top of page
Search

မအလ မထင်မှတ်ခဲ့သော နေရာများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 5, 2022
  • 1 min read

ဇော်မဲလုံးပြောစကားအရတော့ PDF ကို မထင်ထားဘူးပေါ့။ အာဏာမသိမ်းခင် သိမ်းရင် ဆန္ဒပြမှာတော့ မျှော်လင့်ထားခဲ့တယ်လို့ သူကဝန်ခံထားခဲ့ပါတယ်။ အထဲမှာ မျှော်လင့်ထားတာက ဗမာမြို့တွေမှာ ဆန္ဒပြမယ်ပေါ့။ နောက်မြို့ကြီးတွေမှာပေါ့။ သူက သူထောင်ပေးထားတဲ့ နေ့စားတွေဆန္ဒပြတာ၊Facebook မှာ သူ့အကောင့်တုတွေက NLD ဖောင်းထုတာ၊ အကြောင်းကြောင်းကြောင့် NLD ဖောင်းထုတာတွေကိုဖတ် သက်သက်ခိုင်တို့ အင်တာဗျူးလောက်နားထောင်ပြီး လူတွေက NLD မကြိုက်ဖူးတွက်ခဲ့တာပါ။ တာဝန်ရှိသူတွေကတော့ သူ့စရဖမှသည် ဇော်မဲလုံးအထိပါဘဲ။ နောက်ချင်းမှာ ဆန္ဒပြမယ်လို့တော့ ထင်ထားခဲ့ပါတယ်။ မထင်ထားတာက ရခိုင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်း နဲ့ တနင်္သာရီမှာ ဆန္ဒပြမယ်လို့တောင် မထင်ထားခဲ့ပါ။ သူက ၂၀၁၀မှာ ရွေးကောက်ပွဲဝင်ဖို့ တိုင်းရင်းသားအချို့ကို ချဉ်းကပ်ပိုက်ဆံပေးပြီး ပါတီထောင်ခိုင်းခဲ့ပါတယ်။ အဆိုပါပါတီတွေရဲ့ ခေါင်းဆောင်တွေက အမျိုးသားရေးဥိးတည်ပြောဆိုပြီး လူငယ်တွေကို စည်းရုံးထားပြီး သူ့လူက အထက်မှာ ဥက္ကဌလုပ်ထားတဲ့ ပုံစံနဲ့သွားပါတယ်။ လူငယ်တွေကို သူ့လူနဲ့ ပြန်ထိန်းထားပြီး အာဏာသိမ်းပြီးရက် အဆိုပါလူကြီးကတဆင့် ပြန်ထိမ်းဖို့ ရည်ရွယ်ခဲ့ပါတယ်။ ထိုလူများ အမျိုးသားရေးအသံတိတ်နေတာ အားလုံးသတိထားမိမှာပါ။

သူထင်တဲ့အတိုင်း ရခိုင်မြောက်ပိုင်းကတော့ ဆန္ဒမပြဘဲ ကျန်ဒေသတွေမှာတော့ ဆန္ဒပြပွဲ အကြီးကြီးတွေဖြစ်ခဲ့ပါတယ်။ သူဆန္ဒပြမယ်လို့ထင်ထားတဲ့ ချင်းက သူ့ကိုပထမဆုံး တိုက်သူ ဖြစ်သွားခဲ့ပါတယ်။နောက်သူက သာမန်ဆန္ဒပြမယ်လို့သာ တွက်ခဲ့တဲ့ ဗမာနယ်/ပြည်မတွေကလဲ လက်နက်ကိုင်သွားကြပါတယ်။

သူလုံးဝ မထင်ထားတာက ကယားနဲ့ တနင်္သာရီပါ။ အဆိုပါဒေသတွေမှာ သူ့ကိုလက်နက်ကိုင်တိုက်ဖို့မပြောနဲ့ ဆန္ဒပြမယ်လို့တောင် သူကမထင်ခဲ့ပါ။ အကြောင်းကလဲ အားလုံးသိခဲ့တဲ့ ကိစ္စတွေပါ။ ဒါပေမယ့်ယခုကယားက ဒီမောဆိုမှာ မအလတပ်က အသေများနေတာတွေ့ရပြီး ဒေသခံ တိုင်းရင်းသားပေါင်းစုံတပ်က ၈၀% ထိန်းချုပ်ထားတာ တွေ့ရပါတယ်။ နောက် ရှားတောကိုလဲ ဒေသခံတပ်က စထိန်းချုပ်နေပါပြီ။လွိုင်ကော်ကိုတောင် ဟိုကလာလာ ပစ်ခတ်နိုင်တဲ့အဆင့် ရောက်နေပါပြီ။ တနင်္သာရီမှာ အကြီးကြီး မထိန်းချုပ်နိုင်သေးပေမယ့် ဟိုရဲစခန်းသိမ်း၊ ဒီရဲစခန်းသိမ်းလောက်တော့ စလုပ်လာနေပါပြီ။

ယခုစစ်မြေပြင်က ကျယ်ပြန့်လာနေတာ တွေ့ရပါတယ်။ ပြည်သူနိုင်လား မနိုင်လားကတော့ ပြည်သူတွေသာ အသိဆုံးပါ။ ပေးဆပ်ရတာတွေကတော့ ရှိမှာပါ။ ယခုမအလဟာ မိမိမထင်မှတ်ခဲ့သော နေရာများက အတိုက်ခံနေရတာ အားလုံးသိကြမှာပါ။ စာရေးသူတို့ ပြည်သူတွေ လုပ်သင့်တာက click to donate နှိပ်ပါ။ NUG ရဲ့ တော်လှန်ရေးမိသားစု အစီအစဉ် https://ofp.crphmyanmar.org ကနေ PDF ကို ငွေကြေးလစဉ်ထောက်ပံ့ပါ။ NUG အသိအမှတ်ပြု ဒေသခံ PDF တွေကိုလဲ NUG ရဲ့ သဘောတူချက်နဲ့ ထောက်ပံ့ပါ။ များများ NUG ကိုလှူရင် မြန်မြန်အလုပ်ဖြစ်ပါမယ်။ ထိုင်နေလို့တော့ ဘာမှဖြစ်မလာပါဘူး။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jan 06, 2022

ဦးမြတ်!!!

အမှားပြင်ဆင်ချက်ပါ။

မဲဆန္ဒနယ်တစ်ခုအတွင်းရှိ မဲရုံတစ်ရုံမှာ

လက်မှတ်ပေါင်း ၄ သောင်းကျော် ဟုပြင်ဆင်ဖြည့်စွက် ဖတ်ရှုပေးပါရန်။


Like

Myint Soe Oo
Myint Soe Oo
Jan 06, 2022

ဦးမြတ်!!! မထင်မှတ်သောအရာတွေ ဘာ့ကြောင့် ပေါ်ထွန်းလာရပါသနည်း???

**ကြောက်ခြင်း မုန်းခြင်းဖြင့် ယှဉ်သော

မနာလိုဝန်တိုမှု**ကြောင့် နွေဦးမှသည် ယခုအခြေနေတိုင်ဖြစ်ခဲ့ရပါသည်။ဣဿ

မစ္ဆရိယ ကိလေသာကြောင့်ဖြစ်သော

ဖိုဘီယား (Phobia ) ရောဂါ။ အမျိုးစားက #AUNG SAN phobia#။ သခင်အောင်ဆန်း၏ ကိုယ်ကျင့်နှင့် စိတ်ဓါတ်ကို နောက်ပေါ် ဗခတွေ ဘယ်လိုမှ ယှဉ်နိုင်စွမ်းမရှိ၍ မချစ်ခင် ပြည်သူအပြစ်မြင်အောင် သခင်အောင်ဆန်းသမိုင်းကို ဖျောက်ရာမှ စတင်ခဲ့သည်ဟု မြင်မိပါသည်။

ဆင်ဖြူတော်မျက်နှာ

ဆင်မည်းတို့ မကြည်ဝံ့ရှာပြီ။

အဖေကို မုန်းအောင်လုပ်သော်လည်း မရ၊သမီးဖြစ်သူကို အပြစ်တွေ ခ ၊ရစရာ မရှိအောင်ပြော၍ မုန်းစရာအကွက်တွေ ဖန်တီးခဲ့သော်လည်း ပြည်သူတွေက **မုန်းခိုင်းတိုင်း မမုန်းနိုင်ဘူ**း တဲ့။ အဖြေရှာတော့ **ရင်ထဲက ချစ်တာကိုး**တဲ့။

မည်မျှထိ အညှိုးကြီးသလဲ? သခင်အောင်ဆန်း ခေါ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စစ်သမိုင်းပြတိုက်ကဖယ်၊အနယ်နယ်က ရုပ်တုကိုဖြိုဖျက်၊၊

လူတို့၏ သဘာဝကို စကစ မေ့နေခဲ့ပါသည်။ မထိနဲ့ဆို ထိချင်တယ်၊ မကြည်နဲ့ဆို ကြည့်ချင်တယ်။

အထူးသဖြင့် ဂျီဇက်။ ဝိဘဇ္ဇ ဟူသော ခွဲခြမ်းစိတ်ဖြာ ထိုးထွင်မြင်တတ်သော အတတ်ပညာ။

ဘာကြောင့် မုန်းသနည်း ??????

အဖြေရှာတဲ့အခါ အဖြေလွှာပေါ်မှာ အမှန်တရားဆိုတာ ထင်းထင်းကြီးတွေ့ခဲ့ပါသည်။

အဖေ့ အရိပ် အကြောင်း ကောင်းကောင်းကြီးသိသွားသလို အဖေ့အရည်အချင်း

ပြောင်ပြောင်ဝင်းဂုဏ်ရည်တွေ သမီးဆီမှာလည်း ရှိပါလားဟူသောအမြင်ပါ တဆက်တစပ်တည်း မြင်အောင် ကြည့် နိုင်ခဲ့ကြပါသည်။

အသက် ၃၀ ဝန်းကျင်နှင့် အောက်လူငယ်အများစု သတိပြုမိသော စာစု။

ကြည်!!!

ပဲပြုတ်နဲ့ နံပြားရရင် စားချင်တယ်။

အထင်ကရ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၏ အမိန့်မဆန်၊ အာဏာသံ မနှော၊ ဇနီးမယားအပေါ် မေတ္တာသက်ဝင်သောတောင်းဆိုမှုကို ဂျီဇက်တို့ ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။

ခုခေတ် ဗခ တွေနဲ့ နှိုင်းယှဉ်လိုက်သောအခါ ဂျီဇက်တို့ ပိုမြင်သွားကြပါသည်။ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ချိန်လွန်း၍…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page