top of page
Search

မအလတပ် အခြေအနေကောင်းလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 7, 2021
  • 1 min read

မအလကြောက်တာက တပ်ပြေးတွေများလာပြီး သူ့ကိုပုန်ကန်မှာပါ။ ယခုအချိန်မှာက နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင်ကထဲက တပ်ထဲကိုခေါ်ထားတဲ့ မိသားစုတွေကလဲ အပြင်ထွက်လာချင်နေပါတယ်။

နောက် အမေရိကန်က စစ်ရေးလေ့ကျင့်တိုင်း အထဲကလူတွေကို ဟိုဟာလုပ်ခိုင်း ဒီဟာလုပ်ခိုင်းနဲ့ဖိအားတွေကများနေပါတယ်။ DASSK က Facebook ပေါ်ရေးတိုင်း ထပြင်လေ့မရှိခဲ့ပေမယ့် မအလဟာလူတွေက Facebook ပေါ်မှာ အမေရိကန်က ဘာလုပ်တော့မယ်ဆိုရင် လိုရမယ်ရ ထပြင်ပါတယ်။ ရလာဒ်က အောက်ကလူတွေ အလုပ်ရှုပ်တာပါ။

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ရန်ကုန်နဲ့ မန္တလေးမှာ ပစ်လို့သေသူအချို့ဟာ ဆန္ဒပြလို့ သေတာမဟုတ်ဘဲ အိမ်ထဲနေပြီး သေသူများပါ။ အချို့ဟာ တပ်ထဲက ရာထူးကြီးယူထားသူများရဲ့ အမျိုးရင်းများပါပါတယ်။ ဒါကမိမိကျည်နဲ့ မိမိလူထိတာပါ။ ဒါ့ကြောင့်လဲ တင်းကြပါတယ်။

ကချင်နဲ့ ကရင်မှာ အကျအဆုံးများပေမယ့် လောလောဆယ် မအလ ဘာမှမလုပ်နိုင်ဘဲ ထိုင်ကြည့်နေရပါတယ်။

ယခုအချိန်မှာ မြို့ပေါ်က တပ်တွေက ဆန္ဒပြသူကိုသာ နှိမ်နင်းနေရလို့ လွယ်သလို ရှိနေပါတယ်။ ဒါပေမယ့် ဒီလကုန် အာဆီယံအရေးပေါ်အစည်းအဝေးက ဘာမှမဖြေရှင်းနိုင်ရင် မြို့ပေါ်တွေမှာ တိုက်ခိုက်မှုတွေ ပိုလာပါမယ်။ လောလောဆယ် တပ်နဲ့ ရဲစခန်းတွေကို မတိုက်နိုင်သေးရင်တောင် ဒလန်တွေနဲ့ CDM မလုပ်တဲ့ သစ္စာဖောက်ဝန်ထမ်းတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ ခက်လာမှာဖြစ်သလို ဦးပိုင်မှာအလုပ်လုပ်သူများကို ကာကွယ်ပေးဖို့ ရပ်ကွက် မြို့နယ် ခရိုင်ထွေအုပ်ရုံး၊ ဦးပိုင်နဲ့ ပတ်သက်တဲ့ စီးပွါးရေး အဆောက်အအုံတွေနဲ့ လူတွေကို အကာအကွယ်ပေးရခက်လာမှာပါ။ ရခိုင်မှာ ဖြစ်ခဲ့တာက ဥပမာပါ။ သူကလုံခြုံရေးပေးဖို့ အင်အားအစများစွာ သုံးရမှာဖြစ်ပြီး တော်လှန်ရေးသမားတွေက တစ်ခါအောင်မြင်ဖို့သာ လိုတာပါ။ ယခုအချိန်မှာ ပြည်သူက လက်နက်မရှိသေးလို့ ငြိမ်နေတာသာ ရှီတာပါ။သူက အကြောက်တရားနဲ့ ပြည်သူကိုလုပ်သလို သူ့ထောက်ခံသူတွေ သစ္စာဖောက်တွေဟာလဲ ပြန်ကြောက်ပြီး အလုပ်မသွားရဲအောင် ပြည်သူက ပြန်လုပ်လာမှာပါ။ ဒါတောင် စိတ်ဓတ်ပြင်းထန်တဲ့ မြို့တွေက မအလဖက်ဆစ်တပ်ကို အောင်မြင်စွာ ပြန်တွန်းလှန်နေတာ တွေ့နေရပါပြီ။

နောက်အထဲမှာ ပုံမှန်လစာမပေးနိုင်ရင် ကုန်စျေးနှုန်း တက်လာရင် ပြဿနာက တပ်ထဲမှာကို တက်လာမှာပါ။ အပြင်ကလူတွေကသာ ဆန္ဒဆက်ပြနေရင် တပ်ထဲမှာ ကြာလေပြဿနာ ပိုကြီးလာလေပါ။နောက်ဆုံးကတော့ ပြည်သူသာအဓိကပါ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page