top of page
Search

မအလသွက်သွက်ခါအောင် ရူးသွားပြီလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 25, 2021
  • 1 min read

မအလဟာ စတက်ခါစက မဲကိစ္စဆိုပြီး အရူးစကား စပြောပါတယ်။

သူနဲ့ သူထောက်ခံတဲ့ ဖွတ်ပါတီကို မဲပေးမယ်ထင်တာက အစကထဲက ရူးလို့ပါ။

နောက် လျှပ်စစ်ကား၊ မြေအောက်ရထားတွေနဲ့ ဆက်အရူးထပါတယ်။

ယခုနောက်ဆုံးရူးချက်ကတော့ သူ့လက်ထက်မှာ စီးပွါးရေးတိုးတက်နေပြီး ၁၀နှစ်အတွင်းမှာ အာဆီယံထိပ်ဆုံးကို ရောက်မယ်လို့ ပြောလိုက်တာပါ။

သူတက်လာကထဲက တိုင်းပြည်စီးပွါးရေးက အဝီစိအထိ ထိုးဆင်းနေတာပါ။ ဒေါ်လာစျေး၊ ရွှေစျေး၊ ဆီစျေး အကုန်တက်နေတာပါ။

တိုင်းပြည်ကို စီမံခန့်ခွဲရတာက တပ်ထဲမှာလို ကြက်၊ ဝက် လိမ်မွေး စာရင်းလိမ်ပြလုပ်လို့ရတာမဟုတ်ပါ။ ဒီလိုအရူးကို ဆက်ပြီးတပ်ချုပ်ခန့်ထားရင် တိုင်းပြည်ယခုထက်ပိုဆိုးမယ်ဆိုတာခင်ဗျားတို့သိကြပါ။ သူပြောတာတွေက ယဉ်ယဉ်လေးရူးတာ မဟုတ်ဘဲ သွက်သွက်ခါအောင်ရူးတဲ့အဆင့်ရောက်နေပါပြီ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 25, 2021

ဦးမြတ်!!ဆောင်းပါးတပုဒ်မှာ ကြိုရေးခဲ့ဘူးပါသည်။ အာဏာရူးအပြင် ယတြာရူးပါ ကူးတွဲထားတော့ ယဥ်ယဥ်လေးရူးနေပါသည်ဟူ၍။

~အဓိကလက်သည်သည် ပဲ့ပြင်ဆုံးမမည့်(လောကီ/လောကုတ္တရာ)ဆရာကောင်း အဆုံးအမ မရရှိသည့်အတွက်ဖြစ်ပါသည်။ ဆရာ ကောင်း ရရန်အရေးကြီးလှပါသည်။

ဘာသာဝင်အများစုသည် ဟင်းရွက်ကန်စွန်းအသီးအနှံဝယ်ရာတွင်ပင် ပိုးနာ၊လောက်ကိုက်၊အရိအရွဲ ကင်းစင်လား။ မကင်းစင်လား သေချာ ရွေးချယ် ဝယ်ကြပါသည်။ သို့သော်တကယ့်အရေးဖြစ်သည့် ဘဝနှင့်သံသရာအတွက်တော့ ဆရာရွေးချယ်မှုမှာ ပရမ်းပတာနိုင်လှပါသည်။

**ယထာဘူတံ ဉာဏံယ သတ္ထာ

**ပရိယေသိ တဗ္ဗော

(တပည့်ဖြစ်သူ ဘဝနှင့် သံသရာအတွက် အမြင်မှန် အယူမှန်ဖြင့် လမ်းပြဆုံးမတတ်သော **ဆရာကောင်း**ကို ရှာကြရန်)

၄၅ ဝါကာလအတွင်း ၄၄ကြိမ်တိုင်တိုင် မှာတမ်းချွေခဲ့ပါသည်။ဟုတ်ရာမှန်ရာကို တခွန်းသာ မိန့်လေ့ရှိသော ဗုဒ္ဓဘုရားရှင်သည် ၄၄ခွန်း(၄၄ကြိမ်)တိုင် မှာကြားခဲ့သည်မှာ အရေးကြီးလွန်းလို့ပါ။ မျက်မှောက်ဖြစ်ရပ်က ရာနှုန်းပြည့်ထောက်ခံပြသနေပါပြီ။

**တပည့် အမြင်မှန်ရရေးတွင် ဆရာဖြစ်သူအပေါ် ရာနှုန်းပြည့် မူတည်နေကြောင်း**ရှင်အာနန္ဒအားလည်း**း ဆုံးမတော်မူခဲ့ပါသည်။သို့ပါ၍ **ဆရာ မကောင်းလျှင် တသံသရာလုံး မှောက်**ဟူသော ရိုးရာစကား ပေါ်ထွက်လာရခြင်းဖြစ်ပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~


မုသာ လိမ်ညာပြောဆိုတတ်သူများသည်

စကား မပီ ၊သွား မညီ ဆိုသောအကျိုးရရှိပါသည်။ လိမ်ညာပြောဆိုမှုများပြားလာသောအခါ ပြောသမျှစကားတိုင်းသည် ပီပီပြင်ပြင် မရှိတော့၍ ရှေ့ပြောစကားနှင့် နောက်ပြောစကား၊တထပ်တည်းမကျ။

ရှေ့သွားနောက်လိုက် မညီတော့ပါ။ အရူးစကားပမာထား၍ သူပြောသမျှစကားကို

ညာနားကဝင်၍၊ဘယ်နားကထွက်။ အရေးမထားတော့။သည်ဟာကိုပင်အဟုတ်ထင်၍ နောက်လိုက်တပည့်သားများက စာအုပ်တကိုင်ကိုင် ဘောလ်ပင်တချောင်းဖြင့် ငှက်ပျောစိုက်ရန်၊ကောဖီစိုက်ရန်၊ လျှပ်စစ်ရထား---===>လိုက်မှတ်ရေးသားနေသည်မှာ အံသြစရာတစ်ရပ်ဖြစ်ပါသည်။

စမှားသည်က~ခေတ်ကိုပြောင်းချင်လျှင် ခေါင်းကိုပစ် ဟူသော အဆုံးအမခံယူမှုကစတင်ခဲ့ပါသည်။ အခြားတဖက်ကကြည့်တော့လည်း မှန်နေပါသည်။ အာဏာရှင်စနစ်မှ ဒီမိုခေတ်သို့၊ပြောင်းဖိုးဖြစ်လာရပါသည်။

သီလမရှိတဲ့ Kလား သတ်ရင်အပြစ်မရှိဘူးဟူသော စကားကလည်း အကြမ်းဖက် ဖက်ဆစ်စစ်တပ်အဖြစ်သို့ အသွင်ပြောင်းစေခဲ့ပါသည်။ ကိုယ့်မှာစစ်တပ်ရှိနေတာပဲ သိမ်းလိုက်ရင်ရတာပေါ့။ ထင်ထားခဲ့ပေမယ့်၊လက်တွေ့နယ်မှာတော့ (ဦးမြတ် ေပြာသလို)သွက်သွက်ခါ နေပါပြီ။

သူတို့အလိုကျ ပွက်တာ ​ငြိမ်သက်အောင် နွားနို့လည်း ေလာင်းခဲ့ပြီးပါပြီ။နှင်းဆီ *အနီ*ကိုလည်း ပွက်တဲ့အထဲ ထည့်ခဲ့ပြီးပါပြီ။သို့သော်ငြားလည်း ကိုယ်စီမံတိုင်းသာ ဖြစ်နေရရင် ရှင်တော်ဗုဒ္ဓမှ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page