top of page
Search

မအလ၏ ဒုတိယထွက်ပေါက်

Writer: Myat Tun OoMyat Tun Oo

မအလရဲ့ ပထမထွက်ပေါက်က ရွေးကောက်ပွဲလုပ်၊ ဗိုလ်မအလကနေ ဦးမအလကို အာဏာလွှဲဖို့ပါ။ ရွေးကောက်ပွဲလုပ်ဖို့ အဆင်ပြေဖို့ တရုတ်က ရှမ်းမှာ အပစ်ရပ်ဖို့ ကြိုးစားပေးမှာဖြစ်ပါတယ်။ ဒီဟာက စစ်တပ်က မျှော်မှန်းထားတဲ့ ထွက်ပေါက်ပါ။ မဖြစ်လာရင် ဘာဖြစ်မလဲ? စစ်တပ်ဟာ တိုက်ပွဲမှာ စခန်းချရင်တောင် ဆုတ်လမ်းကို ရှာထားရပါတယ်။ ဒါကြောင့် မအလရဲ့ Plan B ဒုတိယထွက်ပေါက်က ဘာလဲဆိုတာ တပ်မဟာဗျူဟာ စာတမ်းကိုမူတည်လေ့လာကြည့်ရအောင်။

ယခုတော်လှန်ရေးမှာ မအလက အဖွဲ့သုံးမျိုးကိုတွက်ပါတယ်။ ပထမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပါ။ သူတို့တွေဟာ အကန့်အသတ်နဲ့ လွတ်လပ်ရေးပေးရင် ညှိယူလို့ရမယ်လို့ မအလတပ်ထဲက အစီရင်ခံစာတွေက တွက်ထားပါတယ်။ ဒုတိယအုပ်စုက NLD ကိုဆန့်ကျင်တဲ့အဖွဲ့တွေပါ(တပ်နဲ့ NLD ဆိုရင် NLD ကိုအရင်တိုက်မယ်ဆိုတဲ့အဖွဲ့(သို့) တတိယအင်အားစုပါ။ သူတို့ဟာလဲ NLD ရှိချိန်ကလဲ အော်ပြီး မအလတက်ချိန်မှာလဲ အော်တယ်ဆိုတာကို စရဖထောက်လှမ်းရေးသတင်းတွေအရ သိရပါတယ်။ သူတို့ဟာ အနောက်မှာ သတင်းရေးတာ၊ အင်တာဗျူးတာ၊ကန်ပိန်းလုပ်တာတွေ အားကောင်းပေမယ့် တော်လှန်ရေးမှာ မအလကို တကယ်ထိထိရောက်ရောက် တိုက်နေတာ မတွေ့ရပါ။ ဒါကြောင့် ဒီအဖွဲ့များကိုလဲ မအလက အာဏာယူချိန်မှာ သူတို့လိုချင်တာတွေကို အကြံပေးရာထူး၊ ဘာညာရာထူးတွေနဲ့ စည်းရုံးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒီအဖွဲ့ဟာ မအလကို ဆန့်ကျင်ပေမယ့် NLD ကိုလဲ မကြိုက်လို့ ဘုံရန်သူ NLD တူလို့ မိတ်ဆွေသဘောမျိုး အားထားနိုင်ပါတယ်။

တပ်ထဲက ပြဿနာက NUG ပါ။ NUG ဟာ ယခုအချိန်မှာ ငွေရှာအားကောင်းပြီး NUG ကို ထောက်ခံသူ ထောက်ပံ့သူများမှာ အမေစုအမာခံဟာ ၇၅% လို့ စရဖထောက်လှမ်းရေးရဲ့ သုံးသပ်တဲ့ အစီရင်ခံစာမှာ ရေးထားပါတယ်။NUG ဟာ အခြားတိုင်းရင်းသားနယ်မှာ NUCC ဆိုပြီး အဖွဲ့များဖွဲ့ထားလို့ NUG ဩဇာဟာ အဆိုပါဒေသတွေမှာ အကန့်အသတ်ရှိပါတယ်။ NUG ဩဇာဟာ အဆိုပါဓေသတွေမှာ မရှိပါ။ အဆိုပါဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ညှိနိုင်ရင် NUG အောက်က ခွဲထုတ်နိုင်မယ်လို့ သုံးသပ်ထားပါတယ်။


ဒါဆိုရင် NUG က ဘယ်နေရာတွေမှာ ဩဇာရှိလဲ? စရဖသတင်းပို့မှုတွေအရ NUG ဟာ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊တနင်္သာရီ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တေလေး၊ ဧရာဝတီတို့မှာ NLD အမတ်တွေကတဆင့် ဖွဲ့ထားတဲ့ ပအဖ အဖွဲ့တွေကတဆင့် ဩဇာအတန်အသင့်ရှိတယ်လို့ သုံးသပ်ထားပါတယ်။ သူတို့ကို ထိန်းချုပ်တာက NUG က ကိုလွင်ကိုလတ်ပါ။ ဒါဆိုရင် အဆိုပါဒေသက ဗမာတွေကို NUG/NLD အောက်က ဘယ်လို ခွဲထုတ်မလဲ? စရဖရဲ့ သုံးသပ်ချက်အရ NUG ကိုမလိုလားတဲ့ NLD ကိုဆန့်ကျင်တဲ့ တတိယအင်အားစုကို နိုင်ငံရေးအရ ပွဲထုတ်ပြီး တိုင်းရင်းသားဒေသတွေမှာလို NUG ကို ဩဇာမခံတဲ့ NUCC စစ်ကိုင်း၊ မကွေး၊ နေပြည်တော်၊ မန္တလေးတွေကို ဖိုရမ်တွေကနေတဆင့် ထောင်ပြီး NUG ဩဇာအောက်က ခွဲထုတ်ဖို့ပါ။ ထိုကဲ့သို့လုပ်ချင်းအားဖြင့် NUG ဟာ အားနည်းလာမှာဖြစ်ပြီးငြိမ်းချမ်းရေးဆွေးနွေးရာမှာလဲ NUG/NLD ကို မုန်းတဲ့ ရွေးကောက်ပွဲမှာ မဲမရခဲ့တဲ့ နိုင်ငံရေးသမားတွေနဲ့ ဆွေးနွေးရတာက ပိုအဆင်ပြေမယ်လို့ အစီရင်ခံစာတွေက သုံးသပ်ထားပါတယ်။

စစ်ကိုင်းထဲမှာ AA ထံက တိုက်ရိုက်ထောက်ပံ့ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေရှိပြီး AA ကတဆင့် မွေးဖွားပေးထားတဲ့ BPLA ကလဲ ဗမာတပ်မတော်ဆိုပြီး ထောင်ခဲ့ပေမယ့် လူထုထောက်ခံမှု သိပ်မရသေးဘူးလို့ စရဖအစီရင်ခံစာမှာသုံးသပ်ထားပါတယ်။ BPLA တည်ထောင်သူ မောင်ဆောင်းခဟာ ဒီမိုနောက်ခံနဲ့ တက်လာခဲ့ပေမယ့် မကြာခင်ကတရုတ်နယ်စပ်ကိုသွားပြီး ဝထံက လက်နက်ရအောင် ကြိုးစားခဲ့တယ်လို့ စရဖအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။အဆိုပါလက်နက်တွေဟာ စစ်ကိုင်းက BPLA ဩဇာခံအဖွဲ့တွေထံ ရောက်သွားခဲ့ရင် BPLA က ဩဇာကြီးလာနိုင်ပြီးတရုတ်က ထိန်းချုပ်လာနိုင်ဖွယ်ရှိတယ်လို့လဲ သုံးသပ်ထားပါတယ်။ စစ်ကိုင်းမှာ NLD/NUG ဆန့်ကျင်ရေးအဖွဲ့တွေအားကောင်းလာရင် NUG အားကောင်းတာထက် တွေ့ဆုံဆွေးနွေးဖို့ လွယ်ကူမယ်လို့လဲ သုံးသပ်ထားပါတယ်။ AA ဟာ ယောတပ်ကို NUG က ခွဲထွက်အောင်ထောင်ထားပြီး YDF က AA ဩဇာခံလို့ AA နဲ့ ပြေလည်ရင် ထိန်းချုပ်ရလွယ်မယ်လို့ သုံးသပ်ထားပါတယ်။  PRA, DPRA တို့ဟာလဲ AA ကတဆင့် လက်နက်ရတယ်လို့ သုံးသပ်ထားပါတယ်။ သူတို့ဟာလဲ NUG အောက်မဟုတ်ပါ။ ထို့အတူ ဗိုလ်နဂါးဟာလဲ NUG အောက်မဟုတ်ဘဲ NLD အမတ်မုန်းသူဖြစ်ပြီး MNDAA ကတဆင့် လက်နက်ရလို့ သူအင်အားကြီးလာရင် ရေရှည်မှာ NUG/NLD ထက်ညှိရလွယ်မယ်လို့ သုံးသပ်ထားပါတယ်။

စရဖအစီရင်ခံစာတွေအရ အဆိုပါအဖွဲ့များထံကရရှိတဲ့ NUG လက်အောက်ခံ ပအဖတည်နေရာ ဖွတ်သတင်းပေးထံကရတဲ့ ပအဖတည်နေရာများကို ဦးတည်တိုက်ဖို့လဲ ဆုံးဖြတ်ထားပါတယ်။ NUG လက်အောက်ခံ ပအဖအဖွဲ့များအတိုက်ခံရလို့ အားနည်းချိန်မှာ အဆိုပါအဖွဲ့များက NUCC ထောင်ရင် NUG ဟာ ဗမာနေရာပါ ခြေကုတ်မဲ့သွားမှာဖြစ်လို့ အပစ်ရပ်ရရင်တောင် အဆိုပါဒေသတွေဟာ NUG/NLD အောက်မှာမဟုတ်ဘဲ NLD ဆန့်ကျင်တဲ့ တတိယအင်အားစုများပိုင်တဲ့ NUCC အောက်မှာဖြစ်လို့ အဆင်ပိုပြေမယ်လို့ တွက်ထားပါတယ်။

ဒီဒုတိယထွက်ပေါက်မှာလဲ တရုတ်ပါမှာဖြစ်ပြီး နောက်မှ အသေးစိတ်ရေးပြပါ့မယ်။

ပြည်သူအနေနဲ့ စဉ်းစားရမှာက တော်လှန်ရေးမှာ ဒီမိုကိစ္စမှာ ရှေ့ဆုံးကရပ်ခဲ့တဲ့ NUG ကို အားပေးမလား ဇရပ်ပျက်တွေလို ဖိုရမ်တွေနဲ့ NUCC အဖြစ်ခံပြီး မိမိအစိုးရ NUG ကို ကျောခိုင်းမှာလားဆိုတာပါ။ ဒါကိုပြည်သူကသာဆုံးဖြတ်ရမှာပါ။ စာရေးသူကတော့ NUG မှတစ်ပါး အခြားမရှိလို့သာ ပြောပါရစေ။


(ယခုရေးသားမှုဟာ စစ်တပ်အတွင်းက ထောက်လှမ်းရေး အချက်အလက်များအပေါ်ကိုသာ ရေးသားမှာဖြစ်လို့ ဒီမိုတွေအားလုံး မိမိသဘောထားအနေနဲ့မဖတ်ဘဲ ရေးထားတာဟာ မှန်လားဆိုသောအချက်ပေါ်မူတည်ပြီး ဖတ်ပါရန်။)


 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

1 Comment


Scarlet Scarlet
Scarlet Scarlet
Jun 09, 2023

ကိုယ်​တွေက, ​တော့...

အရပ်သား ပြည်သူမို့...

ဆရာမြတ်​ပြောသ​လောက်

ထဲထဲ ဝင်ဝင် မသိပါ...

သိတာက... NUG တခုထဲပါ...

ပြည်သူ အများစုလဲ...

NUG ဘဲဖြစ်မယ် ထင်ပါတယ်...

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page