top of page
Search

မအလတပ်ထဲမှာ ဘယ်သူအမှန်ကိုသိလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 4, 2023
  • 1 min read

မအလတပ်ထဲမှာ ဘယ်သူအမှန်ကိုသိလဲ?

အချို့ကလာမေးကြတယ် ဘယ်စခန်းကျသွားပြီလား သိလား ဘာညာပေါ့။ စခန်းတွေက များစွာရှိပါတယ်။ ကျ မကျက ပြောရခက်ပါတယ်။ ဒါဆိုရင် ခေတ်သစ်ကြည့်ပါလားလို့ အများစုက ပြောကြမှာပါ။ ပြဿနာက အဘကလဲ ခေတ်သစ်သတင်းနဲ့ သူတို့ကိုပြန်မေးရင် သူတို့က ခေတ်သစ်က လိမ်တာပါဆိုပြီး ပြန်တင်ပြတာပါ။ အဲ့ဒီတော့ တိုင်ပတ်နေပါတယ်။

မအလပြောတာတွေ၊ ဇော်မဲလုံးပြောတာတွေကို လေ့လာကြည့်ပါ။ ဥပမာ ရှမ်းမြောက်ကိစ္စ၊ ကျွန်တော့်တို့ လမ်းတွေပြန်ဖောက်၊ တံတားတွေပြန်ဆောက်ပြီး ပြန်ထိန်းချုပ်နိုင်ပြီလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် မြေပြင်မှာက တစ်မြို့ပြီး တစ်မြို့ တစ်စခန်းပြီး တစ်စခန်း ဆက်ကျနေခဲ့ပါတယ်။ စစ်ကူက အစပိုင်းကတက်သွားခဲ့ပါတယ်။ မြေပြင်မှာက မန္တလေး PDF နဲ့တွေ့အပြီး ပြန်ဆုတ်သွားရတယ်လို့ ဒီမိုသတင်းကပြောပါတယ်။ အဘကိုတင်ပြရမှာတော့ ကွန်မန်ဒိုတွေက PDF/TNLA ကိုခြေမှုန်းပြီး လားရှိုးအထိတောင်ရောက်သွားခဲ့ပါပြီ။ လမ်းမှာလဲ တံတားတွေအားလုံး ပြန်ဆောက်ပြီးသွားခဲ့ပါပြီ။

ကုန်ကြမ်းသတင်းဆိုရင် တပ်ရင်းလိုက်အညံ့ခံတာက ဒီမိုသတင်းတွေမှာပါ။ အဘကိုတင်ပြတာက တပ်ကို နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့က အယောင်ပြလက်နက်ချကာ နောက်အင်အားပိုများတဲ့အဖွဲ့က MNDAA ကို တန်ပြန်ထိုးစစ်ဆင်ဖို့ တပ်ဖျောက်ထားတယ်လို့ ဆိုပါတယ်။ တပ်ဖျောက်ထားလို့ ဆက်သွယ်လို့တောင်မရအောင် ခြေသံလုံတယ်လို့ ဆိုပါတယ်။

လွိုင်ကော်ကို တစ်ဝက်နီးပါး ဒီမိုတပ်တွေသိမ်းတယ်ဆိုပြီး ဒီမိုသတင်းမှာက ပါပါတယ်။ အဘကိုတင်ပြရမှာတော့ ဒကစက ခြေမှုန်းလိုက်တာ KNDF က လွိုင်ကော်ကနေဆုတ်သွားရပြီး မအလတပ်က လိုက်လံရှင်းလင်းနေတယ်လို့ ဆိုပါတယ်။

ဒါဆိုရင်ကောလင်းကရော၊ အဘကိုတင်ပြတာက ကော်လင်းကို ဝန်းရံပိတ်ဆို့ထားပြီး အောက်ဘက်ဆင်းမလာအောင် အပြီးသတ်ထိန်းချုပ်ထားနိုင်ပြီဆိုတာပါ။

ယခုရေးထားတာက ရယ်စရာကောင်းနေနိုင်ပါတယ်။ ဒါပေမယ့် ဒါကတကယ့်ကိုအထဲမှာ ဖြစ်နေတာပါ။ ဒီနေရာမှာ ခေတ်သစ်ဖတ်၊ အခြားဒီမိုဖတ်တဲ့ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးအဆင့်တွေက လိုရမယ်ရ အလံဖြူဆောင်ထားပြီး မြဝတီအကြည့်များ ဇော်မဲလုံးသတင်းနားထောင်တာများသူကတော့ ငါတို့နိုင်တယ်ဆိုပြီး လျှောက်သွားနေရင်း ဂန့်သွားကြတာပါ။

မုန်းမြို့ကျတယ်ပြောရင်လဲ အဘထံတင်ပြတာက ရဲစခန်းသာ ဆုတ်ခွါတာပါ။

လုံးဝကျသွားရင်တော့ သာလွန်အင်အားပေါ့။

အကျဉ်းချုပ်ရရင် အဘထံ သတင်းပို့မှုတွေက စာရေးသူတောင် တွေဝေစေအောင် အင်မတန်ကောင်းပါတယ်။ ဒါကို အဘကယုံရင်းနဲ့ အဘက ကဒါဖီနဲ့အတူ ဖြစ်သွားမယ့်ပုံပါ။ အချို့ကိစ္စတွေက သူသိမှာပါလို့ထင်ပေမယ့် သူသိမသိတောင် မသေချာတော့ပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 Comment


Angelina Thane
Angelina Thane
Dec 10, 2023

------ အားဆက်သွယ်၍ မရပါသဖြင့်

ယခုကြေငြာချက် ကိုကြားသိပါက

မိသားစု သို့ ဆက်သွယ်ပါရန် ။

ဘာရယ်မဟုတိပါဘူးဆရာမြတ် ရယ် ၊

ကျမတို့ငယိတုံးက မြန်မာ့အသံက

အစီအစဉ်လေးတခု ကိုသတိရမိလို့ပါ ။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page