top of page
Search

မအလနဲ့ ဘရွှေ ဘာတွေဆွေးနွေးခဲ့လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 16, 2022
  • 1 min read

ဒီနေရာမှာ အချို့က မအလဟာ ဘရွှေခိုင်းလို့လုပ်တာ ဘရွှေက အကွက်ရွှေ့တာ ဘာညာပြောသူများရှိကြပါတယ်။ ပထမဆုံး မအလဟာ ဘရွှေခိုင်းတာလုပ်နေလား မအလနဲ့ဘရွှေ ဘာတွေဆွေးနွေးခဲ့သလဲဆိုတာကို ရနိုင်တဲ့အထောက်အထားတွေအပေါ်မှာ မူတည်ပြီးရေးပါ့မယ်။ အချို့ကတိုက်ရိုက်သိထားတာဖြစ်ပြီး အချို့က တဆင့်ခံရထားတဲ့ အထောက်အထားအပေါ် အခြေခံပြီးရေးပါ့မယ်။

ပထမက မအလဟာ ဘရွှေခိုင်းလို့ အာဏာသိမ်းတာလားဆိုတာပါ။ မအလဟာ သူကာချုပ်ဖြစ်ခါစကနေ ပထမသိန်းစိန်သက်တမ်းမှာ ဘရွှေကို ကြောက်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကာဝန်၊ ပြည်ထဲရေးနဲ့အရေးကြီးရာထူးများကို ဘရွှေကခန့်ခဲ့လို့ပါ။ သိန်းစိန်ပြုပြင်ပြောင်းလဲရေးလုပ်ချိန်ကစလို့ နေဝင်းမြေးများနဲ့ ထောက်ပြုတ်များက မအလကို ရှေ့တန်းတင်လာခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘရွှေကို လက်စားချေဖို့ပါ။ မအလဟာ NLD အစိုးရလက်ထက် သက်တမ်းတိုးအပြီးမှာ သူ့လူများကိုတပ်ထဲမှာ ခန့်လာနိုင်ခဲ့ပါတယ်။ ဒါက နေဝင်းက ဦးကျော်ငြိမ်း၊ ဦးဘဆွေက အာဏာသိမ်းခိုင်းလို့အာဏာသိမ်းအပြီး သူ့လူတွေကို အစားထိုးပြီးတော့ ဘဆွေ၊ကျော်ငြိမ်းကို ပြန်ဖမ်းတာ၊ ဘရွှေက စောမောင်ကို နေဝင်းအမိန့်နဲ့ဖြုတ်ချပြီး သူ့လူတွေနဲ့အစားထိုး နေဝင်းကို ပြန်ဖမ်းတာနဲ့ ဆင်ပါတယ်။ မအလဟာ ဘရွှေကိုကြောက်လို့ စိန်မြောက်မြောက်က သမိုင်းဝင်တဲ့ည စီစဉ်ပေးအပြီးမှာ သိန်းစိန်ကလဲ ဘရွှေကြောက်လို့ အာဏာလွှဲပေးခဲ့ပါတယ်။ မအလဟာ ဘရွှေနဲ့တွေ့ချိန်မှာ တိုင်းပြည်မှာ ဟိုဟာဖြစ်နေပြီဒီဟာဖြစ်နေပြီဆိုပြီး အမြဲပြောလေ့ရှိပါတယ်။ ဖွတ်သန်းဌေးကလဲ တိုင်းပြည်ကြီး ချောက်ထဲကျမလိုပြောလေ့ရှိပါတယ်။  ဒီအချိန်တွေမှာ ဘရွှေပြန်ပြောလေ့ရှိတာက ဥပဒေအတိုင်းလုပ်ပါဆိုတာ ဖြစ်ပါတယ်။ ဒါက သူတို့က သူတို့နဲ့ နီးစပ်သူတွေကို ပြန်ပြောတာပါ။ မအလနဲ့ နောက်ဆုံးတွေ့ချိန်မှာ အနားမှာ လူအများကြီးမရှိလို့ မသိနိုင်ပေမယ့် ယခင်ကပြောတာက ၂၀၀၈ ဥပဒေအတိုင်းလုပ်ပါဆိုတာပါ။ဥပဒေအတိုင်းလုပ်ပါဆိုတာက တပ်ထဲမှာကတော့ ခင်ညွန့်ကိုလဲ ဥပဒေအတိုင်းလုပ်သွားခဲ့တာပါဘဲ။ယခုအချိန်မှာ မအလဟာ သူအာဏာသိမ်းလို့ရတဲ့အခြေအနေဖြစ်အောင် ခင်ရီ၊ အေးမောင်၊ ယခင်စစ်ထောက်လှမ်းရေးအပြုတ်တွေ၊ ဂူဂူတို့နဲ့ ပေါင်းလုပ်ခဲ့တယ်ဆိုတာ ထင်ရှားလာပါတယ်။ မအလက သူဟာ ဘရွှေဩဇာအောက်ကလွတ်ပြီဆိုတာကို ပြလိုက်တာကတော့ ခင်ညွန့်ကိုသွားတွေ့တာနဲ့ ခင်ညွန့်ကိုဘရွှေရုတ်သိမ်းထားတဲ့ တပ်ပင်စင်ပြန်ပေးခဲ့တာပါ။ အဲ့ဒီမတိုင်ခင်က ဆရာဇော်ဝေစိုး ပုန်းတယ်ဆိုပြီးဝင်ရှာခဲ့တဲ့နေရာဟာ သန်းရွှေရဲ့သားပိုင်တဲ့ အိမ်တစ်ခုပါ။ ဒါဟာ အပေါ်ယံ သာမန်လူတွေမှာ ဘာမှမထူးဘူးလို့ ထင်ရပေမယ့် တပ်ထဲမှာ ကြီးမားတဲ့ အာဏာဖီဆန်မှုပါ။ ဒါဆို ဘရွှေဘာလုပ်နိုင်လဲ? အမှန်အတိုင်းပြောရရင် သူခန့်ခဲ့တဲ့လူတွေဟာ  ၁၀ နှစ်ကျော်သက်တမ်းမှာ ကုန်သွားခဲ့ပါပြီ။ နေပြည်တော်တိုင်းမှူးကအစ အရေးကြီးနေရာတိုင်းကို မအလက သူ့လူတွေခန့်ထားနိုင်ခဲ့ပြီးပါပြီ။ ဘရွှေတိုက်ရိုက်ခန့်ခဲ့သူက သိပ်မကျန်တော့ပါဘူး။ ဒါပေမယ့် မအလဟာ ဘရွှေကို အဆုံးစုံအထိ နေဝင်းတို့လို အာဏာဖီဆန်ဖို့က နွေဦးတော်လှန်ရေးကြောင့် မဖြစ်နိုင်ပါ။ ဘာလို့လဲဆိုတော့ ဘရွှေကိုဖမ်းဖို့ဆိုရင် စိုးဝင်းကသဘောတူမှဖြစ်ပြီး တပ်ထဲက ပုန်ကန်ရင် စစ်မျက်နှာပိုများသွားမှာပါ။

ဒါဆို ဘရွှေနဲ့တွေ့ပြီး ဘာတွေပြောလဲ? ဘရွှေ၊ သိန်းစိန်နဲ့ မအလတို့တွေ့ချိန်မှာ အနားမှာဘယ်သူမှမထားပါ။ ဒါကြောင့်တိုက်ရိုက်သိနိုင်ဖို့ မဖြစ်နိုင်ပါ။ ဒါပေမယ့် သွယ်ဝှိက်တဲ့ အထောက်အထားကတော့ခြေဥကိစ္စ၊ ရွေးကောက်ပွဲကိစ္စ၊ ဖွတ်ဥက္ကဌကိစ္စ၊ ရုရှားကိစ္စလို့ အကြမ်းဖျင်းသိထားကြပါတယ်။ ဘာလို့လဲဆိုတော့ ထိုတွေ့ဆုံပွဲအပြီးမှာ သန်းဌေးကို ဘရွှေက ခေါ်ပြောခဲ့တာတွေရှိပြီး ထွက်ခိုင်းခဲ့တာပါ။သိန်းစိန်က သူခန့်ခဲ့တဲ့လူတွေကို ခင်ရီကိုထောက်ခံဖို့ ခေါ်ပြောခဲ့တာကလဲ တိုက်ဆိုင်တာမဟုတ်ပါ။ရုရှားကိစ္စက ဘက်မလိုက်မူဝါဒကနေ ရုရှားဘက်လိုက်ပြီး လိုအပ်ရင် ရုရှားစစ်စခန်းပေးဆောက်ဖို့ဆွေးနွေးတာပါ။ သူ့အမိန့်ကတော့ ရုရှားကတောင်းခံလာရင် ဘယ်နေရာကိုပေးနိုင်မလဲ စမ်းစစ်ခိုင်းတာပါ(feasibility study) ပါ။ ရခိုင် နဲ့ တနင်္သာရီက ရှေ့ပြေးပါတယ်။ ရခိုင်က တရုတ်နဲ့ ဘင်္ဂလားကို ဟန့်ဖို့နဲ့  တနင်္သာရီက ထိုင်းက အမေရိကန်ကို ရုရှားနဲ့ ဟန့်ဖို့ပါ။ မိုးအောင်ကို လုပ်ခိုင်းထားပါတယ်။ ဒါကတပ်ထဲမှာ သူကနုတ်မိန့်ထုတ်တာပါ။ မိုးအောင်က အောက်ကကောင်တွေကို ခေါ်ပြောပြီး ရေးခိုင်းတာပါ။ ရွေးကော်ကိုလဲ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ခိုင်းထားပါတယ်။ သူ့ကို ရွေးကောက်ပွဲလုပ်ဖို့ ၂၀၀၈ ခြေဥအရသာလုပ်ဖို့ ဘရွှေက ပြောထားပုံပါ။ ဒီနေရာမှာ ဖွတ်ကိစ္စနဲ့ ရုရှားကိစ္စက အလွန်သေချာပြီး ရွေးကော်ကိစ္စက သူ့ညွှန်ကြားချက်တိုက်ဆိုင်တာလဲ ဖြစ်နိုင်ပါတယ်။

ယခုရေးတာက အထောက်အထားအချို့ပေါ်မှာ မူတည်ပြီးရေးထားတာပါ။ သူတို့မှာ တူညီတာကစစ်တပ်ကနေ ပြည်သူကို ဆက်လက်ကျွန်ပြုလိုတာပါ။ ဘရွှေအနေနဲ့က မအလကို သူ့ ၂၀၀၈ အတိုင်းသွားပြီး သမ္မတလုပ်ရင်တောင် တပ်ချုပ်ကစွန့်သွားရင် သူထိန်းရပိုလွယ်မှာကို သူသိနေပုံပါ။ ပြည်သူကတော့ မိမိလုပ်စရာရှိတာကိုလုပ်ပြီး ရွေးကောက်ပွဲကို မရရအောင် ဖျက်ရမှာပါ။ နောက်ဆုံးကတော့ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

Kommentare


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page