top of page
Search

မအလရဲ့ဆွေးနွေးပွဲ ဘယ်သူတက်မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 2, 2022
  • 2 min read

ree

မအလဟာ AA၊ TNLA နဲ့ MNDAA ကို NCA အထိုးမခံဘဲ သူ့အတ္တအတွက် ရန်စခဲ့တာပါ။ ဒါက NLD တို့DASSK တို့ကြောင့်မဟုတ်ဘဲ သူ့ဖွတ်သမ္မတ ဘစိန်လက်ထက်မှာ ဘစိန်ကို နိုင်ငံရေးအမြတ်မပေးချင်လို့ တပ်ချုပ်အနေနဲ့ ယုတ်မာခဲ့တာပါ။ သူ့ရည်ရွယ်ချက်က ဖွတ်နိုင်လို့ သူသမ္မတဖြစ်မှ ငြိမ်းချမ်းရေးရအောင်ပါ။ ဒါပေမယ့် NLD နိုင်သွားလို့ နှစ်ဆတိုးပြီး ယုတ်မာပြခဲ့ပါတယ်။ အစိုးရကို မဖြစ်နိုင်တာတွေတောင်းဆိုပြီး ပညာပြခဲ့ပါတယ်။

သူအာဏာသိမ်းအပြီးမှာ သူရည်ရွယ်ထားတာက NLD ကိုဖမ်းထားချိန် တိုင်းရင်းသားအဖွဲ့တွေနဲ့ဆွေးနွေးမယ် လုပ်ပိုင်ခွင့်အချို့ ဥပမာ ဝန်ကြီးချုပ်ကို သူတို့ဖာသာရွေးတာလောက် ပေးလုပ်ပြီးငြိမ်းချမ်းရေးလုပ်ပြီး သူ့ကိုယ်သူ ငြိမ်းချမ်းရေးသမားအနေနဲ့ ရွေးကောက်ပွဲကတဆင့် သမ္မတလုပ်ဖို့ပါ။

သူမမျှော်လင့်ထားတဲ့ နွေဦးတော်လှန်ရေးကတဆင့် NUG နဲ့ PDF က ပေါ်လာလို့ မအလပိုအကျပ်ရိုက်သွားခဲ့ပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားတွေကို ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအကြောင်းလေ့လာကြည့်ရအောင်။ ယခု မအလတပ်ဟာ ကယားပြည်နယ်(ကရင်နီနယ်)၊ ချင်း၊ စစ်ကိုင်း၊ ကချင်၊ကရင်၊ မကွေးမြောက်၊ တနင်္လာရီတိုင်း၊ မွန်တွေမှာ အတိုက်ခံနေရပါတယ်။ ရန်ကုန်၊ နေပြည်တော်၊မန္တလေးကတော့ ပြောက်ကျားပါ။


ဒီနေရာမှာ မအလထောက်ခံသူအချို့က ဟိုလိုတပ်မ ထိုးလိုက်ပါလား ဒီလိုတပ်မ ထိုးလိုက်ပါလားဆိုပြီး လိုင်းပေါ်မှာတင်ကြတာ အားလုံးတွေ့မှာပါ။ မအလတပ်က ကရင် KNU ကို ဘယ်လိုတိုက်လာတာ၊KIA ကို ဘယ်လိုတိုက်လာတာ၊ ဗကပကို ဘယ်လိုတိုက်လာတာဆိုပြီး စမြုပ်ပြန်သူများလဲရှိပါတယ်။ မအလထောက်ခံသူရော၊ မထောက်ခံသူ စစ်ရေးကျွမ်းကျင်သူတွေအားလုံးတူညီတာက မအလဟာနယ်မြေစိုးမိုးဖို့ဆိုရင် တပ်အင်အားကို ရန်သူထက် သုံးဆလောက်သုံးရမယ်ဆိုတာပါ။ ဒီနေရာမှာစစ်ကိုင်းတိုင်းနဲ့ မကွေးမြောက်ဟာ အလွန်ကျယ်ပါတယ်။ ရှမ်းပြည်ဟာလဲ ကျယ်ပါတယ်။ ဒါပေမယ့်ရှမ်းပြည်မှာ အဖွဲ့ကွဲများစွာဟာ လူမျိုးစုအပေါ်အခြေပြိုကွဲနေလို့ မအလရဲ့ သွေးခွဲစနစ်အရအလုပ်ဖြစ်ပါတယ်။ နောက်သူ့တပ်အင်အားဟာ သူ့လူမျိုးအရေအတွက်ထက် မပိုနိုင်ပါဘူး။ ဥပမာ ဝUWSA ရဲ့အင်အားက ဘယ်လောက်ကောင်းကောင်း သူ့လူမျိုးဦးရေထက် မကျော်နိုင်ပါ။ ဒါပေမယ့်စစ်ကိုင်းနဲ့ မကွေးဟာ ဗမာလူမျိုးများရဲ့ ဘူမိနက်သန်ဖြစ်ပြီး လူဦးရေအရေအတွက်များပါတယ်။အားလုံးဟာ မအလကို တစ်နည်းမဟုတ်တစ်နည်း တိုက်နေကြတာပါ။ ဒါကြောင့် စစ်သဘောအရ စစ်ကိုင်းနဲ့ မကွေးတင် မအလရဲ့ လက်ရှိတပ်တစ်ဝက်ကိုသုံးပြီး အထိုင်ချထားမှ ရမှာပါ။ မအလတပ်တွေဟာ ရှမ်းပြည်ဘက်မှာ UWSA မှသည် အားလုံးသော တိုင်းရင်းသားတပ်တွေနဲ့ တပ်ဆိုင်ထားပြီး လှုပ်မရ၊ နှုတ်မရပါ။ ဒါကြောင့် မအလဟာ PDF ကိုတိုက်ဖို့ အခြားစစ်မျက်နှာအားလုံးမှာ ငြိမ်းချမ်းမှရမှာပါ။


ဒါဆိုရင် သူဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးပွဲကို ဘယ်သူတွေတက်မှာလဲဆိုတဲ့ မေးခွန်းကရှိပါတယ်။ယခင်က တပ်မတော်နေ့တုန်းကလိုဘဲ တရုတ်ဖိအားနဲ့ အဖွဲ့အချို့တက်ပါမယ်။ ဒါပေမယ့် သူမျှော်မှန်းထားသလိုတော့ ထိပ်သီးတွေမဟုတ်ပါ။ နောက်မေးခွန်းက သူတို့တွေတက်ရင် ငြိမ်းချမ်းရေးရမလားဆိုတာပါ။ မအလဟာ တရားဝင်အစိုးရမဟုတ်တာ လက်နက်ကိုင်တိုင်းသိပါတယ်။ နောက် ဒီထက်အရေးကြီးတာက မအလဟာ ကတိမတည်တတ်သူပါ။ သူဟာ အသက် ၆၀ မှာ ပင်စင်ယူမယ်လို့ပြောပြီး မယူပါ။ နောက် ၆၅ နှစ်နေရင် ပင်စင်ယူမယ်ထပ်ပြင်ပြီးလဲ မယူပါ။ ဖွဲ့စည်းပုံပြင်မယ်ပြောပြီးလဲ မပြင်ပါ။ နောက်ရွေးကောက်ပွဲမှာ ပြည်သူတွေဆုံးဖြတ်တာကို နာခံမယ်ဆိုပြီး အာဏာသိမ်းသူပါ။ မအလဟာ မွေးရာပါလိမ်တတ်သူ လူလိမ်ပါ။ ဒီလိုလူကပေးတဲ့ကတိကို ဘယ်တိုင်းရင်းသားအဖွဲ့က ယုံမလဲဆိုတာက စဉ်းစားစရာပါ။ မအလဟာ ကတိတည်သူဖြစ်ခဲ့ရင်တော့ တမျိုးပါ။


အချို့သော ဘောမများ Neo Politics က ကျော်မျိုးမင်းတို့က သူဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးကို မလာရင်လိုင်ဇာကို တက်မတိုက်ဘဲ ဒုံးနဲ့ပစ်မလား? UWSA ဌာနချုပ်ကို တက်မတိုက်ဘဲ ဒုံးနဲ့ပစ်မလားဆိုပြီးဘောမမေးခွန်းတွေ အထာပေးမေးနေတာလဲ ရှိပါတယ်။ မအလဟာ AA ကို သင်တန်းပေးတာ KIA ဖြစ်ပြီး လက်နက်ထောက်ပံ့တာ UWSA မှန်းသိပါတယ်။ မတိုက်ရဲလို့ မတိုက်နိုင်လို့ NLD အစိုးရလက်ထက်ကန့်လန့်တိုက်ချိန်မှာတောင် မတိုက်ခဲ့တာပါ။ ယခုအချိန်မှာ သွားတိုက်ရင် ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားသလို ဖြစ်သွားပါမယ်။ စစ်ရေးအရ နောက်ကျသွားခဲ့ပါပြီ။ ပစ်ရဲရင် ဒုံးလေးနဲ့ စမ်းပစ်ကြည့်ပါ။အားပေးပါတယ်။


အကျဉ်းချုပ်ရရင် ငြိမ်းချမ်းရေးကို အနှောက်အယှက်ပေးခဲ့သူက မအလပါ။ သူ့အကွက်က နွေဦးတော်လှန်ရေး၊ CRPH၊ NUG နဲ့ PDF တို့မရှိရင် လှမယ်လို့ ထင်ရပေမယ့် ယခုအချိန်မှာ NUG ၊ PDF မပါတဲ့ ဘယ်ငြိမ်းချမ်းရေးပွဲကမှ အရာမထင်တော့ပါ။ နောက် မအလပွဲကို ဖိအားကြောင့်သွားတက်တဲ့တိုင်းရင်းသားအဖွဲ့အချို့ရှိနိုင်ပေမယ့် ဘာရလာဒ်မှ မရနိုင်ပါလို့ ကြိုပြောထားပါရစေ။ ပထမက ဒီဟာက မအလလှည့်ကွက်သာဖြစ်ပြီး သူ့မှာ စေတနာမရှိလို့ပါ။ ဒုတိယက မအလဟာ စကားမတည်တတ်လို့ သူဘာကတိပေးပေး ဘယ်တိုင်းရင်းသားကမှ မယုံနိုင်ပါ။ တတိယအရေးကြီးဆုံးက မအလဟာတရားမဝင်အစိုးရဖြစ်လို့ မအလဘာသဘောတူတူ ဥပဒေအရ တရားမဝင်တာပါ။ ဥပမာ သူခိုးက သူခိုးစျေးနဲ့ ပစ္စည်းလာရောင်းခဲ့ရင် ဝယ်သူဟာ သူခိုးပစ္စည်းဝယ်မှုနဲ့ အဖမ်းခံရမှာပါ။ မအလဟ အာဏာကိုသိမ်းထားတဲ့ သူခိုး၊ ဓားမြဖြစ်လို့ ဒီအချက်ကတင် ဘာငြိမ်းချမ်းရေးမှ မဖြစ်လာပါလို့ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page