top of page
Search

မအလလက်ထက် စီးပွါးရေးကောင်းလာနေပြီလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 13, 2022
  • 1 min read

မအလဟာ တပ်ထဲမှာအစည်းအဝေးလုပ်လုပ် အပြင်က ဝန်ကြီးအစည်းအဝေး၊ ခရိုနီတွေနဲ့အစည်းအဝေးတွေမှာ ပြောလေ့ရှိတာက NLD အစိုးရလက်ထက်မှာ စီးပွါးရေးကျဆင်းလာကြောင်းကိုမျက်နှာပြောင်တိုက် ထည့်ပြောလေ့ရှိပါတယ်။ ဒါဆိုရင် သူ့လက်ထက်မှာ စီးပွါးရေးက ပိုကောင်းလာလား လေ့လာကြည့်ရအောင်။

ပထမဆုံး ပြည်သူတွေဟာ မိမိစုထားတဲ့ပိုက်ဆံကို ဘဏ်တွေကနေ ယခုအချိန်အထိ ငွေသားထုတ်လို့မရသေးပါ။ သူအာဏာသိမ်းခဲ့တာ တစ်နှစ်ကျော်သွားခဲ့ပါပြီ။ ဒါက ဘယ်အရာကိုမှ မထောက်ပြဘဲ မိမိပိုက်ဆံကို မိမိပြန်ထုတ်လို့ မရသေးတာကိုသာ ရေးပြတာပါ။ ဒါက ငွေစုနိုင်တဲ့ လူတန်းစားအတွက်ပါ။

ဒါဆိုရင် အလုပ်အကိုင်တွေကို မအလလက်ထက် ပိုမိုဖန်တီးနိုင်လား လေ့လာကြည့်ရအောင်။ မအလလက်ထက်မှာ အထည်ချုပ်စက်ရုံကအစ စက်ရုံပေါင်းစုံပိတ်နေတာ တွေ့ရမှာပါ။ ဒီလိုဖြစ်တာက ဘယ်သူကမှ အဆိုပါလုပ်ငန်းတွေကို အဓိကပိတ်ဆို့တာကြောင့်မဟုတ်ဘဲ မအလရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ပါ။

ငွေတန်ဖိုးက တက်လာလားလို့ လေ့လာကြည့်ရမှာ ရွှေစျေးက အာဏာသိမ်းအပြီး တစ်နှစ်ကျော်မှာ နှစ်ဆလောက်ဖြစ်သွားခဲ့သလို ဒေါ်လာစျေးကလဲ အာဏာမသိမ်းခင်က တစ်ဒေါ်လာကို ၁၄၀၀ကျပ်ကနေယခုအချိန်မှာ ၁၇၇၄ ဖြစ်သွားခဲ့ပါပြီ။ တကယ်က အပြင်မှာ ၁၈၀၀ကျပ်ကနေ ၁၉၀၀ကျပ်တောင် ဖြစ်နေပါပြီ။ ဓာတ်ဆီစျေး၊ ဒီဇယ်စျေးကလဲ ယူကရိန်းအရေးမဖြစ်ခင်ကထဲက တက်နေခဲ့ပါပြီ။ ယခင်DASSK လက်ထက်က ဓာတ်ဆီစျေးတက်လို့ ဆန္ဒပြသူတွေ ယခုမူးလို့တောင် ရှာမရတော့ပါ။ငွေတန်ဖိုးက ၆၀% အထိ ကျဆင်းခဲ့ပါပြီ။

ပုံမှန်မှာက တိုင်းပြည်စီးပွါးရေးမကောင်းချိန် အပျော်အပါး လျှော့ရမှာဖြစ်ပေမယ့် မအလက ဗိုလ်ရှုခံလုပ်ခဲ့လို့ ဘာပိုက်ဆံမှ မကျန်တော့ပါ။

ဒီနေရာမှာ ပြည်သူအများစုက စီးပွါးရေးကျပ်တည်းနေတာပါ။ ဒါပေမယ့် ဗိုလ်ရှုခံ ကန်ထရိုက်ရလိုက်တဲ့အဖွဲ့တွေ ကန်ထရိုက်ချပေးခွင့်ရတဲ့ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပိတွေကတော့ ထောနေပါသေးတယ်။ မအလနဲ့ ဖွတ်ထိပ်ပိုင်းက စတော့ကို တရုတ်၊ ဟောင်ကောင်နဲ့ ရုရှားဘဏ်မှာ ငွေထားထားတဲ့သူတွေကတော့ ပြဿနာတက်နေပါတယ်။ တရုတ်က စတော့ရှယ်ရာမှာ အောင်သောင်း၊ မအလနဲ့ ဖွတ်ထိပ်ပိုင်းအချို့ထားပြီး ကိုဗစ်ကြောင့် ရှယ်ရာပြုတ်ကျလို့ အရှုံးပေါ်နေပါတယ်။ သူခိုးလက်က သဝက်လုတာပါ။ ရုရှားက မအလစုထားတဲ့ ငွေကလဲ လောလောဆယ်မှာ ရုရှားကို ဘဏ်စနစ်ပိတ်ဆို့လို့ ပိတ်မိနေပါတယ်။ ရုရှားစတော့ကလဲ ထိုးကျပြီး ပိတ်ထားရပါတယ်။

အကျဉ်းချုပ်ရရင် မအလတက်အပြီးမှာ ကုန်စျေးနှုန်းက မိုးထိအောင်တက်ပြီး စီးပွါးရေးက သာမန်ပြည်သူတွေအတွက်က အဝီစိအထိအောင် ထိုးကျနေပါတယ်။ အဲ့ဒီကနေ ရှုန်းထွက်ဖို့က မအလကိုပြုတ်ကျအောင်တိုက်ဖို့သာရှိပါတယ်လို့သာ ပြောပါရစေ။ သီးခံနေရင်တော့ ဆက်ခံနေရမှာပါ။ သူ့ကိုမတိုက်လို့ မိမိလွတ်မယ်ထင်ရင် သင်မီးမလာတာ၊ ရေမလာတာကို သတိရလိုက်ပါ။ ဒါပါဘဲ။

 
 
 

2 Comments


Nay Nann myint
Nay Nann myint
Mar 14, 2022

ကျမ‌‌ခု နေ နေတဲ့ရွာလေးမှာ

ဖွတ်များ စခထိပ်များရဲ့ဝပ်ကျင်း

တွေ ရှယ်ရှိနေတာမို့ အခြားနေရာ

တွေထက် ငြိမ်တယ်ထင်ရသော်လည်း

ကိန်ကိန့် ဝပ်ကျင်း မှာ အဝင်အထွက်စိပ်သလို

ထမင်းစားရဖို့သာသိသူများ လဲအလုပ်

ဖြစ်ကြပါတယ်။သိူ့သော် အင်မတန်နဲတဲ့

အရေအတွက်ပါ။ အများစုကတော့

သီးနှံစိုက်ကြလို့ အခြေမပျက်ပေမဲ့

မိုးထိတက်နေတဲ့ ကုန်ဈေးနှုံးကြောင့်

ဆီဈေးကြောင့် အမြတ်မရှိ

ခြံထွက်စားနေရလို့ မငတ်ရုံပါဘဲ။

ဆောက်လုပ်ရေးနဲ့ အခြားလုပ်ငန်းများ

မလည်ပတ်နိုင်လို့ ခိုးဝှက်မှုကလဲ

နေ့စဉ်ကြားနေရပါတယ်။

နေ့ခင်းကြောင်တောင်သူခိုးဝင်ခိုးနေပါပီ။

ယခင်က အိမ်တခါးပိတ်စရာမလိုတံ့ရွာက

လူရှိတာတောင် သူခိုးဝင်ပီဆိုတော့

မအပေးခွေးသူတောင်းစားလက်ထက်

စီးပွါးရေးတိုးတက်လားမတက်လါး

ဘယ်စီးပွါးရေးပညာရှင်ကိုမှ မေးစရာမလိုပါ


ပညာရေးကလဲ KG တောင်မှ

ကကြီး ခခွေး သင်ရိုးမကုန်

ABC က capital letter

1- 16 /17 အထိဒါဘဲသင်ပီး

နောက်တတန်းတက်ရမယ်ဆိုတော့

အတော့်ကို သင်ရိုးကျေပီးစာတွေ

မိူးထိုးအောင်တော်ကြအုံးမှာပါဘဲ


Like

Myint Soe Oo
Myint Soe Oo
Mar 14, 2022

ဦးမြတ်!!! ​ဆောင်းပါး​တွေ ဆက်စပ်မှုအရ

ကြွက် မနိုင်

စပါး ကျီ

မီးနဲ့ ရိှု့

ကြွက်က ​ပြေး​ရှောင်

အတွင်းက စပါးသာ မီး​လောင်

ပြည် ဝမ်း​ခေါင်မည်။


လိုရင်းမျှသာ!


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page