top of page
Search

မအလ ပြင်ဦးလွင်မှာ ဒုံးနဲ့ တိုးခဲ့လား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 17, 2024
  • 1 min read


ဒီကိစ္စကို ရေးသင့် မသင့်စဉ်းစားနေတာပါ။ သူ့အကြောင်းကို အထောက်အထားအများကြီးနဲ့ရေးရင်လဲ ကိုယ့်အကြောင်းပေါ်သွားနိုင်လို့ပါ။ ဒီနေရာမှာ အကြမ်းဖျဉ်းသာရေးပါ့မယ်။

မအလကို မုန့်ဟင်းခါးကျွေးဖို့ ကြိုးစားနေသူများထဲမှာ PDF၊ ဖွတ်အမာခံနဲ့ တရုတ်ထောက်လှမ်းရေးတောင် ပါနိုင်ပါတယ်။ သူ့ကို မုန့်ဟင်းခါးကျွေးဖို့ အကောင်းဆုံးအချိန်ဟာ တပ်မတော်နေ့ မတ်လ ၂၇ ရက်ဆိုတာ လူတိုင်းသိမှာပါ။ မအလကလဲ ဒါကိုသိပါတယ်။ ဒါကြောင့် သူက ရုရှားဒုဝန်ကြီးကို တပ်မတော်နေ့တိုင်း နေပြည်တော်ကို ခေါ်လေ့ရှိပါတယ်။ ခေါ်ရတဲ့အကြောင်းက ထိုလူလာရင် သူကသူ့ကာကွယ်ရေးအတွက် လုံခြုံရေးခေါ်လာလို့ပါ။ အထူးသဖြင့် လေကြောင်းရန်အတွက်ပေါ့။ နောက်ရုရှားက သူ့ကို လုံခြုံရေးအကြံပေးလို့ သူကပိုပြီး လုံခြုံတယ်လို့ ခံစားရလို့လဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မအလကို မတ်လ ၂၇ ရက်မှာ ဘယ်သူမှ မုန့်ဟင်းခါးမကျွေးနိုင်ခဲ့ပါ။ ဒါပေမယ့် ထိုမတ်လအပြီးမှာ ဒရုံးတွေနဲ့ နေပြည်တော်ကို တိုက်ခိုက်ပြီး စစ်မျက်နှာသစ်ကို ဖွင့်လစ်နိုင်ခဲ့ပါတယ်။ ဒီအရာက ဘာကိုပြသလဲဆိုတော့ ၂၀၂၄ မတ်လ ၂၇ မှာ NUG PDF က နည်းပညာ အဆင်သင့်မဖြစ်သေးလို့သာ ဒရုံးမလွတ်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ ယခုကတော့ သူတို့မှာ နည်းပညာအဆင်သင့်ဖြစ်သွားပါပြီ။ ငွေကတော့ ဒရုံးများများဆောက်ဖို့ ငွေလိုပါတယ်။ ငွေများမှ ဒရုံးများမှာပါ။ ဒရုံးများမှ မအလကို မုန့်ဟင်းခါးကျွေးနိုင်မှာပါ။

မတ်လကစလို့ ပြန်လေ့လာကြည့်ရင် မအလဟာ မုန့်ဟင်းခါးအကျွေးခံရဖို့ နီးစပ်လာတာတွေ့ နေရပါတယ်။ မအလဟာ ရှမ်းဘုန်းကြီးပွဲကို သွားစဉ်မှာလဲ လွတ်သွားခဲ့ပါတယ်။ ဒါကြောင့် အတင့်ရဲလာတဲ့ မအလဟာ မေမြို့ကိုသွားဖို့ ပြင်ခဲ့သလို သတင်းကလဲ ပေါက်ကြားခဲ့ပါတယ်။ သူသွားရင်ပြင်ဆင်ရလို့ သတင်းကပေါက်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ NUG ရဲ့ မန္တလေး PDF က ဘာဆက်လုပ်နိုင်မလဲဆိုတဲ့မေးခွန်းက လူအများကို စိတ်ဝင်စားစေမှာပါ။ မအလဟာ သူလာရင် လုံခြုံရေးယူခိုင်းလို့ လုံခြုံရေးက ၁၀ မိုင်ပတ်လည်အထိ ပုံမှန်ဆို ယူပေးရပါတယ်။ မေမြို့မှာလဲ ယူဖို့ကြိုးစားခဲ့ပါတယ်။ ယခင်က ပြဿနာမရှိပေမယ့် ယခုလို တပ်အင်အားမရှိချိန် လုံခြုံရေးယူခိုင်းရင် ဘာမှမပြောလဲ မအလလာမယ်ဆိုတာ လူတိုင်းသိမှာပါ။ မအလဟာ သူလာမယ်ပြောတဲ့အတိုင်း မေမြို့ကိုလာခဲ့ပြီး သူနဲ့အတူ ကိုကိုဦးတို့ကိုလဲ ခေါ်လာခဲ့သလို အခြားအဆင့် တစ်ဖွဲ့လုံးကိုလဲ ခေါ်လာခဲ့ပါတယ်။ ပုံမှန်မှာ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူးကို ထားခဲ့ပေမယ့် ယခုအခေါက်မှာက အာဏာသိမ်းမှာစိုးလို့ ခေါ်လာခဲ့ပါတယ်။ နေပြည်တော်မှာက သူ့လူယုံ ကျော်စွာလင်းကိုသာ ထားခဲ့ပါတယ်။

အဆိုပါဒုံးပစ်တဲ့ညက မအလဟာ မေမြို့မှာ ရှိနေခဲ့ပါတယ်။ သူတည်းခိုအဆောင်နားမှာက နဂိုထဲက ဗုံးခိုကျင်းတူးထားခဲ့ပါတယ်။ မအလဟာ ရေကိုတောင် ဘယ်သွားသွား နေပြည်တော်က ယူသွားတဲ့ရေကိုသာ သောက်တာပါ။ သူ့ကို လုပ်ကြံခံရနိုင်တယ်ဆိုပြီး ဗေဒင်ကဟောထားလို့ပါ။ အဆိုပါနေ့က PDF က ဒုံးနဲ့ပစ်ချိန်မှာ မအလနဲ့ သူ့မိန်းမက ဗုံးခိုကျင်းထဲမှာ ဝင်ခိုနေခဲ့ရပါတယ်။ ဒါဟာ အာဏာသိမ်းအပြီး မအလအနေနဲ့ မုံရွာ နမခမှာ ကျင်းခိုအပြီး နဖူးတွေ့ ဒူးတွေ့ ဗုံးခိုကျင်းထဲဝင်ခဲ့ရတာ တတိယမြောက်ပါ။ ဒုတိယအကြိမ်က သူ့အိမ်ကို ဒရုံးပစ်ချိန်မှာလဲ မအလဟာ သူ့အိမ် မြေအောက်ခန်းထဲမှာ ပုန်းနေခဲ့ပါတယ်။ တပ်ချုပ်အိမ်က ဘရွှေဆောက်ကထဲက စစ်ဖြစ်ရင် အမေရိကန်ဗုံးကျဲရင် ခံနိုင်အောင် မြေအောက်ခန်းထည့်ဆောက်ခဲ့ပါတယ်။ ထိုအထဲမှာ သူအာဏာသိမ်းအပြီး ခဏနေခဲ့ပါတယ်။ ဒီမေမြို့ဒရုံးက ဘာကိုပြသလဲဆိုတော့ PDF ဟာ မအလကို မုန့်ဟင်းခါးကျွေးနိုင်ဖို့ နီးစပ်လာတာကိုပြသလို မအလ၏ နောက်ဆုံးနေ့များကလဲ နီးစပ်လာတာကိုပြတာပါ။ ဒီဒုံးကြောင့် မအလဟာ သူသေမင်းနဲ့ နီးစပ်လာပြီဆိုတာကို သိသွားခဲ့ရပါပြီ။ သူဟာ ဆန္ဒပြသူတွေကို ပစ်တုန်းက ဆန္ဒပြသူတွေ သေနတ်ကြောက်လို့ ပုန်းသလိုမျိုး ပုန်းနေခဲ့ရတာပါ။

ယခုလောလောဆယ် နေပြည်တော်မှာကလဲ လူဖမ်းပွဲတွေရှိနေပါတယ်။ အာဏာသိမ်းရန်ကြိုးစားမှုပါ။ ဘရွှေအထိ ပါ မပါ၊ နေဝင်းလို ပြန်ဝဋ်လည်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ ဒါကြောင့် မဲလုံးက သူရှိတဲ့နေရာကို အတိအကျမပြောဘဲ ရူးချင်ယောင်ဆောင်နေတာပါ။

အကျဉ်းချုပ်ရရင်တော့ မအလဟာ သူ့အတွင်းလူကြောင့်ဖြစ်ဖြစ် PDF ကြောင့်ဖြစ်ဖြစ် သေမင်းနဲ့ နီးလာနေတာကို တွေ့နေရပါပြီလို့ ပြောပါရစေ။ ပြည်သူက ဒရုံးများအောင် ဒုံးများအောင် NUG PDF ကိုသာ များများ နှစ်သစ်မှာ လှူပေးပါ။ ငွေရှိမှ ဒရုံးတွေ၊ ဒုံးတွေရမှာပါ။ လေနဲ့မရပါ။ လောလောဆယ် NUG PDF လှူဖို့သာ အာရုံထားပြီး ဒီမိုရမှ ကျန်တာဆက်လှူပေးပါ။ နှစ်သစ်မှာ မအလကို မုန့်ဟင်းခါးများများ ကျွေးနိုင်ပါစေ။

 
 
 

1 Comment


Scarlet Scarlet
Scarlet Scarlet
Apr 17, 2024

ပြင်ဦးလွင်မှာ...

မအလ ထိသွားတယ်လို့...

ထင်မိပါတယ်...

ဆရာမြတ်​ရေ...

သင်္ကြန် ကြူ​ခေါ တ​ယောက်ဘဲ

လာတာကြည့်ရတာ ​တော့...

ဖြစ်နိုင်​ချေ ရှိတယ်..

ထင်ပါတယ်...

မဟုတ်ရင် ပွဲကြိုက်​မောင်က...

ဒီပွဲမျိုး အလွတ်မခံ​လောက်ဘူး...

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page