top of page
Search

မအလနှင့် ပရိုတိုကော

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 27, 2021
  • 1 min read

မအလနှင့် ပရိုတိုကော


မအလဟာ အလွန်ဆုံး ၂၀၀၈ ခြေဥအရ ဖြစ်နိုင်တာက ဒုသမ္မတပါ။ ယခုအာဏာသိမ်းလို့ သူပုန်ပေါ့။ အကြမ်းဖက်သမားပါ။ သူက ရုရှားထံက လက်နက်ဝယ်တယ်။ ဖောက်သယ်ပေါ့။ နှစ်စဉ်လုံခြုံရေးဆိုင်ရာ အစည်းအဝေးကို ကာကွယ်ရေးဝန်ကြီးအဆင့်ဖိတ်ပေမယ့် သူက အရှက်မရှိသွားပါတယ်။ ရုရှားက သူတို့ရေတပ်စခန်း (သို့) ဆီးရီးယားမှာလို ခြေစိုက်စခန်း မြန်မာပြည်မှာ ဖွင့်လိုကြောင်း ထပ်ပြောပါတယ်။ ဆိုဗီယက်က ဗီယက်နမ်က

Cam Ranh Bay မှာ ၁၉၇၄ ကနေ ၂၀၀၂ အထိ ငှါးသုံးခဲ့ပြီး နောက်ပိုင်း အရှေ့တောင်အာရှမှာအခြေစိုက်စခန်းမရှိလို့ အလကား လိုချင်ပါတယ်။ ဗီယက်နမ်က ထိုအချိန်က ၂၅နှစ့် ပြည့်အပြီးမှာ ငှါးခ ဒေါ်လာ သန်း၂၀၀ တောင်းလို့ ပျက်သွားခဲ့တာပါ။ ဒါက မြောက်ဗီယက်နမ်ကို ဆိုဗီယက်က လက်နက်ထောက်ပံ့ခဲ့လို့ ကျေးဇူးပြန်ဆပ်ရတာပါ။ ၂၅ နှစ် တော်လှန်ရေးအတွက် လက်နက်ကျေးဇူးဆပ်ဖို့ အလကား ငှါးခဲ့ပြီး သက်တမ်းပြည့်ချိန်မှာမ သက်တမ်းတိုးခ ပိုက်ဆံတောင်းတာပါ။


ဒီနေရာမှာ မအလကို ပူတင်ကမတွေ့ပါ။ လက်ခံတွေ့သူက လုံခြုံရေးကောင်စီအတွင်းရေးမှူးယခင်အစိုးရလက်ထက် ဝန်ကြီးဦးသောင်းထွန်းလိုလူပါ။ အပြီးမှာသူက Tatarstan တာတာစတန်ပြည်နယ်ကို သွားလည်ပါတယ်။ အဆိုပါ ပြည်နယ်က တရုတ်ပြည် ယူနန်လို အမေရိကန်က ကယ်လီဖိုးနီးယားလို မြန်မာပြည်က ရှမ်းပြည်လို ပြည်နယ်ပါ။ အဆိုပါပြည်နယ်မှာ သမ္မတ၊ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်ဆိုပြီး ရှိပါတယ်။ သူ့သမ္မတက မြန်မာပြည်က ပြည်နယ်/တိုင်းဝန်ကြီးချုပ်အဆင့်နဲ့ညီပါတယ်။ သူ့ဝန်ကြီးချုပ်က မြန်မာပြည်က ရှမ်းပြည်နယ်လုံဝန်ကြီးအဆင့်ဒုဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးထက် နှိမ့်ပါတယ်။ ဒါ့ကြောင့် သူ့ကို ကြိုတာက အဆင့်မရှိသူကကြိုတာပါ။ မအလကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်အဆင့် သူတို့အခေါ် သမ္မတက တစ်ခါသာ တွေ့ပါတယ်။ မအလကတော့ ဘယ်သူနဲ့တွေ့ရတွေ့ရ ဟိုတိုင်းပြည်က ခွေးကထွက်ကြိုရင်တောင် တွေ့မယ့်သဘောပါ။ ယခုအချိန်မှာ NUG က ဝန်ကြီးအဆင့်တွေတောင် ဥရောပက ဝန်ကြီး ဒုဝန်ကြီးအဆင့်တွေနဲ့ တွေ့နိုင်တဲ့ အခြေအနေပါ။

မအလကို ကြိုတာက ဖောက်သည်ကို ကြိုသလိုပါ။ သူဝယ်နိုင်အောင် ကုလမှာ လက်နက်ရောင်းတာ ပိတ်ခိုင်းရင် ဗီတိုသုံးနိုင်ပါတယ်။ ဒီခရီးစဉ်က ဘာကိုပြသလဲဆိုတော့ အချောင်ရရင် ရုရှားကလဲ ဝင်ပါလိုပေမယ့် သူ့ကို အသိအမှတ်မပြုပါ။ မအလကို တရုတ်နဲ့ ရုရှားဆက်ဆံတာကကြက်ကို အချောင်ရရင် စွဲစားလိုပေမယ့် မအလကို မယားအဖြစ်တော့ အသိအမှတ်မပြုတာပါ။ ကြက်ပပျောက်ရေး ဥပဒေဆိုရင်တော့ တရုတ်နဲ့ ရုရှားက ဗီတိုပေါ့။ လောလောဆယ် မအလအဖြစ်က အမြည်းပေးနေရတဲ့ ဖာပရိုတိုကော အဆင့်ပါလို့ ပြောပါရစေ။ ဟိုကလဲ အချောင်ရရင်တော့ ဆက်စွဲစားနေမှာပါ။


 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 28, 2021

ဦးမြတ်!!! ပုထုဇနော ဥမ္မတကော (မြတ်ဗုဒ္ဓ အဆုံးအမ)။ ပုထုဇဥ်မှန်သမျှ အရူး ။ ထိုမှာမှ

အန္ဓဗာလ ပုထုဇဥ် အရူးက ပိုဆိုပါသည်။ ပကတိ အရူးကြီးအဆင့်မရောက်မီ တနည်း သွက်သွက်ခါ မရူးမီ ယဥ်ယဥ်လေး ရူး နေတတ်ပါသည်။ အန္ဓဗာလ = ပကတိ အခြေအနေအမှန်ကို ပကတိအတိုင်း မမြင်နိုင်ပဲ ၊ တဘို့တည်းကိုကြည့် မိမိအကျိုးစီးပွါးသို့သာ ဦးတည်ပြီး ပရမ်းပတာအပြုအမူများ ပြုလုပ်သူ။

လောကစကား အရှိသား။ **ကိုယ်ထင်လျှင် ၊ ကုတင်သည်ပင် ရွှေနန်း**။ အများသာမန်ပုထုဇဥ်များက ကုတင်ဟု မြင်ကြငြား အန္ဓဗာလ ပုထုဇဥ်ကတော့ ရွှေနန်းတော်ဟု ထင် မြင် တတ်ပါသည်။

ဒူး နေရာ ဒူး ၊ တော်နေရာ တော် ဆိုသောစကား

ကိုယ့်အဆင့် အရှိကို ကိုယ်သိရန် လိုကြောင်း ပြသသောစကားပါ။ မသိခဲ့လျှင် **အမြင် မတော် ၊ ဆင်တော် နှင့် ခလောက်** အဖြစ် အမြင်မတင့် ကဲ့ရဲ့ ပြစ်တင် ညိုညင်စရာအဖြစ်ပါ။ကိုယ်အင်္ဂါအထည် ဒြဗ် ကြီးမားသော်လည်း လိုက်ဖက်သည့် ဂုဏ် မရှိမှုကို ပြဆိုရာဖြစ်ပါသည်။ သို့ပါ၍ မြန်မာစကားမှာ သုံးပါသည်။

#ဂုဏ်နှင့်ဒြဗ်နှင့် ငွေသဇင် ဟူ၍။

ပင်မြင့်မှာ တင့်ချင်လျှင် ဂုဏ်ဟူသော *ဆိုင်ရာကဏ္ဍအလိုက် ကောင်းမွန်သည့်စွမ်းရည်သတ္တိ*

ရှိရန်လိုပါသည်။ ပင်ကိုယ် စွမ်းရည်သတ္တိမရှိပဲ ဂုဏ်ဆာ နေသမျှ ပုံ မလာတတ်ပါ။ ဂုဏ်ဆာပြီး ဂုဏ်နောက်လိုက်နေသမျှ (အလိုရှိအပ်သော ဂုဏ်ကပင် ပြန်သတ်၍)အကျ နာတတ်ပါသည်။

ဂုဏ်ဆာခြင်း ဘေးမှ လွတ်မြောက်ကြပါစေရန်


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page