top of page
Search

မအလအောက်မှာ အမှုထမ်းသူများသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 1, 2021
  • 1 min read

မနေ့က ကမ္ဘာ့သတင်းတွေထဲမှာ ရေပန်းစားတဲ့သတင်းက အသက် ၉၆ နှစ်အရွယ်အဖွားကြီးကို နာဇီလက်အောက်မှာ အလုပ်လုပ်ခဲ့လို့ တရားစွဲဖို့ဖမ်းတာပါ။ နာဇီတွေဟာ သူတို့ရောက်တဲ့နေရာမှာ ဂျူးလူမျိုးတွေကိုသတ်တာ၊ ပစ္စည်းသိမ်းတာ၊ အိမ်မီးရှို့တာတွေ လုပ်လေ့ရှိပါတယ်။ နှိပ်စက်တာလဲ လုပ်ပါတယ်။ ဖက်ဆစ်ဂျပန်ကတော့ မုဒိမ်းကျင့်တာလဲ လုပ်တယ်လို့ အချို့သမိုင်းစာအုပ်မှာတွေ့ပါတယ်။ မအလရဲ့ လက်ရှိတပ်မတော်နဲ့ တူပါတယ်။ မတူတာက သူက သူ့လူမျိုးကိုမလုပ်ဘဲ မအလက သူ့လူမျိုးဗမာ ဗုဒ္ဓဘာသာကိုပါ လုပ်နေတာပါ။

အဆိုပါအမျိုးသမီးက နာဇီရဲ့စခန်းမှာ ဂျာမန်စစ်တပ်ဗိုလ်ရဲ့အတွင်းရေးမှူးပါ။ လက်နှိပ်စက်စာရေးမပေါ့။ သူက ပိုလန်မှာ စစ်အတွင်းက သွားအလုပ်လုပ်တာပါ။ သူကိုယ်တိုင် လူမသတ်ခဲ့ပါ။ သူက အုပ်ကြီးရုံးစာရေးအဆင့် မီတာခကောက်သူအဆင့် မအလအတွက် အခွန်ကောက်သူအဆင့်သာပါ။ သူမက အဖမ်းမခံရဘဲ လွတ်နေတာ အသက်က ၉၆ နှစ်တောင်ရှိနေပါပြီ။ သူတို့နိုင်ငံခြားမှာတော့ သွေးမအေးဘဲ အဆိုပါမိန်းမကြီးကို လူအိုရုံကနေ ပြန်ဖမ်းလာပြီးတော့ တရားခွင်ကို ပို့ခဲ့ပါတယ်။ သူမထွက်ပြေးတော့လဲ လိုက်ဖမ်းပြီး တရားရုံးကိူပို့ပါတယ်။ သူတို့မှာ ခွင့်လွှတ်တာမရှိဘဲ တာဝန်ယူမှုတာဝန်ခံမှု ရှိစေခြင်းဖြင့် အဆိုပါပြစ်မှုမျိုးကို နောက်ထပ်မကျူးလွန်အောင် ကာကွယ်တာပါ။

ယခုမအလအောက်မှာ အမှုထမ်းပြီး ပြစ်မှုကျူးလွန်သူတွေလဲ နောင်အချိန်မှာ အမိန့်အရပါတို့ရင်ကြားစေ့ရေးတို့ရမှာမဟုတ်ပါလို့ ကြိုပြောထားပါရစေ။ ယခုအချိန်ပြည်သူနဲ့ပူးပေါင်းပါ။ မပေါင်းသေးရင်လဲ အရေးကြီးတဲ့ အတွင်းသတင်းတွေကို NUG ထံပို့ပြီး NUG အတွက်ထောက်လှမ်းရေးလုပ်ပေးပါ။ စိတ်ထဲက NUG ဆိုရုံလောက်နဲ့တော့ ပြစ်ဒဏ်က မလွတ်နိုင်ပါလို့ ကြိုပြောထားပါရစေ။

News Sources: BBC

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 02, 2021

ဦမြတ်!!! နှမ်းခါး​ကျေးရွာ သုံးကြိမ်တိုင်တိုင် မီးရိှု့ ခံရသည်ဆိုကတည်းက

●~အမြင်ဆိုးတဲ့ ညာဥ်ဆိုး​တွေ ပူးကပ်ပြီး

စိတ်​ရောကိုယ်ပါ နှစ်၍ လုပ်​ဆောင်သည်မှာ ငြင်း မရပါ။ အနီ အစွဲနဲ့ ရမ်းကား​နေသမျှ ကာလာအကုန် ကာလာစုံ​သော ​တော်လှန်​ရေးသည် ပိုပြင်းထန်လာပါြပီ။

၈၀%​ကျော် ကြည်လို့ နီလာရ​​သော အနီသည် ယခုအခါ ရာနှုန်းမပြည့်​တောင်

ပြည့်လုနီးပါး ြဖစ်လာတာ​​ကြောင့် ​ရွေး​ကောက်ပွဲသံ ညံလာပါသည်။သို့​ကြောင့်လည်း အခက်အပွင့် နှင့်တကွ အလို​တောရိများ အုပ်ကြီး ဒလန်များဖြုတ်ရာဝယ်

ကွမ်းယာသည် ဆိုက္ကားသမားပါမချန်(ကွမ်းယာသည် ဆိုက'္ကားဆရာ တက္ကဆီ ဒရိုင်ဘာတို့ ဒလန်(သို့) အလို​တော်ရိ အဆက်အသွယ်များဖြစ်​နေ၍)

သုတ်သင်​နေကြပါသည်။

​တော်လှန်​ရေးဘက်က​တော့ သူတို့​အောင်မြင်မှု မရမချင်း အ​နှောက်အယှက်မှန်သမျှ သုတ်သင်မည်ဟူ​သော ခံယူချက် အဖွဲ့တိုင်း အဖွဲ့တိုင်း ထားရိှြပီမို့

​နောက်​နောင်မှ ​နှောင်း ​နောင်တ မရ​စေလိုပါ။ ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page