top of page
Search

မအလနှင့် အီရန်ဆက်သွယ်မှု

Writer: Myat Tun OoMyat Tun Oo

ယခုရက်ပိုင်း နေပြည်တော်မှာ အီရန်က လေယဉ်တွေဆင်းတာ အားလုံးကြားသိမှာပါ။ ဘာကြောင့်လဲရေးလိုပေမယ့် သတင်းအတိအကျ စောင့်ရလို့ ကြာသွားခဲ့ပါတယ်။ သီအိုရီအရ မအလက မူစလင်ဆန့်ကျင်သူ ဗုဒ္ဓဘာသာ စောင့်ရှောက်သူလို့ ပုံဖော်ဖို့ကြိုးစားနေလို့ အီရန်နဲ့ ဆက်ဆံမှုက ဝါရှင်တန်၊လန်ဒန်နဲ့ တာလ်အဲဗစ်တို့မှာ ထူးဆန်းနေမှာပါ။

ယခင်က မအလဟာ ၂၀၀၈ ခြေဥအရ အာဏာရယူထားပြီး တပ်ကိုကိုင်ကာ DASSK အစိုးရကို ဒုက္ခမျိုးစုံပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ ကမ္ဘာက မအလဟာရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ရန်ကြံရွယ်ခဲ့တယ်ဆိုပြီး သိသွားခဲ့ပါတယ်။ မအလဟာ DASSK အစိုးရကို ဖြုတ်ချဖို့ ရခိုင်အမျိုးသားရေးအစွန်းရောက်အချို့၊ မဘသအချို့နဲ့ပေါင်းပြီး ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူ့တပ်ကလက်လွန်သွားပြီးရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရပါတယ်။ ဒါ့ကြောင့် ICJ မှာ အမှုရင်ဆိုင်နေရပြီး ICC ကလဲ သူ့ကို ဆူဒန်အာဏာရှင် ဘာရှားလို ဖမ်းဝရမ်းထုတ်မှာ သေချာပါတယ်။ ထိုအချိန် အလွှဲမခံရဖို့က ၂၀၀၈ ခြေဥအရသူသမ္မတဖြစ်မှသာ ရမှာပါ။ ဒါပေမယ့် သူ့ကို သမ္မတပေးခဲ့ရင်တောင် သူ့ကိုမလွှဲရင် စီးပွါးရေးဒဏ်ခတ်ခံရမှာဖြစ်ပြီး သူ့ကြောင့်တိုင်းပြည်ပိုနာဖို့သာရှိလို့ DASSK က ငြင်းလိုက်ရတာပါ။ သူ့ကိုသမ္မတမပေးလို့ မဲပြဿနာနဲ့ ပြဿနာရှာတာပါ။ တကယ်မဲခိုးတာက စစ်တပ်ပါ။ နောက် လူဝန်မှုကြီးကြပ်ရေးနဲ့ ရွေးကော်အတွင်းရေးမှူးတွေက မိုးကျတွေမိုလို့ သူတို့လုပ်တဲ့မဲကို သူတို့ကမှားတယ်ပြောတာက ရယ်စရာပါ။

ဒါဆိုအီရန်နဲ့က ဘယ်လိုပတ်သက်လဲ? အချို့က မြန်မာစစ်တပ်ဟာ စစ်ရေးအတွေ့အကြုံများတယ်အင်အားကြီးတယ်ဆိုပြီးပြောကြပါတယ်။ ဒါပေမယ့် လူများစုဗမာများက လက်နက်စွဲကိုင် တိုက်ခိုက်ရာမှာ အထိနာသွားခဲ့ပါတယ်။ အစပိုင်းမှာ ဇော်မဲလုံးတို့က လှောင်ခဲ့ပေမယ့် ယခုမလှောင်နိုင်တော့ပါ။ယခုဆိုရင် အချို့နေရာတွေမှာ မအလတပ်က အဝိုင်းခံထားရသလိုတောင် ဖြစ်နေခဲ့ပါတယ်။ ဆီးရီးယားမှာလိုပေါ့။ မအလဟာ ဆီးရီးယားမှာတိုက်ခဲ့တဲ့ အတွေ့အကြုံရှိသူထံက အကူအညီလိုချင်ပါတယ်။

ဒါ့ကြောင့် အီရန်အထူးတပ် ဒုတပ်မှူး ဗိုလ်ချုပ်မိုဟာမက်ရီဇာ ဖာလာဇဒါက စိုးဝင်းနဲ့ နှစ်နာရီလောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ သူနဲ့ပါလာတဲ့ စစ်ဖက်ဆိုင်ရာလူတွေကို နေပြည်တော်မှာ သင်တန်းပေးဖို့ထားခဲ့ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ မအလက အီရန်ထံကနေ မြေပြင်က ဝေဟင်ပစ်3rd of Khordad ဆိုတဲ့ လက်နက်ကို ဝယ်ခဲ့ပါတယ်။ ဒါက မောင်းသူမဲ့လေယဉ် ပစ်ချလို့ရတဲ့ လက်နက်ပါ။ အီရန်က အမေရိကန် RQ-4 drone ကို ပစ်ချရာမှာ သုံးခဲ့ပါတယ်။ ဒီလက်နက်ကို အမေရိကန်နဲ့PDF drone ကို ပစ်ချလို့ရအောင် ဝယ်တာပါ။ ဒီလိုဝယ်တာက အီရန်ကနေ လက်နက်မဝယ်ရဆိုတဲ့ ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၂၃၁ ကို မအလက ချိုးဖောက်လိုက်တာပါ။ နောက်အီရန်ကနေမောင်းသူမဲ့လေယဉ်အချို့ကိုလဲ ဝယ်လိုက်ပါတယ်။ အီရန်လေယဉ်တစ်စီးက သုံးတန်လောက်လက်နက်တင်လာတယ်ဆိုတာ သိထားပါတယ်။ ဒီလက်နက်တွေကို ရုရှားနဲ့ တရုတ်ကနေ မဝယ်ဘဲ အီရန်က ဘာလို့ဝယ်လဲဆိုတာက စိတ်ဝင်စားစရာပါ။ တရုတ်က ဝင်မပါလိုတာရယ် အီရန်ကို ရိုဟင်ဂျာကိစ္စ ကြားပွဲစားလုပ်စေချင်တာတွေကြောင့် ဝယ်တာဖြစ်ပြီး အဓိကက အီရန်ကြောင့် ဆီးရီးယားမှာအာဆတ်အရေးသာလာလို့ နည်းလမ်းတွေတောင်းတာပါ။

ယခုကတော့ အမေရိကန်၊ အီးယူ၊ ကုလနဲ့ ယူကေတို့က ကုလဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး အီရန်ထံက တားမြစ်လက်နက်ဝယ်တဲ့ မအလကို ဘာလုပ်မလဲ စောင့်ကြည့်ရပါမယ်။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

1 comentario


Myint Soe Oo
Myint Soe Oo
21 ene 2022

ဦးမြတ်!!! တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာ မဖောက်။

စာတမ်းကြီးက ပြုံးဖြီးဖြီးနဲ့ ၊ရှက် တတ်လျှင်ပေါ့။ အသက်နှင့် အရှက် ။အသက်တော့ အသေမခံနိုင် ၊ အကျင့်ပျက်တဲ့ အရှက် မငဲ့ကွက်နိုင်တော့ပါ။

မနေ့က ရေးခဲ့သလို အာဏာရှိစဉ်ကာလ

အမှောင်ခိုကာ စု* ပုံ *ထားသမျှနဲ့ အေးအေးလူလူ အ *နား* ယူချင်တဲ့အကြံမအောင်မြင်ခဲ့လေတော့ ဆက်၍သာ *မိုက်* ရပါတော့မည်။

အစ္စရေး လော်ဘီ၊ စီအင်န်အင်န်သတင်းထောက် အစပြု ဟွန်ဆန်ထိ ဆွဲခဲ့သော ကောက်ရိုးမျှင်များ သူ့အပေါ်ချည်းပြုတ်ပြုတ်ကျ ၊ အကျပ်အတည်း တွင်း ထဲကကို တက်မရဖြစ်နေပုံကို မြင်တွေ့နိုင်ပါသည်။

နောက်ဆုံးသော တမျှင်ကို ပုံတူကူးချသည်ဟုလည်း မြင်မိပါသည်။တိုက်ဆိုင်သည်လား? အချိန်ကိုက် ရောသမမွှေသည်လေလား?


၂၀၂၂ ဇန် ၁၁ ရက်နေ့စွဲဖြင့်၊ ထွန်းမြင့်အောင် (ဒု ညွှန်မှူး) တိုင်းဒေသကြီးသာသနာရေးမှူရုံး၊ (ပြည်) လက်မှတ်ထိုးဖြင့် စာတစောင် ထွက်ပေါ်လာပါသည်။

∆∆∆ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲမသမာမှု မတရားပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ စာအုပ် ဖြန်ဖြူးခြင်း∆∆∆

~ဘုန်းတော်ကြီးကျောင်း ၊ သီလရှင်ကျောင်း တစ်ကျောင်းလျှင် ၁ အုပ်

~စာသင်သားသံဃာ ၁၀၀ အထက်ရှိသော စာသင်တိုက်များ ၃ အုပ်

ဖြန့်ဖြူးရန်ဖြစ်ပါသည်။

အမျိုး ဘာသာ သာသနာ ( မဘသ )နှင့် အလုပ်မဖြစ်မှန်းသိလာချိန်မှာ သံဃာများနှင် ကိုးကွယ်သူ ပြည်သူတို့ ထိပ်တိုက်တွေ့စေရန် ဖန်တီးမှု တစ်ရပ်ဟုလည်း မြင်မိပါသည်။ ( ရွာတွေမှာ တပ် စခန်း ချလျှင်၊ ဘုန်းတော်ကြီးကျောင်းများကို ဦးစားပေးအဓိကထားသည်ကို သတိပြုသင့်ပါသည်။ရွာတွေမှာက ဘုန်းတော်ကြီးများက ဩဇာသက်ရောက်မှုရှိသဖြင့် တချက်ခုတ် ပီဒီအက်ဖ်နှင့် အားပေးသူကိုဖြတ်နှစ်ချက်ပြတ်ရန် ရည်ရွယ်ရင်း ရှိဟန်တူပါသည်)

အီရန်မှာကလည်း ခိုမေနီသည်???

ခုချိန် စပါးကလပ်ပိုင်ရှင် ဘိုင်ဂူဖျောင်းကို…


Me gusta
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page