top of page
Search

မအလ ဘာတွေပြင်နေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 19, 2021
  • 1 min read

မအလဟာ အာဏာသိမ်းအပြီးမှာ ဆန္ဒပြပွဲတွေ မတွေ့ခဲ့ရလို့ အစပိုင်းမှာ ဝန်ကြီးချုပ်တွေကိုအကျယ်ချုပ်ပြောင်းမလိုလုပ်ခဲ့ပါတယ်။ အချို့ကို လွှတ်ပေးခဲ့ပါတယ်။ နောက်ပိုင်း ဘထိန်ရဲ့ပြောစကား၊ ကိုမင်းကိုနိုင်ရဲ့ ဦးဆောင်မှုနဲ့ အခြား Gen Z ကြောင့် ပြည်သူတွေ လမ်းပေါ်ထွက်လာခဲ့သလို မထင်မှတ်ထားတဲ့ CDM နဲ့တွေ့လာခဲ့ရပါတယ်။

ဒါ့ကြောင့် ယခုမှ အာဏာသိမ်းတာနဲ့ ပိုတူလာပြီး နယ်ကတပ်တွေ ရန်ကုန်ထဲသွင်းတာ ကချင်မှာဆိုနယ်စပ်ကတပ်တွေ ပြန်ခေါ်ပြီး မြစ်ကြီးနားမှာ နှိမ်နင်းဖို့တွေ စလာနေပါတယ်။ ဒါဆို ဘာလို့ မနှိမ်နင်းသေးတာလဲ?

ယခုဆန္ဒပြတာတွေက ခေါင်းဆောင်မဲ့ပါ။ ဒါပေမယ့် သူတို့က ဆန္ဒပြပွဲရဲ့ ထောက်ပို့စနစ်ကို လေ့လာနေပါတယ်။ နောက်သူတို့ထင်တဲ့ ခေါင်းဆောင်တွေကို ညပိုင်းလိုက်ဆွဲနိုင်အောင် ပြင်ဆင်နေပါတယ်။ယခင်က ရဲကားတစ်စီးလောက်နဲ့ ဝင်ဖမ်းနိုင်ပေမယ့် ယခုပြည်သူတွေက ပြန်ဝိုင်းလို့ သာလွန်အင်အားသုံးရပါတယ်။ ယခင်က ဆယ်အိမ်ဝင်စီးရင် ယခု တစ်အိမ်သာ စီးလို့ရပါတော့တယ်။ လောလောဆယ်က အင်တာနက်ကို နေ့ပိုင်းမှာ ဘဏ်တွေမထိဘဲ ဖြတ်လို့မရသေးလို့ အဲ့ဒီနည်းပညာ မပြီးမချင်းတော့ရန်ကုန်ကို လွှတ်ထားရမှာပါ။ ယခုက မြစ်ကြီးနား၊ မန္တလေးနဲ့ နေပြည်တော်ကို ဦးတည်ဖြိုခွင်းနေပုံပါ။

ဒီနေရာမှာ CDM ကိုဖြိုခွဲဖို့က မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲမှူးတို့က စရဖနဲ့ပေါင်းပြီး အဓိက စာရင်းလုပ်နေတာပါ။ ဒါ့ကြောင့် ဒီရဲစခန်းတွေကို ဘာလုပ်ရမလဲ ဆန္ဒပြသူတွေအနေနဲ့ စဉ်းစားရပါမယ်။ သူကလိုက်ဆွဲနေပါတယ်။ လောလောဆယ် ဝန်ထမ်းတွေ အိမ်မှာမနေဘဲ ရှောင်နေတာ အကောင်းဆုံးပါ။

ဆန္ဒပြသူတွေကို နှိမ်နင်းဖို့က စွမ်းအားရှင်တွေ သင်တန်းအပြီး၊ ရဲယူနီဖောင်းသစ်တွေ စစ်တပ်အတွကိအလုံအလောက်ရရင် ဖြိုခွဲတာ စမှာပါ။ ဒီနေရာမှာ လူထုရဲ့ လူအင်အားက အဓိကပါ။ နောက်ပြီး ဆန္ဒပြခေါင်းဆောင်တွေအနေနဲ့က စွမ်းအားရှင်က လာရိုက်ရင် ပြန်ချမလား အရိုက်ခံမလားဆိုတာလဲ မိမိလူများနဲ့ စဉ်းစားထားသင့်ပါတယ်။ ရန်သူဟာ လူအင်အားကို ကြောက်ပါတယ်။ ဒါပေမယ့် ဒီလူအင်အားကိုသုံးပြီး မိမိတို့ဘာလုပ်မလဲဆိုတာတော့ အရှည်အတွက် စဉ်းစားထားကြပါ။ တိုက်စစ်အနေနဲ့ပေါ့။ ၁၃၀၀ ပြည့်အရေးတော်ပုံကတော့ ရန်ကုန်ကို ချီတက်လာကြတာပါ။ အိန္ဒိယမှာလယ်သမားတွေက မြို့တော်ဒေလီကို ချီတက်ပါတယ်။

ရန်ကုန်မှာ လုံခြုံရေးတပ်အများစုဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ရန်ကုန်အစိုးရရုံးလွှတ်တော်နေရာတွေက အဓိကထွက်နေပါတယ်။ ရန်သူရဲ့ ထိန်းချုပ်ကွပ်ကဲရာနေရာကို ဘာလုပ်နိုင်မလဲ စဉ်းစားကြရပါမယ်။ စဉ်းစားစရာတွေပါ။

 
 
 

1 Comment


Albert Wint
Albert Wint
Feb 19, 2021

MTOခင်ဗျား ဒီထက်ကောင်းတဲ့နည်းဗျူဟာများချပေးစေလိုပါသည်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page