top of page
Search

မအလလုံခြုံရေးကို ဘယ်လိုလုပ်သလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 18, 2022
  • 1 min read



မအလရဲ့ လုံခြုံရေးအကြောင်းကို ယခင်ကထဲက ရေးခဲ့ပြီးပါပြီ။ ယခုက ဘာတွေပြောင်းလဲလာခဲ့သလဲဆိုတာကို ရေးပါ့မယ်။ တပ်ချုပ်တွေဟာ သူတို့ရဲ့ကိုယ်ပိုင်လို တပ်ရင်းတွေကိုလုံခြုံရေးအတွက် သုံးလေ့ရှိပါတယ်။ နေဝင်းမှသည် သန်းရွှေအထိပါ။ ဒါပေမယ့် မအလကတော့ ယခုအာဏာသိမ်းအပြီးမှာ ပိုပိုဆိုးလာပါတယ်။ အားလုံးသိတဲ့အတိုင်း NUG အစိုးရစထောင်တာ တစ်နှစ်သာရှိပါသေးတယ်။ PDF ကဆို တစ်နှစ်တောင် မပြည့်သေးပါ။ ထို့အတူPDF မဟုတ်ဘဲ NUG အောက်မဟုတ်တဲ့ ဗမာအမည်ခံအဖွဲ့များလဲရှိပါတယ်။ အများစုကNUG ကို ဒုက္ခပေးလိုလို့ဖွဲ့ထားတာပါ။ ပြည်တွင်းမြို့ပြမှာတော့ NUG ကသာ နန်းထိုက်အောင်တို့ဘာတို့နဲ့ စစ်ဆင်နေတာပါ။ ဒီသင်္ကြန်မှာ မအလက ပထမ မြို့ကြီးတွေကို ဖော်ရှိုးသွားပြဖို့စီစဉ်ပါတယ်။ ရန်ကုန်မှာ ၁၀၇ မမတွေ့အပြီးမှာ နေပြည်တော်သင်္ကြန်ပါမတက်တော့ဘဲမေမြို့ကို ထွက်သွားခဲ့ပါတယ်။

မအလဟာ အာဏာသိမ်းအပြီးမှာ သူ့သက်တော်စောင့်ပုံမှန်အထူးတပ်နဲ့ သမ္မတလုံခြုံရေးရဲတပ်ဖွဲ့ကိုပါ သူ့ကို လုံခြုံရေး ယူခိုင်းပါတယ်။ သူမလာခင် သူလာမယ့်တပ်ဌာနချုပ်မှာ သူ့တပ်တွေက လက်နက်သိိမ်းပါတယ်။ သူ့တပ်ရင်းက အတွင်းစည်းလုံခြုံရေးကို ယူပါတယ်။နောက်နေပြည်တော်က လာတဲ့တပ်က သုံးမိုင်ပတ်လည်ကို လုံခြုံရေးထပ်ယူပါတယ်။ နောက်အဆိုပါ တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်တွေမှာ မိုင်းထပ်ရှာပါတယ်။ သူ့လူတွေကို ချောင်းပစ်လို့ရတဲ့နေရာတွေမှာ နေရာယူခိုင်းပါတယ်။ ယခုနောက်ပိုင်း ရဟတ်ယာဉ်နဲ့သွားရင် အဆိုပါယာဉ်မောင်းရဲ့ မိသားစုက တပ်ထဲမှာနေသူကိုသာ ရွေးချယ်ပါတယ်။ Drone jammer ကDASSK အတွက်သုံးတာကို သူယူထားပြီး အရှက်မရှိသုံးနေပါတယ်။ နောက်သူလာချိန်မှာအဆိုပါမြို့နယ်ကို အင်တာနက်ဖြတ်ပါတယ်။ ဖုန်းလိုင်းတွေလဲ ဆက်ရခက်အောင်လုပ်ပါတယ်။

ဘာလို့ဒီလိုဖြစ်လာရလဲ? မအလတပ်ထဲမှာ PDF က မိုင်းဆွဲလို့သေတာရှိပါတယ်။ မိုင်းဆွဲခံရလို့ သေသူက PDF က ပြောတာနဲ့ တကယ်သေတာက တစ်ခါတစ်လေ အရေအတွက် ကွာတာရှိပါတယ်။ ဒါပေမယ့် မကွေးမှာ ကပစပစ္စည်းသယ်လာတဲ့ ဗိုလ်ကြီးနဲ့အဖွဲ့ ဖမ်းပြီးအသတ်ခံရတာမျိုး၊ ပင်လည်ဘူးဝင်စီးခံရတာမျိုးဆိုရင်တော့ တပ်ရင်းမှူး၊ ဗျူဟာမှူးအဆင့်ဆင့်ကို ဖမ်းတာ စစ်တာတွေလုပ်ပါတယ်။ ပြဿနာက ယခုတိုက်ပွဲဖြစ်နေတာက တစ်နေရာထဲမဟုတ်ဘဲတစ်တိုင်းပြည်လုံးမိုလို့ ခဏခဏဖြစ်ရင် အစစ်ခံရသူများလာသလို သူ့ကိုဆဲသူလဲ တပ်ထဲမှာများလာပါတယ်။ ဒါကြောင့်သူလဲ နောက်ကျောမလုံလို့ လုံခြုံရေးကို ချဲ့ယူလာတာပါ။ ၁၀၇မမ ကြောင့် ငါးမိုင်ပတ်လည်အထိ လုံခြုံရေးကို ယူလာနေပါပြီ။ ဒါ့အပြင် သူဘယ်သွားမယ်ဆိုတာကို သူ့သက်တော်စောင့်အဖွဲ့သာ ပြောပြီး ဝန်ကြီးတွေကို လမ်းကြောင်းရှိလို့ ပြင်ဆင်ရန်သာ ပြောလာတာပါ။ လူကြီးဆိုရင် သူ(သို့) စိုးဝင်းလို့တော့ မှန်းလို့ရနိုင်ပါတယ်။ နောက်တပ်ထဲမှာ တွေ့ဆုံပွဲအတွက် ဆိုင်းပုဒ်ပြင်ရင် ဘယ်သူ့ထံမှ ဩဝါဒခံယူပွဲလို့ မရေးတော့ဘဲ တွေ့ဆုံပွဲဘာညာလောက်သာရေးထားပြီး တပ်တွင်းကြိုမသိအောင်လုပ်ပါတယ်။ ယခုဆိုရင် မအလဟာ သူ့သားသမီးနဲ့ မြေးများကိုပါ လုံခြုံရေးပေးထားတဲ့အထိ စိုးရိမ်နေပါတယ်။ သူ့မြေးတက်တဲ့ ကျောင်းတွေမှာလဲ မိုင်းရှာတာ ကျောင်းတက်သူ အတန်းဖော်များရဲ့ မိဘနောက်ကြောင်းကိုစစ်တာ၊ ဆရာ/ဆရာမများရဲ့ နောက်ကြောင်းကိုစစ်တာ၊ ကျောင်းရှေ့မှာလက်ဖြောင့်သေနတ်သမားနဲ့ နေရာယူတာတွေ မျိုးစုံကိုလုပ်လာနေပါတယ်။

ယခုရေးပြတာတွေက မအလလုံခြုံရေးယူပုံတွေကို တင်ပြတာပါ။ မအလနေရာအနှံ့သွားချိန်မှာ အခွင့်အရေးကို အားလုံးအသုံးချနိုင်ပါစေ။

 
 
 

3 Comments


Mya Win
Mya Win
Apr 18, 2022

လောက်ကိုင်မှာ တရုတ်နဲ့ ခိုးတွေ့တယ်လို့

Like

Johnny JOE
Johnny JOE
Apr 18, 2022

အခုထွက်လာတဲ့ BPLA က တကယ်လား ့့့EAO တွေကမသိတာလား

Like
Myat Tun Oo
Myat Tun Oo
Apr 18, 2022
Replying to

BPLA က PDF ကို NUG ကို ဝှေါးအောင်လုပ်တာပါ။ PDF ကိုသာ အားပေးပါ။ နောက်မှ ရေးပါ့မယ်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page