟာ အစကထဲက ဥပဒေကိုချိုးဖောက်ပြီး အာဏာယူထားတာပါ။

သူ့ကို အဓိကက ဘယ်သူထောက်ခံနေလဲ။ ရုရှားပါ။ တရုတ်ကလဲ ဖိအားမပေးဘဲထားပြီးအားပေးအားမြှောက်လုပ်နေပါတယ်။ CDM မှာ ထွေအုပ်နဲ့ နိုင်ငံခြားရေးရုံးကမပါဘဲ ထွေအုပ်ကပြည်တွင်းမှာ ပြည်သူကို နှိပ်ကွပ်၊ နိုင်ငံခြားရောက် မြန်မာသံတွေကလဲ စစ်အစိုးရဘက်က ခုခံပြောဆိုပြီး မအလကို သက်ဆိုးရှည်အောင် လုပ်ပေးထားပါတယ်။

ဆန္ဒပြပွဲတွေကို မအလက အချိန်ကြာလာရင် အားနည်းသွားမယ်လို့ မှတ်ယူထားပြီး လွှတ်ပေးထားတာပါ။ ဒါပေမယ့် ဒီဆန္ဒပြပွဲတွေဟာ သူ့ရဲ့အာဏာကို အာခံနေတယ်ဆိုတာတော့ သိပါတယ်။ သူပစ်ရင်နိုင်ငံခြားက ဝင်စွက်နိုင်လို့လဲ အရှည်စွဲထားတာပါ။ သူ့ကိုလက်ရှိမှာ ဒုက္ခပေးနေတာက ဆရာဝန်တွေရဲ့CDM ပါ။ ဒါ့ကြောင့် နောက်အပတ်မှာ CDM ကိုဖြိုခွင်းဖို့ အားပိုသုံးလာမှာပါ။ ဒီနေရာမှာ ပြည်သူတွေက CDM လုပ်သူတွေကို ဝန်းရံရင် ထိပ်တိုက်တွေ့လာနိုင်ပါတယ်။ ဒီကနေ အားစမ်းမှာပါ။


တပ်တွင်းဘယ်တော့ ပြိုကွဲမလဲ? နိုင်ငံခြားတပ် ဘယ်တော့ ဝင်မလဲ?

ပထမဆုံးက တပ်ထဲကနေ ဝန်းရံဖို့ အထိုင်လိုပါတယ်။ ဥပမာ ရန်ကုန်က လွှတ်တော်လိုနေရာပေါ့။အထဲမှာ အစိုးရအဖွဲ့လို ရှိရပါမယ်။ ပြည်သူတွေက ဝိုင်းထားမယ်။ ဒါဆိုရင် မနေ့က NLD

ရုံးကိစ္စလို သူ့အနေနဲ့ ပစ်မလားရွေးရပါမယ်။ ပစ်တာတွေ များလာရင် တပ်ထဲမှာ အချင်းချင်း ပြဿနာဖြစ်လာမှာပါ။ နိုင်ငံခြားကလဲ သူက အရပ်သားများစွာကို စတင်သတ်ဖြတ်လာမှ R2P နဲ့ ဝင်လို့ရမှာပါ။ဒါမှမဟုတ် CRPH လွှတ်တော်ကိုယ်စားပြု ကော်မတီကတော့ နိုင်ငံခြားတပ် တရားဝင် ခေါ်လို့ရပါတယ်။ သူက တရားဝင်လွှတ်တော်ဖြစ်လို့ သူကနေ အမေရိကန်တပ်ကို လာကူဖို့ ခေါ်လို့ရပါတယ်။တရုတ်နဲ့ ရုရှားက ဘာဗီတိုမှ သုံးမရပါ။ နေပြည်တော်ကို စပစ်တာနဲ့ အထဲမှာ ကွဲမှာပါ။

ဒီနေရာမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ၊ CDM လုပ်နေသူများကို အလွန်လေးစားပါတယ်။ စာရေးသူတို့သိထားရမှာက မအလသည် ဂန်ဒီတိုက်ခဲ့တဲ့ အင်္ဂလိပ်အစိုးရမဟုတ်ဘဲ လူ့ဘီလူး အာဏာရူးပါ။ ပြည်သူ့မျက်နှာကို ကြည့်သူမဟုတ်ပါ။ ဒီနေ့ ဘင်္ဂါလီ ၇ သိန်း ထွက်ပြေးပြလို့ မအလ စစ်ခုံရုံးရောက်ဖို့ဖြစ်လာတာပါ။ ဒါ့ကြောင့် ပြည်သူ့အားလိုပြီး လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လဲ သမားရိုးကျ မစဉ်းစားဘဲ အခြားနည်းများလဲ စဉ်းစားစေချင်ပါတယ်။ ယခုမအလ မိုက်နေတာက သူ့ကိုစစ်ရေးအရဖိအားမရှိလို့ပါ။

စာ​ရေးသူတို့ ရွေးရမှာက ယခုအချိန်မှာ ပြည်တွင်း ပြည်ပဖိအားနဲ့ အပြတ်တိုက်မလား? ဒါမှမဟုတ် ဇတ်မျောဖြစ်သွားမလားဆိုတာပါ။ စာရေးသူ ယခင်ကဲ ဆောင်းပါးတွေနဲ့ ထွေအုပ်ပြုပြင်ဖို့၊ လုံခြုံရေးကောင်စီ ငါးနိုင်ငံက သံအမတ်တွေကို မိမိလူထားဖို့ အကြံပေးခဲ့ဖူးပါတယ်။ စာရေးသူတို့က အကြံသာပေးနိုင်မှာပါ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page