top of page
Search

မအလအားကျပ်နိုင်သည့် အမေရိကန်နှင့်တရုတ်

Writer: Myat Tun Oo
Myat Tun Oo
Sep 25, 2021
1 min read

ယခုရက်ပိုင်းအတွင်းမှာ အမေရိကန်နှင့်တရုတ် အဆင်ပြေလာတာရှိပါတယ်။ ဒါ့ကြောင့်လဲ မအလကိုပိုကျပ်လာပါမယ်။ ပထမတရုတ်ရဲ့ ယူဆစိုးရိမ်ချက်က အမေရိကန်က ဒီမိုတွေကို မြှောက်ပေးပြီးဩဇာလွှမ်းမိုးမှာကိုပါ။ ဒါပေမယ့် အမေရိကန်နဲ့ အင်္ဂလိပ်က လက်နက်ကိုင်လမ်းစဉ်မကြိုက်သရောင်ပြောပြီး တရုတ်အလိုကို လိုက်လိုက်ပါတယ်။ အပြန်အလှန်အနေနဲ့ တရုတ်က သူ့ရဲ့ ဩဇာကိုသုံးပြီး မအလကို ဖိအားပေးဖို့ပါ။ တကယ်မှာက မအလက တရုတ်လဲ ဂရုမစိုက်ပါ။ မအလပြင်ထားတာကတရုတ်ကသူ့ကိုကျပ်ရင် တရုတ်ပိုက်လိုင်းကို PDF အသွင်နဲ့ဖောက်ခွဲပြမယ် ပြီးရင်လုံခြုံရေးလုပ်ပေးမယ်။ ဒါဆိုရင် တရုတ်က PDF ထက် သူ့ကို ပိုချစ်မယ်ပေါ့။ နောက်သူက စီမံကိန်းတွေကို တရုတ်ကိုစျေးပေါင်ကျိုးနဲ့ ထိုးပေးပြီး ဆုပေးဒဏ်ပေးလုပ်ဖို့ပါ။ ဒီနေရာမှာ ဒေသခံ PDF က အရှိန်နဲ့ ကြီးထွားလာနေပြီး သူကတရုတ်ကို ထိုးရောင်းရင်တောင် တရုတ်အနေနဲ့ ယခင်ကလို ပြည်သူသဘောမတူဘဲ စီးပွါးရေးလုပ်လို့ မရတော့ပါ။ ဘာ့ကြောင့်လဲဆိုတော့ ပြည်သူ့အင်အားက ကြီးနေလို့ပါ။

မနေ့က အမေရိကန်က တရုတ် ဝါဝေးလူကြီးအမျိုးသမီးကို ဖမ်းဝရမ်းရုပ်သိမ်းပေးခဲ့ပြီး တရုတ်ကလဲကနေဒါနိုင်ငံသား သူဖမ်းထားသူများကို ပြန်လွှတ်ပေးခဲ့ပါတယ်။ နောက်တရုတ်က မြန်မာပြည်အရေးကို မဖြေရှင်းဘဲထားရင် သူရင်းနှီးမြုပ်နှံထားတာတွေက မအလလက်အောက်မှာ ပလုံမှာပါ။ နောက်ဘာလမ်းမှလဲ ဖောက်လို့ရမှာမဟုတ်ပါ။ ယခင်က ပြည်သူမှာလက်နက်မရှိပေမယ့် ယခုလက်နက်ရှိလာနေပါပြီ။ ဒါ့ကြောင့် သူ့အကျိုးစီးပွါးအတွက်ကို မအလနဲ့ ရှင်းရမှာပါ။ တရုတ်က မအလအကြံကိုသိပြီးသူ့ပိုက်လိုင်းလုံခြုံရေးကျိုးပေါက်ရင် မအလမလွယ်ဘူးလို့ ကျိမ်းထားပါတယ်။

ယခင်က စာရေးသူတို့က အမေရိကန်နဲ့တရုတ်အားပြိုင်ရင် မြန်မာပြည်မြေစာပင်ဖြစ်မှာ စိုးရိမ်ခဲ့ပါတယ်။ ယခုက အမေရိကန်က ဒီမိုတွေကို ဘာမှလက်နက်မထောက်ပံ့သေးဘဲ တရုတ်ကို ဖြေရှင်းဖို့အချိန်ပေးထားပါတယ်။ ပြည်သူတွေရဲ့ တိုက်ရည်ခိုက်ရည်က ထင်ထားတာထက် ပိုမိုအားကောင်းနေတာကို တရုတ်ရော အာဆီယံရော သတိပြုမိပါတယ်။ နိုင်ငံတစ်နိုင်ငံက အခြေခံလက်နက်လောက်PDF ကို ထောက်ပံ့ရင်တောင် မအလရွာလည်ပါပြီ။ အချို့ဒေသတွေမှာ လက်နက်ကို သူတို့ဖာသာလုပ်နေကြလို့ PDF ဟာ အားကောင်းလာမှာပါ။ မနေ့ကမှ စစ်ပညာသင်လာတဲ့ PDF ကို နှစ် ၇၀ ကျော်သက်တမ်းရှိတဲ့စစ်တပ်က ရဟတ်ယဉ်နဲ့ပစ်၊ လေယဉ်နဲ့ဗုံးကျဲရတယ်ဆိုကထဲက အခြေအနေမကောင်းတာ တရုတ်လဲသိမှာပါ။ လက်ရှိ PDF တွေဟာ တရုတ်-မြန်မာ၊ ထိုင်း-မြန်မာ၊ အိန္ဒိယ-မြန်မာကုန်သွယ်ရေးလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်စွမ်းရှိနေပါပြီ။ နောက်ပိုင်းမှာ ထိုကုန်သွယ်ရေးလမ်းကြောင်းတွေကနေ NUG က အစိုးရအနေနဲ့ အခွန်ကောက်လာနိုင်မှာပါ။ ထိုင်းဟာ ယခုအချိန်မှာNUG ကို ကျပ်ဖို့ကြိုးစားနိုင်ပေမယ့် သူ့စီးပွါးရေးကို ပြည်သူကပိတ်ဆို့ရင် အချိုးပြောင်းလာမှာပါ။

အကျဉ်းချုပ်ရရင် ရှေ့လတွေမှာ PDF နဲ့ ပြည်သူတွေက ပြည်ပအားမကိုးဘဲ ကိုယ့်အားကိုယ်ကိုးပြီးတိုက်ခိုက်မှုကနေ စစ်ပွဲရဲ့ ပုံရိပ်နဲ့ အစိုးရရဲ့ ပုံရိပ်က ပေါ်လာမှာပါ။ ပြည်သူသာ အဓိကပါ။ လွတ်လပ်မှုဟာ တိုက်ပွဲဝင်ရဲသူများအတွက်သာပါလို့ ပြောပါရစေ။


News Source: The Times, BBC, CNN

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 26, 2021

ဦမြတ်!!ထုံးစံအတိုင်း ရိုးရာပုံပြင်ပါ။

သင်ခဲ့ရသော ဖျံနှစ်ကောင်နှင့် ငါး​ကြင်း ​တစ်ကောင်။ သူက ခေါင်းပိုင်း၊ငါက အမြီးပိုင်း။ အဝေမတည့်တော့ ယုံကြည်ရမယ့် မြေခွေးကြီးဆီ အယူခံဝင်တာပေါ့။

ငါးကြင်းကို ထက်ခြမ်း ခွဲ၊တစ်ကောင်တခြမ်းစီယူ၊ အလယ်ကျန်တဲ့အရိုး ငါ့ အကျိုးပေါ့။

ယုံကြည်ရလောက်သည်ဟု ထင်ရသောကုလက ၄ချက်ပါ စာထုတ်ရာဝယ်၊ဟုတ်မလိုလိုနဲ့ နောက်ဆုံးမှာ ငြိမ်းချမ်းစွာတွေ့ဆုံးဆွေးနွေးဖြေရှင်းရေး ဟူသောအချက်

ထည့်သွင်းဖော်ပြထားပါသည်။

မည်သူ့လက်ချက်ဆိုတာ သိသာပါသည်။

အဓိကသည် ချိဖပါ။ဝမ်ပေါင်ကို သွယ်တန်းထားတဲ့ ရေပိုက်လိုင်း ဖောက်ခွဲခံရပြီးနောက် ချိဖ ရင်ပူစပြုလာပါပြီ။

မြန်မာပြည်သူတွေ သူ့ကို ရွံရှာမုန်းနေမှုကိုလည်း သိပါသည်။

သိသာသည်က ရခိုင်မှာ အေးဆေး၊ မပူရ။ရှမ်းမြောက်မှာကတော့ သိတဲ့အတိုင်း

တပည့်တပန်းများမို့ မပူရ။ အဓိကသည် ပြင်းထန်နေသော မြန်မာပြည်အလယ်ပိုင်း၊ တာဝါတိုင်တွေ တအုံးအုံးနဲ့ ပျက်ဆီးလာသည်နှင့်အမျှ သူ့ပိုက်လိုင်းအတွက်ပိုပူရပါသည်။ ဝ တပ်တွေ မလှုပ်ရှားပဲနေသမျှ၊ချိဖ ဘယ်ဘက်မှာရပ်တည်နေတယ်ဆိုတာ ဗေဒင်မေးရန်မလိုပါ။ချိဖသတင်းတပုဒ်မှာ ပြည်သူသာ အရေးကြီးကြောင်း နှပ်ကြောင်းသံ ထွက်လာပါသည်။

NUG တော်လှန်ရေးနိုင်ခဲ့လျှင် ချိဖအလိုအတိုင်း ဘာတခုမှဖြစ်လာမည် မဟုတ်ဟု ချိဖ သိလာပါပြီ။ စစ်တပ်သည် နောက်ဆုံးအချိန် ကောက်ရိုးတမျှင်အရ ရလိုရငြား။

သို့သော် NUGသည်၊အိမ်နီးချင်းမို့ မကင်းရာမကင်းကြောင်းမို့ ဆက်ဆံမှုပြုပါလိမ့်မည်။ စီမံကိန်းများနှင့် စက်ရုံများကိစ္စရပ်တွင် (အဘများခေတ်ကဲ့သို့)အဘကြီးက အပေါ်ကချည်း နေလို့တော့မရတော့ပါ။DASSKရိှစဥ်ကတည်းက စီမံကိန်းတရပ်လုံးကိုလက်မခံပဲ၊တဆင့်ပြီးတဆင့်ဖော်ဆောင်၍ ရလာသောအကျိုးအမြတ်ကိုကြည့်ပြီးမှသာ တစ်ဆင့်ချင်းတက်သည့်စနစ်ဖြင့် စာချုပ်ခဲ့ပါသည်။ အကြွေးထောင်ချောက်ထဲ အဝင်မခံခဲ့ပါ။ သို့ပါ၍ DASSKနှင့် NUGဖက်မလိုက်ပဲ၊ စစ်တပ်ဖက်သို့သာ(ဖေဖော်ဝါရီကတည်းက)ယိမ်းခဲ့ပါသည်။ခုတော့သည်လိုမဟုတ်တော့။

ခါးပတ်စီမံကိန်း ရှေ့ရေးတွေးလေ ချိဖအတွက်ရင်ပူစရာဖြစ်လေပါ။NUGနိုင်ခဲ့လျှင် ကုလားတန်မြစ်စီမံကိန်း အလျင်အမြန်နှုန်းဖြင့်အောင်မြင်ပါလိမ့်မည်။ ယခု ချိဖ မူသည် ငါးမရလည်း ရေချိုးပြန်ရုံပေါ့ ။ရှိပြီးသားလေး အရင်းမပျောက်ဖို့ ကြိုးစားအားထုတ်နေမှုတစ်ခုဟုသာ(မိမိတစ်ဦးတည်း၏ ဉာဏ်မီသမျှ)အမြင်ကို တင်ပြအပ်ပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page