top of page
Search

မအလတပ်ပြိုကွဲဖို့  နီးလာပြီလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 11, 2022
  • 1 min read

မအလတပ်မှာ အထက်ပိုင်း မအလကအစ အခွင့်အရေးသမား သူခိုးတွေများပြီး အာဏာသိမ်းအပြီးယခင်နအဖခေတ်ကလို ဝါးဖို့သာ စဉ်းစားထားသူများပါတယ်။ မအလကခိုးသလို စိုးဝင်းကလဲ ခိုးပါတယ်။ မြထွန်းဦးကတော့ ပိုင်ဆိုင်မှုများများ စုခွင့်မရလိုက်ပါ။ မိုးမြင့်ထွန်းကလဲ အကွက်မလွတ်အောင်ခိုးဖို့သာ စဉ်းစားထားသူပါ။ ဒါကြောင့် တပ်ထဲမှာ စစ်တိုက်တတ်သူထက် ခိုးတတ်သူကသာများတာပါ။ မအလဟာလဲ ကိုးကန့်ကို သူတိုက်လို့နိုင်တာမဟုတ်ဘဲ နာမည်ဝင်ယူပြီး ရာထူးတက်လာခဲ့သူပါ။ ဒါဆိုရင် အငယ်တွေကရော?

အများစုဟာ အာဏာသိမ်းအပြီး စစ်တပ်ဂွင်ကောင်းချိန်မှာ ၁၉၉၀-၁၉၉၂မှာ စစ်ထဲဝင်လာသူများကဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်တွေဖြစ်နေပြီး သူတို့ဟာလဲ စစ်တိုက်ချင်လို့ထက် ချမ်းသာချင်လို့စစ်တပ်ထဲဝင်လာကြတာပါ။ သူတို့ဟာ ခိုးတဲ့နေရာမှာ သဘောထားကွဲလွဲပေမယ့် ဒီမိုစနစ်ကိုမကြိုက်တဲ့နေရာမှာတော့ သဘောထားတူကြပါတယ်။ ဒါဆိုရင် အောက်ခြေအဆင့်ကရော? ဗိုလ်ကနေဒုဗိုလ်မှူးကြီးအထိ အားလုံးက အတူတူပါ။ အာဏာသိမ်းပြီးခါစ ဖိအားများလာချိန် တပ်ရင်းမှူးတွေကသိန်းထောင်ချီခိုးခွင့်ရလို့ NUG က သိန်းရာဂဏန်းလောက်ကို မမှုခဲ့ပါ။ ဒါပေမယ့် သူတို့ကြောက်တာတော့ရှိပါတယ်။ သေမှာပါ။

အောက်ခြေတပ်သားကနေ အရာခံဗိုလ်အထိက အဓမ္မ စစ်သားစုဆောင်းထားလို့ ယခင်ကလို စစ်တိုက်ချင်လို့ စစ်ထဲဝင်တာမဟုတ်ဘဲ အချို့က ခိုးချင် အချို့က ဖိအားကြောင့်ပါ။ သူတို့ဟာ စစ်ပွဲမှာ ပထမဆုံးသေသူများဖြစ်လို့ ထွက်ပြေးကြပါတယ်။ ပြီးရင် ဗိုလ်အဆင့်တွေပေါ့။ တပ်ရင်းမှူးတွေက သူတို့စစ်ထွက်ရရင် သေမှာစိုးလို့ လာဘ်ထိုးပြီး ဗိုလ်မှူးတွေကို ယာယီတပ်ရင်းမှူးပေးပြီး ရှေ့တန်းထွက်ခိုင်းပါတယ်။ ဒါပေမယ့် စစ်မျက်နှာများလာတဲ့အခါ ရှောင်မရတော့ပါ။ ဒါကြောင့် နောက်ပိုင်းမှာ တပ်ရင်းမှူးဒုဗိုလ်မှူးကြီးအဆင့်အထိ တိုက်ပွဲမှာ သေလာကြပါတယ်။ ဒါပေမယ့် ဗျူဟာမှူး ဗိုလ်မှူးကြီး တပ်မမှူးဗိုလ်မှူးကြီး/ဗိုလ်မှူးချုပ်တွေကတော့ သူတို့စခန်းအထိ PDF က မတိုက်နိုင်ဘူးထင်ပြီး မာနေပါသေးတယ်။ ယခုနောက်ပိုင်း ရခိုင်၊ ကရင်နီ(ကယား) နဲ့ ကရင်စစ်ပွဲတွေမှာ ဗိုလ်မှူးကြီးအဆင့်အထိ စထိလာချိန်မှာ တပ်ထဲက ဗိုလ်မှူးကြီးတွေအထိ ကြောက်လာနေကြပါပြီ။ အောက်ကတပ်တွေဟာ သူတို့ကိုသေမှန်းသိလျက်နဲ့ ထိုးစစ်ဆင်ခိုင်းရင် ငြင်းဆန်တာက ရခိုင်မှာစဖြစ်ခဲ့ပြီး ယခုအချိန်မှာ ကရင်နီနဲ့ ကရင်အထိ ရောက်လာပါပြီ။ ယခင်က တိုင်းရင်းသားလက်နက်ကိုင်တွေက မောင်းသူမဲ့လေယာဉ်(ဒရုံး) မသုံးခဲ့ပေမယ့် PDF က သုံးလာလို့ သူတို့လဲ သေနိုင်လာလို့ သူတို့အထိုင်စခန်းတွေမှာ ဒရုံးဖျက်တာတွေကိုတပ်ဖို့ကြိုးစားလာကြပါတယ်။ ဒါပေမယ့် သူတို့အပြင်ထွက်ရင် အချိန်မရွေး အပစ်ခံနိုင်ရတယ်ဆိုတာလဲ သူတို့သိလာပါတယ်။

လောကမှာ ငွေရှာတယ်ဆိုတာ မိသားစုနဲ့ သုံးဖို့ပါ။ ယခုဆို အားလုံးဟာ အိမ်ထဲက အိမ်ပြင်ကို ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊ ပုသိမ်တို့ကလွဲရင် မထွက်ရဲတော့ပါ။ PDF က ထောက်လှမ်း​ရေးအားကောင်းလာရင် အဆိုပါမြို့ကြီးတွေမှာ သူတို့နဲ့ သူတို့မိသားစုကို ပစ်မှတ်ထားလာနိုင်ရင် သူတို့ရဲ့ တွေးခေါ်ချက်က ပြောင်းလာမှာပါ။ ဥပမာ မအလဟာ ခေတ်သစ်က သူ့မြေးတွေကျောင်းအကြောင်းရေးတာကိုအင်မတန်ဒေါသထွက်ခဲ့ပါတယ်။ စရဖက ခေတ်သစ်ကို Facebook မှာ report ထုပေမယ့် ဘာမှမဖြစ်ခဲ့ပါ။ မအလက သူ့မြေးကျောင်း§အပေါ် ဗုံးကျရင် ဗုံးပေါက်ရင် တိုင်းမှူးကအစ လုံခြုံရေးအရ တာဝန်ရှိသူ စရဖတွေ ရဲတွေ အကုန်ပြုတ်မယ်လို့ ကြိမ်းထားပြီးသားပါ။ မအလနဲ့အဖွဲ့တွက်ထားတာက ရေရှည်မှာ ဒီမိုတွေက ငွေ လက်နက်ခမ်းပြီး ရပ်သွားမယ် မညီညွတ်ရင် ကွဲသွားမယ်ဆိုတာပါ။ ဒါပေမယ့် မအလတပ်ဟာလဲ အသေများရင် ဖိအားများရင် ပြိုသွားမှာပါ။ စာရေးသူတို့လုပ်ရမှာက ဘယ်သူခွဲခွဲ ဒို့မကွဲတပ်ကို သေချင်းများအောင်လုပ်ပေနိုင်ရင် ကွဲသွားမှာပါ။ ယခု ရခိုင်နဲ့ ကရင်၊ ကရင်နီ၊ စစ်ကိုင်းမှာဖြစ်နေတာက အားရစရာပါ။ ရှမ်းမြောက်ပါ ပါလိုက်ရင်တော့ အနောက်အုပ်စုစစ်တပ်မလိုဘဲ ဒီမိုရသွားမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page