top of page
Search

မအလသတင်းကပြောသော သန်း ၄၀

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 30, 2021
  • 1 min read

မအလကို သူ့လက်အောက်က ဂျင်းထည့်တာက သူ့ကို ပြည်သူ သန်း၄၀ က ထောက်ခံနေသည်ပေါ့။ ဒါကို ယခင်စာရေးသူက ကွီးဖြိုးနဲ့သူ့ကိုယှဉ်ပြီး စစ်တမ်းကောက်ခဲ့ချိန်က သူ့အကောင့်တုတွေ လာဖြေချိန်ကထဲက သူအရူးထတာကို သတိထားမိခဲ့ပါတယ်။ အောက်ခြေက သတင်းပို့သူများက သူကြားလိုတာကိုသတင်းပို့ သူကလဲ ရူးချင်ယောင်ဆောင်ပြီးရွေးကောက်ပွဲရှုံးတော့လဲ သူ့သန်း ၄၀ က သူ့ကို မဲမပေးတာက NLD မဲမသာမှုဆိုပြီး ဆက်ရူးပါတယ်။


အာဏာသိမ်းအပြီး လူတွေထွက်ဆန္ဒပြချိန်မှာ မိမိကို ဘယ်သူမှမထောက်ခံဘူးဆိုတာ သိသင့်ပါပြီ။ သူတရုတ်နိုင်ငံက အင်တာဗျူးမှာ ဒီလောက်အထိ မမျှော်လင့်ခဲ့ဘူးလို့တော့ ဝင်ခံသွားခဲ့ပါတယ်။

ယခုဒီအရူးထမှုဟာ စစ်မြေပြင်အထိ ပါလာပါတယ်။ စစ်မြေပြင်မှာ သူ့တပ်တွေအသေအပျောက်များရင် သူ့ရဲ့ဆိုက်ဝါးတွေက ဒီတပ်က ဒီနယ်ကမဟုတ်ဘူး ဘာညာဆိုပြီးလူတွေ အထင်မှားအောင်ရေးပါတယ်။ နောက်တိုက်ပွဲကျသူက တစ်ရာဆိုရင် သူက ဆယ်ယောက်လောက်သာ စာရင်းပြပါတယ်။ အောက်ကတပ်ရင်းမှူးက သေသူကို တပ်ပြေးလိုမျိုးလိမ်တင်တာ ထိမ်ချန်တာတွေလုပ်တော့ သေသူရဲ့မိန်းမမှာ လိုင်းခန်းက ဖယ်ရတာသာအဖတ်တင်ပြီး အာမခံကြေးမရတာတွေလဲ ရှိလာနေပါတယ်။ ပုံမှန်မှာ အဆင့်ဆင့် စစ်ရမှာဖြစ်ပေမယ့် အဆင့်ဆင့် ဆက်လိမ်ပါတယ်။

သူ့သတင်းစာဖတ်လိုက်ရင်၊ မြဝတီကြည့်လိုက်ရင်တော့ အောက်ဆီဂျင်တွေ အရှန်အပယ်နဲ့ကြက် ဝက်မွေးပြီး တိုက်ပွဲတိုင်းနိုင်နေပါတယ်။ မိလိုက်တဲ့ PDF တွေကလဲ အများကြီးပါ။လက်နက်တွေတောင် ပါပါတယ်။ ဒါပေမယ့် စဉ်းစားရမှာက နေ့စဉ်ဒီလောက် မိနေတာတောင်ပစ်ခတ်မှုတွေ နေ့တိုင်းဆက်ဖြစ်နေတာပါ။ ဒါဆို သူ့ရဲ့သတင်းထဲက ကောက်ချက်ချနိုင်တာနှစ်ခုရှိပါတယ်။ သူ့သတင်းမှန်ရင် ဘာလို့ ပစ်ခတ်မှုတွေက မရပ်သွားတာလဲ? ဒီလောက်တောင်မိနေရင် မမိဘဲ ဘယ်လောက်တောင်လွတ်နေပြီး သူ့ကိုဒုက္ခပေးမလဲဆိုတာပါ။ ယခုစာရေးသူရေးတာက သူ့ရဲ့ သတင်းထုတ်ပြန်ချက်ကို မငြင်းသေးဘဲ သူထုတ်တဲ့သတင်းကိုအခြေခံပြီး သုံးသပ်ထားတာပါ။ အကျဉ်းချုပ်ရရင် သူ့ မြဝတီနဲ့ မြန်မာ့အသံက လိမ်နေပေမယ့် သူ့သတင်းထဲကဘဲ ပြည်သူသန်း ၄၀ က သူ့ဘက်မှာမရှိတာနဲ့ သူ့လုံခြုံရေးစည်းကျိုးပေါက်နေတာကို ပြနေပါပြီ။ ပြည်သူညီရင် သူသွားရမှာပါ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comentários


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page