top of page
Search

မအလဘာလို့ ခင်ညွန့်နဲ့ သွားတွေ့လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 8, 2021
  • 1 min read

ခင်ညွန့်ဟာ တပ်ကအထုတ်ခံခဲ့ရသူပါ။ ပင်စင်တောင် မရခဲ့ပါ။ ခင်ညွန့်နဲ့စောမောင်ဟာ၁၉၈၈ ဆန္ဒပြသူတွေနှိမ်နင်းရာမှာ အဓိကတာဝန်ရှိသူတွေပါ။ သန်းရွှေကတော့ ဒီပဲယင်းနဲ့၂၀၀၇ ပေါ့။ မအလတပ်ချုပ်ဖြစ်ပြီး မကြာခင် သတင်းမီဒီယာလွတ်လပ်လာတော့ မအလကိုဝိုင်းတင်ပေးခဲ့သူတွေဟာ ထောက်ပြုတ်ရဲမိုးနဲ့ နေဝင်းမြေးဝက်ပုတ်တို့ပါ။ သူတို့ဟာ သန်းရွှေနဲ့ သူ့မိသားစုကို အမြဲတိုက်ခိုက်လာခဲ့ပါတယ်။ သန်းရွှေလဲသိမှာပါ။ ထွန်းကြည်နဲ့ မောင်မောင်အောင်တို့ အုပ်စုကလဲ မအလကို လော်ပေးခဲ့ပါတယ်။ ဒီနေရာမှာ ဦးကိုနီသတ်တဲ့ လူသတ်မှုကိုကြည့်ပါ။ စစ်ထောက်လှမ်းရေးဟောင်းနဲ့ မအလ ကိုယ်ရေးအရာရှိဟောင်းပေါင်းပြီးစီစဉ်ယခင်အဆက်အသွယ်တွေက လုပ်ပုံစံမျိုးပါ။ မအလကိုယ်ရေးအရာရှိက သူဘယ်သူကိုသတ်ချင်တယ်ပြော ယခင်စစ်ထောက်လှမ်းရေးဟောင်းက စီစဉ်ပေးပြီး ဘရွှေအမျိုးကိုအသုံးချပုံစံပါ။ မအလအာဏာမသိမ်းခင် အာဏာသိမ်းလို့ရတဲ့ အခြေအနေမျိုးဖြစ်အောင်ယခင်စစ်ထောက်လှမ်းရေးပြုတ်များနဲ့ မအလရဲ့တပ်တွင်းက စရဖတို့ ပူးလုပ်ခဲ့ကြတာပါ။

ဒီနေရာမှာ အာဏာမသိမ်းခင် မအလဟာ ဘရွှေနဲ့ အကြမ်းဖျင်းတင်ပြတာတော့ ရှိခဲ့မှာသေချာပါတယ်။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ ဘရွှေက ကာချုပ်ပေးဖို့လျာထားခဲ့တဲ့ မြထွန်းဦးကို ဖြုတ်ရမှာမိုလို့ပါ။ အပြန်အလှန်အားဖြင့် ဘရွှေလူကို ယာယီသမ္မတဆက်ထားဖို့သဘောတူခဲ့ပုံပါ။ ဒါတွေက PDF တွေပေါ်မလာခင်အချိန်အထိ အလွန်လှတဲ့အကွက် ဖြစ်ခဲ့မှာပါ။

ယခုအချိန်မှာ NUG နဲ့ PDF က မထင်မှတ်လောက်အောင် အားကောင်းနေပြီဆိုတာ တပ်ထဲမှာစစ်တိုက်ခဲ့သူတိုင်း သိမှာပါ။ မအလတပ် နိုင်နေလား ရှုံးနေလားလဲ တပ်ချုပ်လုပ်ဖူးခဲ့တဲ့ ဘရွှေသိမှာပါ။ ခင်ညွန့်ဟာ ဘရွှေက ဖြုတ်ထားခဲ့သူပါ။ ဒါကို မအလက လွန်ခဲ့တဲ့ နှစ်လလောက်က ပင်စင်ပြန်ပေးဖို့ စစ်ဆေးရုံကုခွင့်ပေးဖို့ စာထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ဘရွှေရဲ့ရန်သူ ခင်ညွန့်ကို လာတွေ့တာက ဘရွှေရဲ့ လောင်းရိပ်အောက်က လွတ်ပြီဆိုတာကို ပြလိုတာပါ။ မအလဒါမျိုးကို လွန်ခဲ့တဲ့ ငါးနှစ်က လုပ်ရဲခဲ့မယ်မထင်ပါ။ DASSK အာဏာရှိခဲ့ရင်လဲလုပ်ရဲခဲ့မယ်မထင်ပါ။ ဘာလို့လဲဆိုတော့ သူလုပ်ခဲ့ရင် ဘရွှေက DASSK နဲ့ပေါင်းပြီး သူ့ကိုကာလုံကနေဖြုတ်ချနိုင်လို့ပါ။ ယခုက ကာလုံကလဲ သူ့လူတွေမိုလို့ သူပိုင်သွားခဲ့ပါပြီ။

ဒါဆိုဘာလို့လာတွေ့နေသေးလဲ? လူအများက ဘရွှေက လုပ်ခိုင်းတယ် ဘာညာပြောလေ့ရှိပါတယ်။ စာရေးသူက ထိုအချက်ကို မယုံပါ။ စစ်တပ်ရဲ့ အာဏာလွှဲပုံတွေကို ပြန်ကြည့်ရင် နေဝင်းလဲ အစပိုင်းမှာ အပီကိုင်ထားနိုင်ပေမယ့် နောက်ပိုင်းသန်းရွှေရဲ့ ကိုင်တာ ခံလိုက်ရပါတယ်။ ယခုဟာက အာဏာသိမ်းတဲ့ ပထမပိုင်းဟာ ထင်ထားသလိုမဖြစ်ဘဲ ပြဿနာတွေတက်လာလို့ သူတို့အထဲမှာ မအလကိုဖြူတ်ချဖို့ ဖြစ်လာလို့ပါ။ ဒီနေရာမှာ သူတို့အထဲပြဿနာဖြစ်တာဟာ ဒီမိုကရေစီပေးဖို့ဘို့ ဘာညာမထင်စေလိုပါ။ ယခင်က အာဏာမသိမ်းခင်က ဖွတ်ဥက္ကဌနဲ့ မအလက သူတို့ကို လူတွေကထောက်ခံပြီး မဲခိုးခံရလို့ ရှုံးခဲ့တယ်လို့ ပြောခဲ့ရင်တောင် ယခုပြည်သူက သူတို့ဘက်မှာမရှိတာ ဘရွှေရော မောင်အေးပါ သိမှာပါ။ အချို့အုပ်စုက မအလဟာ စစ်မတိုက်တတ်ဘူး ဒါ့ကြောင့် ရှုံးနေတာ နောက်လူအစားထိုးပြီးတိုက်ဆိုတဲ့အုပ်စုနဲ့ မအလကြောင့် တည်ဆောက်ထားတာတွေ ပျက်သွားလို့ မအလကို ပြန်ဖြုတ်ပြီး၂၀၀၈ အတိုင်းပြန်သွားဆိုသူသာ ရှိမှာပါ။ စစ်တပ်ထဲမှာ တပ်တွေအများကြီးရှိပေမယ့် နေဝင်းမှသည် မအလအဆုံး တပ်ရင်းတစ်ခုအပေါ်မှာ မူတည်ပြီး အာဏာတည်ဆောက်ထားတယ်ဆိုတာ မမေ့ပါနဲ့။ ဒါ့ကြောင့် မအလဟာ နေပြည်တော်တိုင်းမှူးကို သူ့ကိုသစ္စာခံသူကိုခဏခဏထပ်ပြောင်နေတာပါ။ ဘာဘဲပြောပြော မအလက ဘရွှေကိုတော့ ပေါ်တင်အာခံပြလိုက်ပါပြီ။ သမိုင်းဆိုတာက တစ်ကျော့ပြန်လည်တတ်ပါတယ်။ ယခင်က သူတို့အချင်းချင်းပွဲက PDF မရှိတော့ လုပ်ချင်တာလုပ်ရတာ လွယ်ပါတယ်။ ယခုအချိန်မှာက ဘရွှေကိုဖမ်းလို့သူတို့ချင်းပြဿနာ နည်းနည်းလေး တက်ရင်တောင် PDF က ရှိနေလို့ မထင်မှတ်တာတွေ ဖြစ်သွားနိုင်ပါတယ်။ ပြောလိုတာက ဒီမိုကရေစီပေးလိုလို့ သူတို့ချင်းချတာမဟုတ်ပေမယ့်လဲ ကိုယ့်အတွက် အခွင့်အရေးတွေ ပေါ်လာနိုင်ပါတယ်။ မအလအခက် PDF နဲ့ NUG အချက်အဖြစ်သုံးနိုင်ပါစေ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

1 comentario


Myint Soe Oo
Myint Soe Oo
08 dic 2021

ယခု ဆောင်းပါးတွင် သပွတ်အူကဲ့သို့ အတွင်းလှိုက် ရှုပ်ထွေးမှုကို မြင်တွေ့လိုက်ရပါသည်။

တချိန်က နိမိတ်ပုံအဖြစ်သုံးခဲ့သော စာသား။

ဘယ်သူ ခွဲခွဲ ၊ ဒို့ မကွဲ

အမြဲစည်းလုံးမည်။

ကွဲအက်‌ေနသော ပုံရိပ်အတွက် နိမိတ်အလား။

ပြင်ပမှ လူပုဂ္ဂိုလ်တဦးတယောက်ကမှ မခွဲနိုင်ပါ။ ကွဲ အောင် ခွဲသွားသည်က

~ငွေကြေး၊ ဓန စည်းစိမ် ဟူသော လာဘ။

~ပူဇော်ခံရမှုကို အလွန်အကြူးပြုခံရခြင်းဟူသော သက္ကာရ

~ထင်ပေါ် ကျော်ကြားခြင်းကို အလွန်လိုလားခြင်းဟူသော သိလောက

တရားဆိုး သုံးပါးက ကွဲအောင် ခွဲခြင်းဖြစ်ပါသည်။

ပုထုဇဉ်လူပုဂ္ဂိုလ်များပင် မဆိုထားဘိ။

သမုတိသံဃာတော်များကိုပင် ပျက်ဆီး‌ အောင် ဖျက်ဆီးရာ၊ ပျက်ဆီးကြောင်းတရားမို့ ဗုဒ္ဓဘုရားရှင် ပိတ်ပင် တားမြစ်တော်မူခဲ့ပါသည်။

သပွတ်အူ။ အပေါ် အမာအခွံဖယ်၍ အတွင်းသားကို ရေသို့ချကြည့်ပါက??

အခန်း အခန်း အကန့် အကန့် များများဖြင့် ဖွဲ့စည်းထားသည့် သပွတ်အူ၏ အတွင်းသဏ္ဍာန်ကို တွေ့ရပါမည်။

ရေသို့ချသော် (လာဘ သက္ကာရ သိလောက တည်းဟူသော ရေ၊ အလေးဓါတ်) တကန့်ပြီး တကန့်၊ တခန်းပြီး တခန်း ရေဝင်၊အခန်းပြည့် ရေဝင်‌ေရာက်ပြီးသောအခါ သပွတ်အူ ရေအောက်သို့ မြုပ်ရပါတော့သည်။

ပုဂ္ဂလောပိ ဥပနိဿယ ပစ္စယေန ပစ္စယော။

အချင်းချင်း အသီးသီး အပြန်အလှန်ညီညွတ်မှုသည် ( အောင်မြင်မှုအတွက်)

အားကြီးသော အထောက်အပံ့ဖြစ်ပါသည်။

အကြောင်းရှိရာ အကျိုးလာ၏

ကောင်းငှါ ဆိုးငှါ၊ ရှေးကြမ္မာကို

ခွင့်သာရောက်ငြား

ထိုလူအား

ဘုရား မကယ်နိုင်စွာတည်း။

( မာဃဒေဝ )

Me gusta
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page