top of page
Search

မအလဘယ်ရောက်နေလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 9, 2021
  • 1 min read

ဘယ်မှမရောက်ပါ။ တပ်ထဲမှာ အောက်ခြေအဆင့်သူနဲ့ ထိစပ်သူနဲ့ ဆက်ဆံသူ secondary contact မှာ ပိုးတွေ့လို့ သူ့ရောဂါကူးမှာစိုးလို့ အပြင်မထွက်ပါ။ သူဖြန့်ထားတဲ့ပိုးက သူ့နားပြန်လာနေလို့ ရူးချင်ယောင်ဆောင်ပြီး အပြင်မထွက်တာပါ။ နောက် သူလဲ ဘာမှမလုပ်တတ်ပါ။ မြဝတီသတင်းမှာ စစ်တပ်က ပြည်သူ နှစ်သိန်းခြောက်သောင်းကို နေ့တိုင်းကြည့်ပေးတယ်လို့ သတင်းတင်ပေမယ့် ဒီစာရင်းက မတိုးတက်လာပါ။ တကယ်က ပြည်သူတွေအောက်ဆီဂျင်မရလို့ နေရာတိုင်းမှာ မြို့တိုင်းမှာ တန်းစီနေရပါတယ်။ လိုင်းပေါ်က ဟိုမှာရတယ် ဘာညာပြောပေမယ့် တကယ်သွားရင် မရပါ။ စစ်မြေပြင်ကြနေတာပါဘဲ။ ပြည်သူတွေကို တကယ်ချစ်ရင် အားလုံးကို တပ်ဆေးရုံတင်လိုက်ပါ့လား? ကန်သာယာမှာ တင်ကုလိုက်ပါလား? အမေစုလို ထွက်မိန့်ခွန်းပြောဖို့ ကွီးဖြို့တို့ ဆရာဇော်ဝေစိုးတို့လို လုပ်ဖို့ကတော့ ဝေးပါသေးတယ်။

ကိုဗစ်ကြောင့် သေဆုံးခဲ့ရသူတွေအတွက် မအလနဲ့ စစ်ကောင်စီ စစ်ရာဇဝတ်မှုအနေနဲ့ သမိုင်းဒဏ်ခတ်တာ ခံရမှာပါ။ မအလနဲ့ အာဏာသိမ်းဖက်ဆစ်စစ်ကောင်စီလက်မှာ ပြည်သူ့သွေးတွေ စွန်းနေပါပြီ။

 
 
 

Recent Posts

See All
ညွှန်ချုပ်

နိုင်ငံခြားက ညွှန်ချုပ်ဟောင်းတောင် သမ္မတကို ခြိမ်းခြောက်တာနဲ့ အဖမ်းခံရတယ်။ ဗမာပြည်က ညွှန်ချုပ်တွေ အာဏာရူး သမ္မတဖမ်း လူသတ်တာကို သေဒဏ်စီရင်နိုင်မှ ညွှန်ချုပ်တွေ အာဏာထပ်မသိမ်းရဲမှာပါ။ ညွှန်ချုပ်က သူ့အဖေက

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jul 09, 2021

ဦးမြတ်!!! မုန်တိုင်း သတင်းနှင့် မုန်တိုင်းအကြို အနံ့ရပါက ကာရာ ကွယ်ရာမှာ ရှင်သန်ရေး မျှော်တွေးလို့ ပုန်းကြပါသည်။

ကျန်မုန်တိုင်းတွေအတွက် အကာအကွယ်ရှာရရှောင်ပုန်းငြား ရင်တွင်းက သောက မုန်တိုင်းကတော့ ရှောင်ပုန်း၍ မရပါ။

တနေ့ထက်တနေ့ အခြေအနေ ကောင်းတွေက ကိုယ့်ဖက်မှာ မရှိလေလေ ရင်ထဲက လှိုင်းက ဆကဲရိုက်။ လူလုံးမပြတာ ရင်ထဲမှာ အပူလုံးကြွနေလို့ပါဟု သုံးသပ်မိပါသည်။

သောက ပရိဒေဝ ဒေါမနဿ ဥပါယာဿ

သောက ကအစပြုလိုက်ရာ စိတ်လွန်စွာပင်ပန်းဆင်းရဲခြင်း(ဒေါမနဿ) ကိုယ် ပြင်းစွာ ပူလောင်ဆင်းရဲခြင်း(ဥပါယာဿ=ရင်ထု ကြမ်းခုန် မြေလူး အဆင့်)

~အထင်ရှားဆုံးသာဓက

±±±ဒေဝဒတ်အလောင်းအလျာ ရွဲကုန်သည် သူများပစ္စည်း မတရားယူပြီး ကြီးပွါးချင်သည့်ဇောကြောင့် ရင်ထုကာ နာသည့်အတွက် နှလုံးကွဲကာ သေပွဲ ဝင်ရပါသည်။

ရပ်ထဲ ရွာထဲမှာတော့ မတရားသူတို့ နောက်ဆုံးအချိန်ရောက်ခါနီးလျှင် ငါသေရင် ဘယ်များသွားမှာပါလိမ့် ဟူသော တွေးစိတ်နှင့် မှားလေခြင်းဟူသော နောင်တ တဖန်ပူပန်မှု(ကုက္ကုစ္စ)ကြောင့် အချိန်မတိုင်မတိုင်ခင်မှာပင် ဇာတ်သိမ်းရပါသည်။

သောက မုန်တိုင်း ရိုက်ချက်၊ ပြင်းပါဘိ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page