top of page
Search

မအလ ဘာလို့ရှုံးမလဲ?

Writer's picture: Myat Tun OoMyat Tun Oo

ယခုစစ်ကိုင်းဘက်က PDF တွေ အတိုက်ခံရ ရွာလုံးကျွတ်ထွက်ပြေးရတာက သူတို့လက်နက်က အိမ်လုပ်သေနတ်မိုလို့ပါ။

ဒါပေမယ့် ရန်ကုန်မှာ ဗုံးဖောက်ရင် ပစ်သတ်ခံရရင် ဘယ်တော့မှ မမိပါဘူး။ မင်းကသေချာလှချည်လားဆိုရင် သူတို့ဖြစ်နေတာကို အရှိန်လျော့အောင် မတားနိုင်တာက သက်သေပြနေတယ်ဆိုတာကို ထောက်ပြပါရစေ။ တကယ်မိသွားရင် ရပ်သွားရမှာပါ။ ရထားကိစ္စဆိုရင် VOM ကိ မိတယ်ဆိုပြီး ဂျင်းသတင်းတင်ပေမယ့် ယခု Myanmar Now က မမိဘူးဆိုတာကို အတည်ပြုခဲ့ပါပြီ။ စစ်ကားဗုံးဖောက်သူကိုလဲ မမိသလို မကွေးလေတပ်ထဲ လေယဉ်ပျက်သည်အထိ ဗုံးခွဲတာလဲ မမိသေးပါ။

ဒါဆို ဘယ်သူတွေကို မိလဲ? အများစုက PDF အစစ်ရဲ့ ၅% တောင် မမိပါ။ သူတို့ဖမ်းနေတာက ဆန္ဒပြသူတွေ၊ NLD ပါတီဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို PDF ဆိုပြီး နာမည်တပ်ဖမ်းတာပါ။ ပြီးရင် ထိုးကျိတ်ရိုက်နှက်ပြီး ဝင်ခံခိုင်းတာပါ။ CDM လိုမျိုး လက်နက်မကိုင်သူများကိုသာ မိပါတယ်။

မအလဟာ သူ့တပ်ကို အကြောက်တရားနဲ့ ထိန်းထားတယ်ဆိုတာ ခဏခဏ ရေးပြခဲ့ပြီးပါပြီ။ ဒါပေမယ့် သူ့အကြောက်တရားထက်ဆိုးတဲ့ အကြောက်တရားက မအလတပ်ထဲကို ဝင်လာနေပါပြီ။ ပထမက ရခိုင်စစ်မြေပြင်မှာပါ။ အစပိုင်းမှာ အဘကိုတင်ပြတာက နိုင်နေပြီပေါ့။ နောက်ပိုင်းသေလာ တပ်ရင်းမှူးအဖမ်းခံရသလို တပ်ထဲမှာဗုံးခွဲခံရပြီး ဗိုလ်မှူးကတော် သေချိန်မှာတော့ အကြောက်တရားဟာ တပ်ထဲမှာ တားမရအောင် ပျံ့သွားခဲ့သလို ပြည်မကတပ်တွေအထိ ရောက်ခဲ့ပါတယ်။ ဒါကိုအင်တာနက်ပိတ်ပြီး မအလက တုန့်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အရေးပါတဲ့ ဗိုလ်ကြီး ဗိုလ်မှူးအဆင့်တွေသိပြီး ရခိုင်မသွားရအောင် လိုင်းဝင်လာခဲ့ကြပါတယ်။

ယခုလဲ ကချင်၊ ရှမ်းနဲ့ ကရင်နယ်မှာ အကျအရှုံးများလို့ ပြဿနာပေါ်နေပါတယ်။ အထက်ကို တင်ပြရမှာတော့ကျွန်တော်တို့ နိုင်ပါသည်ပေါ့။ သူက လူ ၅၀ လျော့သွားလဲ အထပ်ကို ယခင်အတိုင်းစာရင်းပြစားနေတာပါ။ အာဖဂန်တပ်လိုပေါ့။ ဒါပေမယ့် အဲ့ဒီလူမရှိတဲ့ ဖွဲ့စည်းပုံပျက်နေတဲ့တပ်ကို ထပ်ပြီးရှေ့တန်းလွှတ်တော့် ထပ်သေပါတယ်။အောက်ခြေက တိုင်းမှူးတွေကလဲ ရာထူးမတက်မှာစိုးလို့ သတင်းအမှောင်ချလိမ်ပေါ့။ ယခင်က သတင်းပို့တာလိမ်လို့ ရာထူးချခံရပေမယ့် ယခုကတော့ သူလိမ်ကိုယ်လိမ်နဲ့ စာရွက်ပေါ်မှာ စစ်ပွဲတိုင်းနိုင်နေပါတယ်။ အောက်ခြေမှာက အင်တာနက်မရရင်တောင် ဘယ်တပ်ရင်းမှူးက ဘယ်မှာကျတယ်ဆိုတာသိပြီး ရှေ့တန်းထွက်ရမှာ ကြောက်လာကြပါတယ်။

စာရေးသူတို့ရဲ့ တိုင်းပြည်ဟာ ရခိုင်စစ်မြေပြင်လိုဖြစ်ဖို့ နီးလာနေပါပြီ။ လောလောဆယ်လိုနေတာက မကွေးလေတပ်စခန်းထဲလုပ်သလို များများလုပ်နိုင်ဖို့ပါ။ နည်းမျိုးစုံရှိမှာပါ။ လိုလျင်ကြံဆ နည်းလမ်းရပါ။ မနေ့ကတပ်ရင်းမှူးတွေကျတာလဲ တပ်ထဲမှာ လှုပ်ခါသွားစေပါတယ်။ အချို့ကိစ္စတွေက ကြောက်တတ်သူကို ကြောက်အောင်လုပ်နိုင်ရင်လဲ တော်လှန်ရေးနိုင်မှာပါ။ မအလဘာလို့ရှုံးမလဲဆိုတော့ သူ့အောက်ကတင်ပြတဲ့ အားလုံးနိုင်နေပါသည်ဆိုတာကို သာယာနေလို့ကို ရှုံးမှာပါ။ ဒါပါဘဲ။

(အောက်က ပုံတွေက မနေ့က ရှမ်းမြောက်မှာ ကျသွားတဲ့ ပုံတွေပါ။ ရဲဘော်တို့သင်ခန်းစာယူနိုင်ပါစေ။)

657 views1 comment

Recent Posts

See All

For Mr Marco Rubio

ဒါက Twitter/X မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ပြောထားတာပါ။ Today, the junta Min Aung Hlaing staged a coup and arrested our elected...

အရပ်သားသာအဓိက

အမေရိကန်မှာ ရာထူးက အနားယူပြီးသား ဗိုလ်ချုပ်ကြီးတောင် ရွေးကောက်ပွဲမှာ ဝင်ရှုတ်လို့ ထရမ့်တက်တော့ သူ့ကိုပေးထားတဲ့ လုံခြုရေးတွေ...

1 Comment


Myint Soe Oo
Myint Soe Oo
Aug 29, 2021

ဦးမြတ်!! မုသာဆို ရယ်ဖွယ်မျှပင် မပြောနဲ့။ အကောင်းဆုံးသော အဆုံးအမကို မျက်ကွယ်ပြု မကျင့်သုံးခြင်းက ကျရှုံးခြင်းဖက်သို့ ဦးတည်စေခဲ့ပါပြီ။

လိမ်ညာမှုသည် တသမတ် ၊ အရိုးစွဲခဲ့ကြတာကိုး။ အဘ မမုန်း ၊အဘရဲ့ အပြုံး ခံယူဖို့ ဝိုင်း လိမ်လိုက်ကြတာ။ ဆောင်းပါးပါ အချက်များက သိသာပါပြီ။

လိမ် ညာခြင်းသည် မဖြူစင်ပါ။ အညစ်အကြေး အညစ်အထေးများသာဖြစ်ပါသည်။ အဘယ်ကြောင့်နည်း?

အမေ! ဒီလ သားကို ငွေ ပိုပြီး ပို့ပေးပါဦး။ လက်တွေ့ခန်းထဲမှာ လော်ဂရစ်သမ်ကြီး ကျ ကွဲသွားတာ လျော်ရမှာမို့ပါ။

မတော်မသင့်သော အတွေး အကြံများနှင့် အစပြုရပါတော့သည်။ ဉာဏ်နီ ဉာဏ်နက် ဉာဏ်ပြာတာတာ အရောင်စုံလာတော့ ပင်မအဖြူ ပျောက်ကွယ်ရပါသည်။

ခုလည်း ဉာဏ်နီ ဉာဏ်နက်တွေနဲ့ သမရိုးကျလာတော့ ဖြူစင်ခြင်းကို ရှာမတွေ့နိုင်တော့၍ စကစသတင်းမှန်သမျှ လူမှုကွန်ယက် ၊ သတင်းမှန် စီးဆင်းမှုမှာ မရှိတော့ပါ။ မရပ်တည်နိုင်တော့ပါ။ ကမ္ဘာကျော် CNN သတင်းမှန် ဌာနကပင် ယုံကြည်မှု မရှိတော့ပေါ့။ လိမ်ညာခြင်း၏ ဆိုးကျိုးပါ။

သတင်းမီဒီယာတွေ စကစ ဖက်က မရပ်တည်ကြကြောင်း ဖော်ထုတ်ပြောလာရသည်ထိ နိမ့်ကျသွားခဲ့ပါပြီ။

ညီညွတ်စုစည်းသော အဖွဲ့အစည်းမှန်သမျှ(အလိမ်အညာ ကင်းစင်သော)ယုံကြည်ချက်ပေါ် တည်ဆောက်မှသာ အောင်မြင်ရိုး ဓမ္မတာပါ။

မြစ်များ ဖြောင်းဖြူးစွာ စီးဆင်းပါက သာယာလှပါသည်။

ကွေ့ ကောက် ဝေ့ ဝိုက်လာလျှင်

~ကမ်းတဖက်ကို သဲဖို့ သောင်ထွန်းစေပြီး

~အခြားကမ်းတဖက်ကတော့ ရေစီးတိုက်စားခံရကာ ကမ်း ပြို ရပါတော့သည်။

ကာလကြာသော် မြစ်အဖြစ် အသုံးမဝင်တော့ပဲ ရေသေသာ ရှိသော မြစ်ကျိုးအင်း ဘဝ ရောက်ရှိ အဆုံးသတ်ရပါ​ေတာ့သည်။

ကောက် ကွေ့ တွန့် လိမ်

ညစ်ထေး မှိန်က

မရှုမလှ နိဂုံး

အဆုံးသတ်ရာ ဓမ္မတာတည်း။ ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page