top of page
Search

မအလနှင့် တရုတ်ဘာတွေပြောလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 16, 2021
  • 1 min read

ဒီစာက ဆောင်းပါးမဟုတ်ပါ။ သတင်းအနေနဲ့သာ ဖတ်ပါ။

မအလက အာဏာသိမ်းတယ်။ ပြီးတော့ သူက ရွေးကောက်ပွဲလုပ်ပေးမယ်။ အာဏာလွှဲပေးမယ်ဆိုပြီးပြောတယ်။ သူ့အစီအစဉ်က NLD ကို ဖျက်မယ်။ မဲစနစ်ကိုပြောင်းမယ်။ ပြီးရင် သူ့ကိုယ်သူ အာဏာပြန်လွှဲမယ်ပေါ့။ ဒါကသူ့အစီအစဉ်။

တကယ်မြေပြင်မှာက အခြေအနေက မကောင်းတာ တရုတ်ထောက်လှမ်းရေးကသိတယ်။ ဒါ့ကြောင့် သူ့ကိုတရုတ်ကိုယ်စားလှယ်ကလာပြီး သူ့လမ်းပြမြေပုံအတိုင်းလုပ်ပါ။ ဒါပေမယ့်DASSK နဲ့ NLD ပါတီကို ရွေးကောက်ပွဲ အဝင်ခံပါဆိုပြီး ဖိအားပေးပါတယ်။ ဒီသတင်းကအတည်ပြုပြီးသားပါ။ ဒီနေရာမှာ အာဆီယံကလဲ ဒီအတိုင်းပါဘဲ (မှားရင်ထောက်ပြပါ)။

ပြဿနာက အဲ့ဒီမှာစတာပါ။ မအလဟာ တရုတ်လမ်း၊ အာဆီယံလမ်းလိုက်ရင်တောင်မှDASSK ကို ပြန်လွှတ်၊ NLD ကိုရွေးကောက်ပွဲပေးဝင်ရမှာဖြစ်လို့ အာဏာသိမ်းအပြီးမှာယခင်လမ်းဟောင်းပြန်ရောက်သွားမှာပါ။ ပြည်သူက သူ့ကိုကြိုက်မကြိုက် ချစ်မချစ် သူသိပါတယ်။


တရုတ်ကိုယ်စားလှယ်က DASSK နဲ့ တွေ့ဖို့ အခြေအနေမေးဖို့ တောင်းဆိုပေမယ့် အစပိုင်းမှာအကြောင်းမပြန်ပါ။ဟိုက စောင့်ခဲ့ပါတယ်။ မအလက ပေးမတွေ့တဲ့အဆုံး ပြန်သွားခဲ့ပါတယ်။ မအလပြောတာတွေကိုလဲ တရုတ်ကြားခဲ့ပါတယ်။ အတော်ဟနေတာလဲ တရုတ်သိသွားပါတယ်။ မအလက တရုတ်ကို ကမ်းလှမ်းတာက တိုင်းပြည်ကို ထိုးကျွေးပြီး စျေးပေါင်ကျိုးနဲ့ ရောင်းဖို့သာဖြစ်ပြီး ဒီ့အတွက် သူလုပ်တာကို ထောက်ခံပေးဖို့ပါ။ တရုတ်နိုင်ငံက သူထိုးရောင်းရင်တောင် လက်ရှိအခြေအနေအရ မြန်မာပြည်မှာ စီးပွါးရေးလုပ်မရတာ တရုတ်နိုင်ငံကသိပါတယ်။


ပြည်သူတွေကြောင့်ပါ။ တရုတ်က သူပြောစရာရှိတာကို မအလကို ပြောခဲ့ပြီးပါပြီ။ မအလကသူတိုင်းပြည်ကိုထိန်းနိုင်ကြောင်းပြလိုရင် နိုဝင်ဘာမတိုင်ခင် ထိန်းပြရမှာပါ။ ဒါမှမဟုတ်ရင်လဲ တရုတ်ပြောသလို လုပ်ရမှာပါ။ မဟုတ်ရင် ကုလကိုယ်စားလှယ်ကိစ္စတောင် တရုတ်ကယခုလိုဆက်လုပ်ထားမှာပါ။

ဒါက မအလနဲ့ တရုတ်နိုင်ငံတို့ရဲ့ အခြေအနေပါ။ ဒီမိုများ မိမိအတွက်သုံးနိုင်အောင် တင်ပြလိုက်တာပါ။ တရုတ်နဲ့ အမေရိကန် ချည်းကပ်ပုံ ကွာပါတယ်။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 16, 2021

ဦးမြတ်!!!သည်တခါတော့ အမြင်ကွဲလွဲခွင့်ပြုပါ။

#ခေါင်းဝါကြီး ပြောခဲ့သော စကားကိုသာ ပြန်အမှတ်ရမိပါတော့သည်။

ဂျပန်က အရှေ့တောင်အာရှ(ဒေသတွေမှာ) **အသေခံ ဗုံးခွဲမှုများ ဖြစ်ပေါ်လာနိုင်**ဟု သတိပေး ကြေညာချက် ထုတ်ပြန်ပါသည်။

မြန်မာလူမျိုးများသည် အဖန်ငါးရာ ငါးကမ္ဘာ အယူကြောင့် ဘယ်တော့မှ လုပ်မည်မဟုတ်ပါ။

ချိန နှင့် တာလီဘန်တို့ ဆက်ဆံရေးကလည်း ပို၍ပင် နွေးထွေးနေပါသေးသည်။

ဘိုင်ဒန်သည်လည်း အရှေ့တိုင်းစာ

lesson 1: ex 1 သင်ယူနေပြီဟု ထင်မိပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page