top of page
Search

မအလနှင့် ဖက်ဆစ်ခေါင်းဆောင်အချို့၏ ပြည်သူအပေါ်အမြင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 4, 2021
  • 1 min read

ree

ယခုရေးတာတွေဟာ မအလသင်တန်းတွေမှာပြောတာ သူ့PSO တွေနဲ့ပြောတာ၊ သူ့လက်အောက်က လူအချို့ကို မေးတာတွေကနေ သူ့ရဲ့ မြန်မာပြည်သူတွေအမြင်ကို တင်ပြလိုက်ပါတယ်။ ဒါမှရန်သူကိုသိပြီး ကြိုပြင်နိုင်အောင်ပါ။

ပထမ မအလက မြန်မာပြည်သူတွေကို ကောက်ရိုးမီးလို့ ယူဆပါတယ်။ စိတ်ဆိုးခဏသာဖြစ်ပြီးပွဲလမ်းသဘင် လုပ်ပေးလိုက်ရင် ကြာရင်မေ့သွားမယ်လို့ ယူဆထားပါတယ်။ ဒါ့ကြောင့်သူကအချိန်ဆွဲပြီး ပြည်သူတွေမေ့လောက်မှ ရွေးကောက်ပွဲကို လိမ်လုပ်ရင် သူနိုင်နိုင်တယ်လို့ တွက်ထားပါတယ်။ သူ့ရဲ့ အထောက်အထားက ၁၉၆၂ နဲ့ ၁၉၈၈ ၊ ၂၀၀၇ တွေပါ။

ဒုတိယက ပြည်သူတွေကို ငတ်အောင်ထားပြီး စားဝတ်နေရေးနဲ့ အလုပ်ရှုတ်နေရင် သူ့ကို မပုန်ကန်နိုင်ဘူးလို့ တွက်ထားပါတယ်။ ကိုဗစ်ရောဂါထချိန်မှာ အုပ်ကြီးသေတာ လျော့သွားတာကို ထောက်ပြလေ့ရှိပါတယ်။

တတိယက မြန်မာလူမျိုးက မေ့လွယ်ကြောင်း ခွင့်လွှတ်တတ်ကြောင်း အမိန့်အရလုပ်တာလို့ပြောရင် လက်စားချေလေ့မရှိကြောင်း သူကပြောလေ့ရှိပါတယ်။ နေဝင်းမြေး၊ ခင်ညွန့်၊ ဘရွှေတို့ကိုအာဏာမဲ့ချိန်မှာ မည်သူကမှ လုပ်ကြံမှုမရှိတာကို သူကထောက်ပြလေ့ရှိပါတယ်။

စတုတ္ထအနေနဲ့ သူ့အောက်က ရေချုပ်သမီးကအစ အနောက်နိုင်ငံတွေမှာရှိပြီး အသက်အန္တရာယ်မရှိ လုံခြုံနေတာကိုလဲ ထောက်ပြလေ့ရှိပါတယ်။ စစ်ထောက်ချုပ်သမီး ဂျပန်မှာ ဘာမှအသက်အန္တရာယ်မရှိတာကိုလဲသူက သူတို့တွေက ဘာမှလုပ်မရပါ မပူပါနဲ့ ဂျပန်ကတရားဥပဒေစိုးမိုးပါတယ်ဆိုပြီး ပြောလေ့ရှိပါတယ်။

နောက်ဗျူဟာက ဒီမိုခေါင်းဆောင်တွေကြား သွေးကွဲအောင်လုပ်ဖို့နဲ့ ငွေကြေးကိစ္စနာမည်ဖျက်ဖို့အချို့ကို ဘာသာခြားဆိုပြီး ခေါင်းစဉ်တပ်သွေးခွဲဖို့ ကြိုးစားဖို့ ညွှန်ကြားထားတာပါ။

ဒီမိုတွေအနေနဲ့ မအလအကြောင်းသိရင် ကြိုတင်ပြင်ဆင်ပြီး အောင်ပွဲဝင်နိုင်လိမ့်မယ်ထင်ပါတယ်။ ဒါ့ကြောင့်စာရေးသူက မအလကို စိန်ခေါ်ရင် ကွီးဖြိုးအသတ်ခံရရင် သူ့သားသမီးနဲ့ မြေးမတွေကို တရားဥပဒေနဲ့အညီ အရေးယူမယ်လို့ ပြောပြထားတာပါ။ မအလနား ကပ်ဖို့က မဖြသ်နိုင်ပေမယ့် သူအာဏာမဲ့ရင် သူးသမီး မြေးမတွေက ကပ်ရလွယ်မှာပါ။ အမိန့်အရဆိုသူများရဲ့သားသမီးမြေးတွေကိုလဲ အမိန့်အရပေါ့။အချို့ကိစ္စတွေမှာ ရန်သူရဲ့ အားသာချက် အားနည်းချက်ကိုသိရင် တိုက်ပွဲက လွယ်နိုင်ပါတယ်။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 05, 2021

ဦးမြတ်!!! ဖွတ်မြီးနှင့် ဖွတ်ချည် ဆိုသောစကားအရပါ။ သူတို့အသိုင်းဝန်းက တွင်တွင်ကျယ်ကျယ် ဝါဒဖြန့် လက်သုံးစကား **မ ဖျက်လျှင် ၊ ပြည်ပျက်မယ်**။သူ့ လက်တစ်ချောင်းထိုးလျှင် ကိုယ့်ဖက်သို့ ထိုးမည့် လက်ချောင်းများကိုလည်း ထည့်တွက်သင့်ပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟုတ်ပါသည်။ မ ဖျက်လျှင် ၊ ပြည် ပျက်မည်။ ရာနှုန်းပြည့်ကို မှန်နေပါသည်။

မ လုပ်နဲ့ ။ တားမြစ်ထားသော ငါးချက် သွက်သွက်ကြီး ဖောက်ဖျက်ခဲ့ကြပါသည်။

သို့ပါ၍ ပျက်ဆီးခြင်း ၅ ပါးမက ပျက်ဆီးခဲ့ရပါပြီ။

~ မ သတ်နဲ့(O2 ဖြတ်သည့်နောက်တော့?)

~မ ခိုးနဲ့(တပါးသူ မကြည်ဖြူ မပေးသော ပစ္စည်း အဓမ္မနည်းဖြင့် မလုယူရ)

~မ ယုတ်နဲ့( အမျိုးသမီးများအပေါ် ကျုးလွန်ပါက ကာမေသု အမှုထိုက်သည်ထက် လိင်တူချင်း ဆက်ဆံမှုသည် အဓမ္မရာဂ က ပို၍ ဆိုးဝါးပါသည်။ သဘာဝတရားကကိုလက်မခံကြောင်း HIV/AIDS က သက်သေပြ ဆုံးမထားပါသည်။)

~လိမ်ညာ ဖြီးဖြန်း မဟုတ်တမ်းတွေ

မ ပြောနဲ့။(စာမဖွဲ့တော့ပါ)

~မူးယစ် မှန်သမျှ မသုံးနဲ့(အထူးရေးပြရန်လိုမည် မထင်တော့ပါ)

ကာမဆန္ဒကိုပင် လာဘ် အဖြစ်သုံးစားနေပြီဖြစ်သောကြောင့်။

ကာမရာဂ ဆူဆူပွက်က မငြိမ်းချမ်းရာ ပျက်ဆီးရာတည်း ဟူသော အဆုံးအမ။

အဆိုပယအကြောင်းများ ပေါင်းစုံ ၊ ပြင်းအားတွေ ထုံ လာသောအခါ ပျက်ဆီးရပါတော့သည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက် မ တလုံးမှာ ၊ အိမ်ထောင်၏ ပဲ့ကိုင်တည်းဟူသော အိမ်ရှင် မ (ဇနီးမယား)

ငယ်ငယ်တုန်းက သီချင်းပါ။

လေဟာပြင်(စျေး)တို့ ၊ ဗိုလ်ချုပ်အောင်ဆန်းစျေးတို့ ဝယ်ခိုင်းသော သီချင်း။

အမေပြောတော့ တစ်လ

မယားပြောတော့ တစ်ည

ဆိုရိုးစကား မှန်လွန်သလို မလွန်ဆန် ဝံ့ကြပါ။ အထင်ရှားဆုံးသာဓက။ အရှင်မောဂ္ဂလန် အလျောင်းအလျာဘဝက မိဘများကို…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page