top of page
Search

မအလထွက်ပေါက်ကဘာတွေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 14
  • 2 min read

ree

မအလဟာ အာဏာသိမ်းပြီးမှာ အုပ်ချုပ်ရတာလွယ်မယ်လို့ထင်ခဲ့ပေမယ့် ယခုအချိန်အထိ မြို့တွေဆက်လက်ဆုံးရှုံးနေတာ အားလုံးမြင်နေ တွေ့နေရမှာပါ။ မအလဟာ မြို့အချို့ကိုလဲ လူသစ်အင်အားနဲ့ပြန်သိမ်းဖို့ကြိုးစားနေတာလဲ အားလုံးအသိပါ။ စစ်တပ်ရဲ့သဘောအရ စခန်းချတပ်စွဲရင်တောင် ဆုတ်လမ်းကို ကြည့်ထားရပါတယ်။ ဥကရစ်ထလို သက်ရှိစည်းရိုးက ရုပ်ရှင်ထဲမှာသာပါ။ ဒါဆို မအလရဲ့ထွက်ပေါက်က ဘာတွေလဲ?

မအလဟာ ဖြစ်နိုင်ရင်တော့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ရတဲ့နည်းနဲ့ ပြန်လိုချင်ပါတယ်။ မအလတပ်ထဲမှာ ယခင်ကအမြဲရေးခဲ့သလိုပဲ လွိုင်ကော်မှာနိုင်ခဲ့တဲ့ဗျူဟာကို အမြဲပြန်သုံးသပ်ပြီး တပ်ထဲမှာမျှဝေ သင်ကြားလေ့ရှိပါတယ်။ ထိုသူကိုလည်းရာထူးတိုးတက်ပေးခဲ့ပြီးပါပြီ။ သူကဒုချုပ်အဆင့်ထိတောင်ဖြစ်လာနိုင်တဲ့အခြေအနေရှိပါတယ်။ ထိုဗျူဟာမှာ အဓိကအချက်က ဒေသခံ ခွေးဖြစ်ချင်တဲ့အောင်ခမ်းထီလိုတိုင်းရင်းသားအဖွဲ့တွေကို ရှေ့ကနေအသုံးချတာ ဒရုံးနည်းပညာအဆင့်မြင့်တာလက်နက်ကြီးပစ်ခတ်မှုအင်အား တိုးတက်အောင်အဆင်မြင့်တာ ရန်သူကတိုက်တဲ့ ဒုံးတွေတပ်လို့မရအောင် ဂျန်မာတွေကို တရုတ်ကတင်မကဘဲ ရုရှား၊ ဘူလာရစ်နဲ့ အီရန်တို့က ဝယ်ယူတင်သွင်းတာ‌တွေဖြစ်ပါတယ်။ အနောက်တိုင်းက ဂျန်မာအချို့ကိုလည်း ထိုင်း၊ စင်္ကာပူနဲ့ ဒူဘိုင်းကတဆင့်ရသလောက်တင်သွင်းပါတယ်။ ယခုအဆိုပါနည်းပညာတွေကိုအခြေခံပြီး နောင်ချိုကိုထိုးစစ်ဆင်‌ နေသလို ဖားကန့်ဘက်ကိုလည်း သူစစ်ဆင်နေပါတယ်။ ကျောက်ဖြူနဲ့ ဗန်းမော်မှာလည်း နည်းပညာမြှင့်ပြီး ခုခံနေပါတယ်။ လားရှိုးကနေလည်း ကိုးကန့်ထံက ယခင်အထူးဒေသများကလွဲ၍ ကျန်ဒေသများကို ပြန်တောင်းနေပါတယ်။ မရရင် တိုက်ယူမှာပါ။ နောင်ချိုဟာ မအလတပ်သိမ်းခါနီးနေပြီး ပြီးရင် TNLA သိမ်းထားတာကို ပြန်တိုက်ယူမှာပါ။ ကျော်စွာလင်းက စစ်မတိုက်တတ်ပေမယ့် စစ်ရှုံးတာပြောတာကိုတော့ လက်ခံနားထောင်ပြီး လိုအပ်တဲ့အခြားကိစ္စတွေကိုတော့ အလျင်အမြန်ဖြည့်ဆည်းပေးပါတယ်။ဒါက မအလရည်မှန်းထားတဲ့ စစ်နိုင်ပြီးထွက်တဲ့ ထွက်ပေါက်ပါ။ ဒါက ဘယ်လောက်ဖြစ်နိုင်သလဲ စာဖတ်သူများ အလွယ်တကူ တွေ့ရှိနိုင်မှာပါ။ မအလထက်တော်တဲ့ ဘိုးအေတွေတောင် မနိုင်ခဲ့တဲ့စစ်က မအလလက်ထက်မှာ ရခိုင်တစ်ပြည်လုံး၊ ချင်းတစ်ပြည်လုံး၊ ရှမ်းမြောက်တစ်ခုလုံး အသိမ်းခံရပြီးမှပြန်ရမယ်ဆိုတာကတော့ စိတ်ကူးယဉ်ဆန်တက်ထွက်ပေါက်တစ်ခုပါ။ ယခုအချိန်မှာ မအလတပ်ဆုံးရှုံးရတာတွေက ကရင်၊ စစ်ကိုင်းနဲ့ မကွေးမှာ ဖြစ်နေပါတယ်။ ဒါကြောင့် နိုင်တာက မအလထင်သလို ထွက်ပေါက်အထိဖြစ်နိုင်ခြေ နည်းပါတယ်။


ဒုတိယရည်မှန်းထားတဲ့ ထွက်ပေါက်ကတော့ရွေးကောက်ပွဲကနေပြီးတော့ထွက်ချင်တဲ့ထွက်ပေါက်ပါ။မအလဟာ မနိုင်နိုင်အောင် အချိုးကျစနစ်ကော မဲများသူနိုင်စနစ်ကို ရောသမမွေးပြီး သူနိုင်အောင်လို့စစ်ထွက်လူများနဲ့ ပေါင်းပြီးပြင်ဆင်ထားပါတယ်။ ဒါပေမယ့်လည်း သူ့မှာစိတ်မချနိုင်သေးပါ။ ဒါကြောင့် လက်နဲ့မဲရေတွက်လို့ရှိရင် ရှုံးသွားနိုင်လို့ ဘယ်လိုမှမရှုံးနိုင်အောင် မဲခလုတ်ဘာကိုနှိပ်နှိပ် သူတို့သာနိုင်မယ့် လေးအပေါင်း‌လေး အဘဘာလိုချင်လဲဆိုတဲ့အဖြေထွက်မယ့် စက်ကြီးတွေနဲ့ မဲပေးရွေးကောက်ပွဲကိုလုပ်မှာပါ။ ရွေးကောက်ပွဲဖြစ်ရင် မအလက ပေးနိုင်ခြင်တဲ့လူအချို့မဲနိုင်ပြီး မအလက သူ့ကိုယ်သူသမ္မတလုပ်ချင်ရင်လုပ်နိုင်သလို သူပေးလိုသူကိုလည်းသမ္မတပေးလုပ်ပြီး သူကတော့ဘရွှေစတိုင် ထွက်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါ။ ဒါ့အပြင် တရုတ်က တောင်းဆိုထားတဲ့ ရွေးကောက်ပွဲအလွန်မှာ အမေစုနဲ့ပြန်လွှတ်တာ တွေ့ဆုံဆွေးနွေးတာတွေက သူကိုယ်တိုင်မလုပ်လဲ တက်လာတဲ့သူကလုပ်ရမှာပါ။ တရုတ်ပြောတာမလုပ်ခဲ့လို့ရှိရင် သူကစစ်နိုင်အောင်နယ်မြေထိန်းချုပ်နိုင်အောင်တိုက်ပြရမှာဖြစ်ပြီး တရုတ်ကိုငါနယ်မြေထိန်းချုပ်ထားတယ်ဆိုတဲ့ ပါဝါ နဲ့သာ ပြန်စကားပြောရမှာပါ။ သူကယခုအတိုင်းစစ်မနိုင်ဘဲတမ်းလမ်းဖြစ်ခဲ့ရင်တော့ တရုတ်ကလည်း ဇာတ်မျောကြီးကို အကြာကြီးစောင့်နေနိုင်မယ်မထင်ပါ။ တရုတ်ပြောတာမလုပ်ရင် ရှမ်းမြောက်ကစစ်ပွဲတွေပြန်စနိုင်ပြီး မအလပြုတ်တဲ့အထိဖြစ်သွားနိုင်တာပါ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲမှာမဲနိုင်ရင်တောင် မအလအစိုးရအဖွဲ့နိုင်ခဲ့ရင်တောင်မှ ပြဿနာက မအလအတွက်ပြီးဆုံးသွားမှာမဟုတ်ဘဲ ထွက်ပေါက်ရသွားတာမဟုတ်ပါ။ ယခင်ဘစိန်လက်ထက်က လုပ်နိုင်ခဲ့တာက ထိုအချိန်မှာ NUG နဲ့ PDD မရှိခဲ့ပါ။ ယခုအားလုံးမှာဗျောက်တွေနဲ့ဖြစ်သွားခဲ့ပါပြီ။

ဒါဆိုတတိယထွက်ပေါက်ကဘာဖြစ်မလဲ။ အပေါ်က ပထမနှင့်ဒုတိယထက်ျပါက်မဖြစ်လာရင်ဖြစ်လာမှာက စစ်ရှုံးတာ ဒါမှမဟုတ် ရွေးကောက်ပွဲအပြီး တရုတ်ခိုင်းတာတွေအကုန်မလုပ်လို့ ဟိုကရှမ်းမြောက်ကနေပြန်စတိုက်ပြီး စစ်ရှုံးတာနဲ့ ပြန်အဆုံးသတ်သွားတာဖြစ်နိုင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အာဆတ်ဟာ ၂၀၂၄အစပိုင်းအထိက အလွန်ခိုင်ခဲ့ပြီး မြို့များအားလုံးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို အာရပ်အဖွဲ့ချုပ်ကလဲ ပြန်လက်ခံမလိုအချိန်အထိဖြစ်ခဲ့ပါတယ်။ ဒီကြားထဲကမှအောက်တိုဘာ၇ရက်  အစ္စ‌ ရေးကိုသွားတိုက်အပြီးမှာ အစ္စ‌ရေးက ပြန်ချရာကနေ အီရန်နဲ့ သူလက်အောက်ကအဖွဲ့တွေကို အစ္စရေးကပြန်တိုက်ရင်းကနေ ရုတ်တရက် အာဆတ်ကိုကြားကန်ခဲ့တဲ့မြေပြင်တပ်‌‌တွေ အားနည်းသွားလို့ ရုရှားကြီးက ခေတ်မီှလေယာဉ်တွေနဲ့ကိုယ်တိုင်ဗုံးကြဲပေးခဲ့သော်လည်း အာဆတ်က ခွေးပြေးဝက်‌ပြေး ပြေးခဲ့ရတာပါ။

ဒါဆိုရင် မအလရဲ့ တတိယထွက်ပေါက်က ဘာပါလဲ။ မအလသားဟာ ရုရှားနိုင်ငံ မော်စကိုကိုမကြာခဏ သွားရောက်ခဲ့ပါတယ်။ သူနဲ့ သူယုံကြည်ရတဲ့ လူအချို့နဲ့ ဘွားတော်ရဲ့ လူယုံတော်တို့ ရုရှားမှာ အိမ်ကြည့်ပြီး မော်စကိုရဲ့ အချက်အခြာ city of capitals နေရာမှာ ကွန်ဒိုဝယ်ထားခဲ့ပါတယ်။ မအလရဲ့ အခြားလူယုံများလဲ အခန်းတွေ ဝယ်ယူနေပါတယ်။ ဒီအခန်းက သန်းချီတန်ပါတယ်။ မော်စကိုဟာ စီးပွားရေးပိတ်ဆို့တာကို ခံနိုင်သလို ICC နဲ့လဲ ပူးပေါင်းဆောင်ရွက်ဖို့မရှိလို့ မအလအတွက် လုံခြုံတဲ့နေရာလို့ ပြောလို့ရပါတယ်။ ဒီအခေါက်မှာ မအလမိန်းမက အဆိုပါအခန်းမှာ သွားရောက်နေထိုင်ခဲ့ပြီး ဈေးဝယ်ထွက်ခဲ့ပါတယ်။ ကျော်စွာလင်းမိန်းမ ခင်မေစိုးနဲ့ ရဲဝင်းဦးမိန်းမ နီလာတို့ကလဲ သူမနဲ့လိုက်ခဲ့ပါတယ်။  ဗိုလ်မှုးကျော်ဇောရဲနဲ့ သူ့မိန်းမက ရုရှားမှာ ဈေးဝယ်ထွက်ရင် ဘာသာပြန်လုပ်ပေးပြီးမော်စကိုသွားတဲ့ စစ်ရေးပြအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မျိုးဆက်အောင်ရဲ့မိန်းမ ဒေါက်တာခိုင်မာဇော်က ကြူကြူလှရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးခဲ့ပါတယ်။ ကြူကြူလှက Bell palsy လို့ခေါ်တဲ့ မျက်နှာကြွက်သား လှုပ်ရှာူမှုမမှန်တဲ့ ရောဂါဖြစ်ခဲ့လို့ ပါးက အနည်းငယ်ရွှဲ့‌ နေပါတယ်။ ရုရှားမှာ အိမ်ဝယ်ထားလို့ အရေးကြုံရင် ထွက်ပြေးရတာ လွယ်သွားမှာဖြစ်ပေမယ့် ယခင်က အရေးကြုံရင်အလွယ်တကူ ခရီးဝေးပြေးဖို့က လေယာဉ်ပျံမရှိလို့ ခက်ခဲခဲ့ပါတယ်။ တပ်ထဲက လေယာဉ်တွေကအဝေးသွားလို့မရပါ။ ယခုနောက်ဆုံး လေယာဉ်ပျံဝယ်လိုက်တာကြောင့် ထွက်ပြေးရတာ လွယ်သွားမှာပါ။ ဒါကတော့ မအလရဲ့ လက်တွေ့ဆန်တဲ့ ထွက်ပေါက်ပါ။ ယခင်က တရုတ်မှာ ရင်းနှီးမြုပ်နှံလေ့ရှိပေမယ့် ယခုနောက်ပိုင်း မအလရင်းနှီးမြုပ်နှံတဲ့ ဟောင်ကောင်ကငွေနဲ့ ရှယ်ရာတွေကိုရောင်းချပြီးရုရှားကို ရွှေ့နေပါတယ်။

ဒီထွက်ပေါက်တွေထဲက စစ်နိုင်ဖို့နဲ့ ရွေးကောက်ပွဲတွေကနေ သူကြိုးစားမှာဖြစ်ပေမယ့် မအလဟာ ဒါတွေမဖြစ်နိုင်ရင်လဲ ထွက်ပြေးဖို့က ပြင်ထားပြီးသားပါ။

ပြည်သူက ဘာမှတွေဝေမနေဘဲ NUG အောက်က PDF ကိုသာ PRF ကတဆင့် ထောက်ပံ့ပါ။ ပြည်သူ့ငွေက ငွေခေါင်းကွဲလို့မရပါ။ ငါတို့နိုင်မှာလားဆိုတော့ အမေရိကန်လို ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံတောင် လေကြောင်းကနေမနိုင်ခဲ့ပါ။ ရုရှားလဲ လေကြောင်းကနေ အာဆတ်ကိုမနိုင်ခဲ့ပါ။ မအလရဲ့ထွက်ပေါက်က အာဆတ်အတိုင်းပါဘဲလို့သာပြောပါရစေ။ အာဆတ်လဲ အစပိုင်းစစ်နိုင်ခဲ့သလိုရွေးကောက်ပွဲမှာလဲ မဲအပြတ်နဲ့ သမ္မတဖြစ်ခဲဘပေမယ့်လဲ မော်စကိုကို ပြေးခဲ့ရတာပါဘဲ။  နောက်ဆုံးက ပြည်သူသာ အဓိကပါ။

(ပုံ မအလဝယ်ထားသော မော်စကိုမှ ကွန်ဒို)

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page