top of page
Search

မအလတပ်ရဲ့ ပြင်ဆင်မှုဗျူဟာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 23, 2021
  • 1 min read

မအလတပ်ဟာ မြို့တွေထဲမှာ လက်ရုံးတပ်တွေကိုသာ ထားပါတယ်။ လက်ရုံးတပ်ဆိုတာ ပုံမှန်စစ်မတိုက်တဲ့တပ်ပါ။ စစ်အင်ဂျင်နီယာတို့ ထောက်ပို့တို့ ရုံးအလုပ်လုပ်တဲ့ တပ်တွေပေါ့။ သူတို့က ရန်ကုန်၊ မန္တလေးမှာ အများစုပါ။ ခြေလျင်တပ်ရင်းတွေကို ကချင်နဲ့ ကရင်ကို ထိုးစစ်ဆင်ဖို့ ပို့ထားပါတယ်။ ဒါက ကြားထဲက မထင်မှတ်ဘဲ မင်းတပ်၊ကယားနဲ့ စစ်ကိုင်းဘက်ကထိုးစစ်ကို ရင်ဆိုင်ဖို့ဒေသတွင်းတပ်တွေကို ရွှေ့ပြောင်းပြီးတိုက်ပါတယ်။ MNDAA နဲ့ မထင်မှတ်ဘဲ တိုက်ပွဲကြီးလာလို့စစ်ကူပို့ထားရပါတယ်။ အများစုက ဒေသအထိုင်တပ်တွေပါ။ ဒါပေမယ့် လက်နက်ကြီးပစ်ကူတွေနဲ့ တိုက်နေရပါတယ်။ ဘာလို့လဲဆိုတော့ MNDAA ရဲ့ လက်နက်က AA တို့ KIA တို့လိုကောင်းပါတယ်။ ဒါကမထင်မှတ်ဘဲ ရင်ဆိုင်ရတာပါ။ ရခိုင်မှာလဲ အထိုင်တပ်ရော အင်အားတိုးချဲ့တာပါလုပ်ပါတယ်။ အထူးသဖြင့် လက်နက်ကြီးပါ။ မအလရဲ့ဗျူဟာက ရန်သူ့စခန်းကို လက်နက်ကြီးနဲ့ပစ် အနိုင်ယူဖို့ပါ။

ဒါဆို မြို့ပေါ်ကို PDF တိုက်ရင် ဘာပြန်လုပ်ဖို့ ပြင်ထားသလဲဆိုရင် အသေးစားတင့်ကားတွေ၊ တင့်ကားတွေနဲ့ မောင်းပြီးပစ်တာ၊ ရဟတ်ယဉ်၊ လေယဉ်ပျံသုံးတာတွေလုပ်ပါမယ်။ နေပြည်တော်မှာတော့ ခံချဖို့ တပ်များစွာ မအလက ထားထားပါတယ်။ စခန်းအနေနဲ့ ခံချရင်တော့ သူက RPG ကနေ လက်နက်ကြီးအထိ သုံးနိုင်ပါတယ်။ ဒါပေမယ့် မအလတပ်ရဲ့ အားနည်းချက်က သူ့တပ်တွေဟာ လမ်းတွေကိုဖြတ်မှသာ PDF ထံရောက်မှာပါ။ ဒီတပ်တွေအလွယ်တကူထွက်ပြီး စစ်ကူပေးလို့မရအောင် ဘယ်လိုလုပ်မလဲ စဉ်းစားရပါမယ်။ မအလတပ်ရင်းနားမှာတော့ ရန်သူကပ်မရအား မအလက မိုင်းထောင်ထားပါတယ်။ ဗီယက်နမ်စစ်မှာ ဗီယက်ကောင်းတွေက အမေရိကန်စစ်ကားကို လမ်းမှာ မြို့ပေါ်မှာ မိုင်းခွဲပြီးရင် နောက်မိုင်းများလဲ လာရာလမ်းမှာ ထောင်ထားတာတွေ့ရပါတယ်။ နောက် မိုင်းထောင်သူရှိရာကို လာရာလမ်းကိုလဲ မိုင်းထပ်ထောင်ပါတယ်။ ဒါ့ကြောင့်ပထမကားက ဗုံးခွဲခံရလို့ စစ်ကူသွားရင် အဲ့ဒီစစ်ကူကားပါ ဆက်ထိပါတယ်။ ဒါ့ကြောင့်အမေရိကန်က အီရတ်နဲ့ အာဖဂန်မှာ မိုင်းခွဲရင် လူမသေနိုင်တဲ့ စစ်ကားတွေနဲ့ သွားလာရပါတယ်။ မအလတပ်မှာ အဆိုပါကားမျိုးမရှိပါ။

တာလီဘန်ရော ဗီယက်ကောင်းပါ သုံးတဲ့ဗျူဟာက ရန်သူ့လက်နက်ကြီးကို မပစ်နိုင်ခင် သုံးမရအောင် ဖောက်ခွဲသွားတာပါ။ ဒီဗျူဟာတွေက ရန်သူ့တပ်ရဲ့ အားသာချက်ကို ချိုးနှိမ်နိုင်တာပါ။နောက်သူတို့တွေက ရန်သူကလာတိုက်မှ ရန်သူ့လက်နက်ကြီးနေရာကို ရှာတာမဟုတ်ဘဲ အဆိုပါလက်နက်ကြီးတပ်ကလူတွေကို ပြောက်ကျားစနစ်နဲ့ ရှင်းလင်းတာပါ။ ဥပမာ မွန်ပြည်နယ်ဘီးလင်းက လက်နက်ကြီးတပ်ဟာ KNU ကို ထိုးစစ်ဆင်ရာမှာ အဝေးကနေ ပစ်မှာပါ။ ဒီလိုနေရာတွေကိုဘာလုပ်မလဲ စဉ်းစားထားရပါမယ်။ ကောက်ရိုးမီးလို စစ်ထဖြစ်မှ ဗီယက်ကောင်းက တိုက်တာမဟုတ်ဘဲ အမေရိကန်စစ်တပ်ဆို သူတို့ရန်သူဆိုပြီး စျေးသည်ကလဲ အဆိပ်ခတ်သတ်တာပါ။ သူတို့က အပြောနဲ့မလုပ်ဘဲ အလုပ်နဲ့သက်သေပြသွားခဲ့တာပါ။

အပေါ်မှာရေးပြခဲ့တာက မအလတပ်ရဲ့ မဟာဗျူဟာကို တိုင်းရင်းသားလက်နက်ကိုင်များသိအောင်နဲ့ ကမ္ဘာပေါ်က အောင်မြင်ခဲ့တဲ့ ပြောက်ကျားစစ်တွေကို နှိုင်းယှဉ်ပြတာပါ။ လူညီရင် အရာရာဖြစ်နိုင်ပါတယ်။ လိုတာက လက်နက်၊ လက်နက်ဝယ်ဖို့က ငွေပါ။

News source: Guardian

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page