top of page
Search

မအလလုံခြုံရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 9, 2021
  • 1 min read

ယခုရေးပြတာက မအလရဲ့ လုံခြုံရေးယူပုံကို ဗဟုသုတအနေနဲ့ တင်ပြတာပါ။ ဒါကိုလေ့လာပြီးမိမိတော်လှန်ရေးအတွက် အသုံးချနိုင်အောင်ပါ။ ဒါဆိုမင်းက ဘာလို့မလုပ်လဲ?

မအလဟာ ဘယ်သူ့ကိုမှမယုံပါ။ သူလာရင် သူ့တပ်ရင်းက လုံခြုံရေးကို နေပြည်တော်က လာယူပါတယ်။ ပြီးတော့ အဆိုပါတပ်ထဲမှာ လက်နက်သိမ်းတာတွေလုပ်ပါတယ်။

ပုံမှန်အတိုင်း ထောက်လှမ်းရေးစည်း ရဲတွေကို ချထားတဲ့ကင်းပုန်း သူ့အနားမဝင်ခင် စည်းနဲ့အတွင်းစည်းဆိုပြီးရှိပါတယ်။ သူလာမယ့်နေရာ တပ်ရင်း တပ်မတွေ ဘုန်းကြီးကျောင်းတွေကိုတော့ သူ့တပ်ကို ချပါတယ်။ အဆိုပါတပ်တွေထံက ထိုနေ့မှာ လက်နက်ဖြုတ်ထားပါတယ်။လူကြီးအချို့က လွဲလို့ပေါ့။ ဒါပေမယ့် အပြင်စည်း ဥပမာ ရန်ကုန်လာချိန်မှာ သတင်းမပေါက်တာကလွဲလို့ ငြိမ်အောင်တော့ မလုပ်နိုင်တော့ပါ။ ဥပမာ သူလာချိန်မှာ ရန်ကုန်မှာလဲ ဗုံးပေါက်နေပါတယ်။ ဒါက အတွင်းစည်းနားအထိ ရောက်လာတာပါ။ လွဲနေသေးတာက သူမြေအောာက်တံတားလာဖွင့်တာကိုသာ တော်လှန်ရေးအဖွဲ့တွေက အတိအကျမသိသေးတာပါ။ ထိုအချိန်မှာလဲ မိုင်းရှာထားသလို jammer တွေ ကိုင်ထားပါတယ်။ ဒါပေမယ့် ဒုံးနဲ့ပစ်ရင် ရပါတယ်။ လိုနေတာကသတင်းပါ။

ထိုသတင်းက တပ်ထဲကလူတွေတောင်မသိပါ။ သူတို့ ဒုဗိုလ်ချုပ်ကြီးအဆင့်တောင် လမ်းကြောင်းလိုက်ရမယ် ပြင်ထားဆိုပြီးသာပြောထားလို့ သူ့လုံခြုံရေးအရာရှိနဲ့ PSO ကလွဲလို့ မသိပါ။ အခြားသိသူအချို့လဲရှိပါတယ်။ ဒီနေရာမှာ မရေးတော့ပါ။ နောက်မအလဟာ သမ္မတရူးလို့ သမ္မတသက်တော်စောင့်အဖွဲ့က အချို့ကိုလဲ ခေါ်ထားပါတယ်။

ဒါဆိုဘာအားနည်းချက်ရှိလဲ။ သူ့မှာ သက်တော်စောင့်က အဖွဲ့နှစ်ဖွဲ့ဖြစ်နေပါတယ်။ ပုံမှန် VIP လုံခြုံရေးက ခေါင်းဆောင်တစ်ယောက်သာရှိပါတယ်။ မအလက သမ္မတရူးလို့ နှစ်ယောက်ဖြစ်နေတာပါ။ စာရေးသူတို့အနေနဲ့ အဓိက ရန်သူ့လှုပ်ရှားမှုသတင်း ကြိုတင်ရဖို့ပါ။ ကြိုရရင် မအလအတွက် လုံခြုံရေးက အတိုင်းအတာတစ်ခုအထိ ပေါက်ပြီးသားပါ။

ဒါဆိုရင် ကြာမှာလား မြန်မှာလား? ယခုလက်ရှိအခြေအနေက အလျှင်အမြန် ပြောင်းလဲနေပါတယ်။ စာရေးသူအနေနဲ့ ဒုဗိုလ်ချုပ်ကြီးအဆင့်အထိ ဗိုလ်ချုပ်အဆင့်အထိက လောလောဆယ်ဘက်ပြောင်းဖို့ မမြင်သေးပါ။ ဒါပေမယ့် လုံခြုံရေးကျိုးပေါက်မှုတွေက ရှိလာနေပါပြီ။ တပ်ထဲကလူအချို့ကလဲ CDM လို ထွက်မပြေးဘဲ မအလလိုကြီးကြီးတွေကို ပြန်ကိုင်နေတာတွေ့လာနေရပါပြီ။ ဒါ့ကြောင့် မြန်ချင်လဲ မြန်သွားနိုင်ပါတယ်။ အချို့နေရာတွေမှာ တပ်ကထိုးစစ်ဆင်ရင်း မိမိတို့စစ်သားတွေရဲ့ မိဘတွေ သားသမီးတွေကို ပစ်သတ်မိလို့ မအလကို လက်စားချေလိုသူများလဲပေါ်လာနေပါတယ်။ ဒါက သူ့ရူးသူပတ်တာပါ။

အကျဉ်းချုပ်ရရင် မအလဟာ စစ်ရေးအရလဲ သူ့ကိုယ်သူတောင် စိတ်မချ ကိုယ့်တပ်ကိုယ်တောင်စိတ်မချဖြစ်နေပါပြီ။ ပြည်သူ့တပ်မတော်သားများလဲ ရန်သူ့သတင်းကို ထောက်လှမ်းပြီး ဖရဲသီးများနဲ့ ပူးပေါင်းကာ ရန်သူ့မအလစစ်တပ်ကို အမြစ်ဖြတ်နိုင်ကြပါစေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page