top of page
Search

မအလဘာလို့ သူရဦးတင်ဦးနဲ့တွေ့လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 7, 2021
  • 1 min read

မအလရည်ရွယ်ချက်က အာဏာသိမ်းမယ် DASSK တို့ကိုဖမ်း ထောင်ချ၊ NLD ကိုဖျက်သိမ်း၊ ပြီးရင် PR စနစ်နဲ့ DASSK မပါတဲ့ ရွေးကောက်ပွဲမှာနိုင် သူသမ္မတဖြစ်ပေါ့။ ဒါက သူ့ရဲ့ အရူးစိတ်ကူး။လက်တွေ့မှာ တရုတ်က NLD ကို မဖျက်ဖို့ ပြောထားတယ်။ အာဆီယံကလဲ ဆွေးနွေးဖို့ပြောတယ်။ဒါဆို ဘယ်သူနဲ့ ဆွေးနွေးမှာလဲ?

ယခင်က DASSK အဖမ်းခံရရင် NLD ပါတီက ဦးအောင်ရွှေတို့က စစ်အစိုးရပြောတာကို အလိုက်သင့်လိုက်လုပ်တယ်။ ယခုက NLD ရဲ့ CEC အကုန်နီးပါးက အဖမ်းခံထားရပါတယ်။ ဒီနေရာမှာသတင်းစာရှင်းလင်းပွဲမှာ NLD ပါတီကို ဖျက်သိမ်းဖို့ စာရတာကို မဖျက်သိမ်းသေးကြောင်း NLD ထဲက အချို့ CEC ကလဲ အကြမ်းဖက်တာကို မကြိုက်ကြောင်း ဇော်မဲလုံးက ပြောသွားခဲ့ပါတယ်။မထူးဆန်းဘူးလား။ NLD ထဲက CEC အများစုက အဖမ်းခံရတာ ဒါမှမဟုတ် ထွက်ပြေးနေရပါတယ်။ အပြင်မှာက ဒေါက်တာတင်မျိုးဝင်းနဲ့ ဒေါက်တာမေဝင်းမြင့်သာရှိပါတယ်။ CEC မဟုတ်ဘဲDASSK နဲ့ နီးစပ်တာက သမ္မတဟောင်းဦးထင်ကျော်နဲ့ သူ့အမျိုးသမီး ဒေါ်စုစုလွင်ပါ။ စာရေးသူသိသလောက် သူမကို DASSK နဲ့ ပေးမတွေ့သေးပါ။

ယခု လက်ရှိပါတီကို မအလက မဖျက်ရင် ဘယ်သူကတာဝန်ယူမှာလဲဆိုတာ မအလအတွက်ပြဿနာပါ။ ကွီးဖြိုးကတော့ DASSK အမှုမှာ ထွက်ခဲ့လို့ နိုင်ငံရေးအရ မအလက သုံးမရတော့ပါ။ယခု မအလအတွက် စရဖက ရှာပေးနေတာက ယခင်က DASSK အစိုးရကို လွှတ်တော်ကနေဝေဖန်ခဲ့တဲ့ NLD ထဲက အထုတ်မခံ၊ အဖမ်းမခံရသေးတဲ့ CC ထဲပါနေတဲ့ တိုင်းအမတ်ဟောင်းအချို့ကို မြှောက်ပေးပြီး သူတို့က NLD ရဲ့နေရာတွေကို ယခင်က ဦးအောင်ရွှေတို့လုပ်ခဲ့သလို လုပ်ဖို့ပါ။ နောက် မအလနဲ့ရင်းနှီးပြီး လောလောဆယ်ဖမ်းမွေးထားတဲ့ လူအချို့ကိုလဲ အဆိုပါကိစ္စဖြစ်မြောက်ရင် ပြန်လွှတ်ပြီး သူတို့ကလဲ NLD ပါတီထဲ ပြန်ဝင်လာမှာပါ။ ယခင်နဲ့ မတူတာက ထိုစဉ်က ဦးအောင်ရွှေတို့က ဥက္ကဌနေရာ DASSK က အတွင်းရေးမှူးနေရာမိုလို့ ကစားရတာ လွယ်ခဲ့တာပါ။ ယခုကပါတီဖွဲ့စည်းပုံက ပြောင်းသွားခဲ့ပါပြီ။ ထိုသူတွေက နေရာဝင်ယူခဲ့ရင် NLD ပါတီမှာက နာယကအဖွဲ့ဆိုတာ ရှိနေပါတယ်။ ရန်ကုန်မှာ ကျန်နေတဲ့ ဘဘဦးတင်ဦးက ထကန့်ကွက်ရင် မအလရဲ့ အကြံပျက်သွားပါမယ်။ ဒါ့ကြောင့် အရင်တပ်ထဲက ထုံးစဲအတိုင်း လိုင်းလာဝင်ကြည့်တာပါ။

ဘဘဦးတင်ဦးက အလွန်စိတ်မာသူပါ။ သူကလေဖြတ်လို့ စကားပြောမပီပေမယ့် စာတွေဖတ်နေပါသေးတယ်။ သူက NLD ပါတီဝင်ဆိုတာကို အင်္ကျီဝတ်ပြီး ပြခဲ့ပါတယ်။ ယခုစာရေးသူရေးတာနောက်အနာဂတ်အတွက် မအလပြင်ထားတာကို ဖြစ်နေတာတွေနဲ့ သိအောင်တင်ပြတာပါ။လောလောဆယ်မှာ သူကစိတ်ကူးယဉ်နေပေမယ့် အခြေအနေတွေက အများကြီး ပြောင်းသွားခဲ့ပါပြီ။ တော်လှန်ရေးကို ပြည်သူက ဦးဆောင်နေတာပါ။ ၁၉၈၈ နောက်ပိုင်းက DASSK နဲ့ NLD ကဦးဆောင်ခဲ့ပေမယ့် ယခုစစ်ကိုင်းက ခံချနေသူ၊ ချင်းက ခံချနေသူ၊ ကယားက ခံချနေသူအများစုက သာမန်ပြည်သူတွေပါ။ သူ့တပ်တောင် ယဉ်တန်းတွေ၊ ရဟတ်ယဉ်တွေနဲ့ သွားနေရချိန်ရွေးကောက်ပွဲကို NUG ခွင့်ပြုချက်မရဘဲ မအလကလုပ်ခဲ့ရင် ရွေးကော်အဖွဲ့ဝင်တွေ အလောင်းစည်သူဖြစ်သွားမှာပါ။ ဒီထက်ဆိုးတာက မအလသွားတွေ့တဲ့သတင်းဟာ သတင်းမဖြစ်ဘဲ ကြည့်မြင်တိုင်မှာ သူ့တပ်က ပြည်သူကို ကားနဲ့တိုက်သတ်တာက သတင်းဖြစ်သွားတာက မအလအတွက် ကံဆိုးခြင်း နိမိတ်ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 07, 2021

ဦးမြတ်!!! ပုံက ပြဆိုနေပါသည်။

ဝဲဘက် ရင်အုံထက်က တံဆိပ် ၊ ခပ်နှိပ်ထားပါကြောင်း။

ဆောင်းပါးက ပြည်စုံလှပါသည်။

ကြည့်မြင်တိုင် ဖြစ်စဉ်က မငြိမ်းသေးခင် ဆားလင်းကြီး မြို့နယ်က ၁၁ ယောက် ကိစ္စက

ဘွားကနဲ ပေါ်လာပါသည်။တဖန် မန်းမှာ

ကလေးကို ပစ်သတ်မှု။

တဖန် ကေအိုင်အိုနဲ့ နျုဂျီ ။ ငွေတိုက်စာချုပ် ပေါင်း ထုတ်မှု။

ရဲဘော်အမျိုးသမီးတွေပါ စစ်သင်တန်းတက်ကြရကြောင်း သတင်းကလည်း

အင်အားချို့တဲ့မှုကို ပြဆိုနေပါသည်။

ကြည့်မြင်တိုင်အတွက် လက်တုန့်ပြန်မှုဆိုပြီး အမြန်လမ်း ရဲကင်းကို မိတ္ထိလာ အင်အားစုက တုန့်ပြန်မှု။

နိမိတ် ပုံများကတော့ အကျဖက်သို့ ပြဆိုနေပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page