top of page
Search

မအလနဲ့ စစ်တပ်အုပ်ချုပ်ရင် တိုင်းပြည်ကောင်းမှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 10, 2021
  • 1 min read


နေဝင်းမြေးက သူ့အဘိုးမူဝါဒကကောင်းတယ် လူမကောင်းလို့ဆိုပြီး ယခင်က အရူးစကားပြောဖူးတယ်။ အချို့ ဘောမပညာရှင်များကလဲ မူကောင်းတာ လူမကောင်းလို့ဆိုပြီးပြောတာလဲရှိတယ်။ ဒီနေရာမှာ သမိုင်းကိုပြန်ကြည့်ရင် မြန်မာပြည်မှာ နေဝင်းအာဏာသိမ်းအုပ်ချုပ်ကထဲက တိုင်းပြည်မွဲသွားတာ အားလုံးသိပြီးသားပါ။ အချို့က မအလ အုပ်ချုပ်ရင်တိုင်းပြည်ကောင်းမယ်ထင်တဲ့ ကျပ်မပြည့်သူများရှိတာကိုလဲ တွေ့ရပါတယ်။ ယခုရေးပြလိုတာက မအလနဲ့စစ်တပ် ဆက်အုပ်ချုပ်ရင် တိုင်းပြည်ဘာဖြစ်မလဲဆိုတာပါ။

တိုင်းပြည်မှာ စနစ်ကအရေးကြီးပါတယ်။ ဥပမာ DASSK အုပ်ချုပ်စဉ်ကာလကိုကြည့်ပါ။ ကိုဗစ်ကာလ ကျောင်းဖွင့်မယ် ပထမပိုင်းလုပ်တယ်။ ဆရာမတွေ မိဘတွေရဲ့အသံကို နားထောင်တယ်။ သူမဝန်ကြီးကတော့ အထက်ကမူဝါဒချတာပေါ့။ သူမက ပြည်သူ့အသံနားထောင်ပြီးညှိပေးတယ်။ ထို့အတူဘဲ ရန်ကုန်မှာ ကိုဗစ်စင်တာဖွင့်တယ်။ လိုတာရှိတယ်။ ပြည်သူတွေကပြောတယ်။ ကွီးဖြိုးနဲ့ ဆရာဇော်ဝေစိုးက အချိန်နဲ့အညီ ဖြေရှင်းပေးတယ်။ အထက်ကမူဝါဒတိုင်း အုံဖွမဟုတ်ဘူး။ ပြည်သူရဲ့အသံနားထောင်ပြီး ပြုပြင်တယ်။ ဒါ့ကြောင့် အောင်မြင်တယ်။

ယခုမအလအာဏာသိမ်းတက်လာတယ်။ ဒါကိုက ပြည်သူ့အသံမနားထောင်တာ။ ဒါ့ကြောင့်ပြည်သူတွေက ဆန္ဒပြတာ။ ဒါကို ပစ်ခတ် အကြမ်းဖက်နှိမ်နင်းတယ်။ ပြည်သူတွေက သူ့ကိုလက်နက်စွဲကိုင်တော်လှန်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ပြည်သူနဲ့ NUG ဘာမှမလုပ်ရသေးခင်ကို မအလရဲ့ မူဝါဒတွေဟာ တိုင်းပြည်ကိုခွေးဖြစ်အောင်လုပ်နေတယ်ဆိုတာ သိသာတယ်။ ရက်ပိုင်းအတွင်း ထပြောတာတွေက ပိုဆိုးလာတာတွေ့ရတယ်။ ကိုဗစ်ကာကွယ်ဆေးပြည်တွင်းမှာထုတ်မယ်ဆိုတာအထိက အရေးမကြီးသေးဘူး။ သန်း ၅၀ ဖိုး ပြည်ပက ဝယ်ရရင် မွဲသွားမယ်ဆိုတာက ပြည်သူကို စေတနာမရှိတာကို ပြသွားတယ်။ ကိုဗစ်ဆေးက ဒေါ်လာ၂၀ လောက်သာရှိတာပါ။ အစိုးရစျေးဆိုရင် အများကြီးသက်သာနိုင်ပါတယ်။ ဒါ့ကြောင့်DASSK က ကုလ၊ WHO နဲ့ အခြားအဖွဲ့တွေ ပြည်သူတွေထံက အလှူခံပြီး လုပ်တာပါ။ ဒီမိုအစိုးရတွေက လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဘူးလို့ ခံယူပေမယ့် မအလကတော့အာဏာထက်အရေးကြီးတာ ဘာမှမရှိပါလို့ ခံယူသူပါ။

နောက်ကိုဗစ်ကုသဆေးကို တိုင်းရင်းဆေးနဲ့ ကုပါလို့ ပြောသွားပါသေးတယ်။ သူ့မိန်းမနဲ့သားသမီးတွေ ကိုဗစိဖြစ်မှ တိုင်းရင်းဆေးနဲ့ကုပါလို့ ပြောပါရစေ။ သူ့မွေးခါစမြေး နှလုံးပိတ်တာတောင် ဘန်ကောက်မှာသွားကုသူက ဒီစကားပြောတာဟာ ရယ်စရာပါ။ မြန်မာပြည်မှာကိုဗစ်ဆေးမပြောနဲ့ ဆေးထိုးအပ်တောင် အနိုင်နိုင်ထုတ်နေရတာပါ။

တိုင်းပြည်အုပ်ချုပ်တယ် တိုးတက်အောင်လုပ်တယ်ဆိုတာ တပ်ထဲက ကြက်မွေး၊ ဝက်မွေးပြတာထက် အများကြီးခက်ပါတယ်။ ခိုးဖို့သာသိသူ တပ်ချုပ်နဲ့ သူခိုးနောက်လိုက်များဟာ ၆လအတွင်းမှာ တိုင်းပြည်ကို ၁၉၅၈ အထိပြန်ရောက်အောင် နောက်ပြန်ဆွဲခဲ့ပြီးပါပြီ။

မအလနဲ့ စစ်တပ်ဆက်အုပ်ချုပ်ရင် တိုင်းပြည်ဟာ မတိုးတက်ဘဲ အဝီဇိသာရောက်ဖို့ရှိကြောင်း သတိပေးပါရစေ။ တိုးတက်တာက မအလသားသမီးရဲ့ ဘဏ်စာရင်းသာဖြစ်မှာပါ။ပြည်သူက ယခုထက်ပို မွဲမှာပါ။ ပြည်သူအားလုံး စဉ်းစားရမှာက မြောက်ကိုရီးယားလို တစ်တိုင်းပြည်လုံး အကျဉ်းကျခံပြီး ငတ်အသေခံမလား ဒါမှမဟုတ် ဒုတိယကမ္ဘာစစ်ကလို ဖက်ဆစ်ကို တိုက်ယူမလားဆိုတာပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 10, 2021

ဦးမြတ်!!! လူ => အယူ => မူ

လူသာ ပဓာနပါ။ ယူတဲ့ အယူ အရေးကြီးပါသည်။ အယူ(အမြင် အတွေးအခေါ် /သမ္မာဒိဌိ) ။ အယူ ကောင်းမှ အကြံကောင်း(သမ္မာသင်္ကပ္ပ)။ အယူအမြင်မှန် အကြံကောင်းမှ ဖြူသောမူ ရပါသည်။

လူ လူချင်း စာနာထောက်ထားတတ်ရန် လိုအပ်သည် ဆိုသော အယူနဲ့ ကျင့်သုံးအုပ်ချုပ်နေတဲ့ တိုင်းပြည်များမှာ လူ့ချမ်းသာ လူ့စည်းစိမ်မှန်သမျှ အညီအမျှ ခံစားရပါသည်။

နေရာတကာ ငါတကောကော ငါ့သဘောဆိုသော(ဧကရာဇ် / ဧက = တစ်ယောက် ၊ ရာဇ = ဘုရင် မင်းလုပ်)သူတွေ အုပ်ချုပ်သော တိုင်းပြည်များမှာ မြင်သိကြားတွေ့နေရသည့်အတိုင်းဖြစ်ပါသည်။

လူသာ အဓိကကျကြောင်း သက်သေပါ။


*******************************

ကိုးကွယ်ခံ ဘာသာတရားများ၏ အဆုံးအမများသည် ~ ကိုယ်ချင်းစာတရား အခြေခံသော ကြင်နာသနားခြင်းထားရှိရန်သာ ဆုံးမကြပါသည်။

ဗုဒ္ဓဘာသာ အဆုံးအမတွင်လည်း မေတ္တာ ကရုဏာ မုဒိတာ ကို မြတ်သောသူတို့အကျင့်ဟု ဆုံးမထားပါသည်။

အခြေခံအုတ်မြစ်ကောင်းသော်လည်း အုပ်ချုပ်မင်းလုပ်သူတွေ ဘာသာအဆုံးအမကို အလေးမထား ငါတကောကောမှုကြောင့် ဆင်းရဲခဲ့ရသည်မှာ ငြင်းမရသော အချက်ပါ။ အစဥ်အဆက်က တဏှာပူးသည့် အာဏာရူးတွေမို့ အစစ်အမှန် ပျောက် ၊ ကယ်တင်ရှင် တန်ခိုးရှင်အယူသို့ သက်ဝင်သော ဗေဒင် ယတြာ ကိုသာ ကိုးကွယ်ခဲ့ကြသည်မှာ အထင်အရှားပါ။

မဟာဝိဇယစေတီ ၊ ကျောက်တော်ကြီးဘုရား၊ နပတ ပျဥ်းမနားမှာ အမြင်မလျော်သည့် ဆင်းတုတော်များ ၊ စေတီပုထိုးဘွဲ့များ(အာဏာတည်စေ ပလ္လင်မြဲစေ/ဗုဒ္ဓကိုကြည်ညို၍ မဟုတ် ၊)ထောက်ရှုခြင်းဖြင့်သိသာလှပါသည်။

တနည်း လူသားစွမ်းရည် တုံးမှုကို ဖော်ပြနေခြင်းဖြစ်ပါသည်။အတ္တာဟိ အတ္တနော နာထော ဘုရားရှင်အဆုံးအမ မျက်ကွယ်ပြုလာကြခြင်းဖြစ်ပါသည်။ ကမ္ဘာက Golden Land: Land of Pagodas ဟု အမွန်အမြတ်အနေနဲ့ အဆုံးအမကောင်းတွေနဲ့တိုင်းပြည်ရယ်လို့…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page