မအလတပ်ထဲ ဘယ်နိုင်ငံခြားသားရှိလဲ
- Myat Tun Oo
- May 24
- 1 min read

ရုရှားက မအလကို ယခင်က ဖောက်သည်အနေနဲ့ ဆက်ဆံပါတယ်။ မအလက အာဏာမသိမ်းခင်ဖွင့်ဟတိုင်ပင်တာ လက်နက်၊ လေယာဉ်ဝယ်တာတွေလုပ်တော့ တော်လှန်ရေးကာလ ရဟတ်ယာဉ်ပြင်တာ၊ အဆင့်မြှင့်တာ၊ တင့်ကားပြင်တာ၊ ဒရုံးရောင်းတာ စစ်ပညာသင်ပေးတာ ဗျူဟာသင်ပေးတာတွေကို သူ့သင်တန်းဆရာတွေနဲ့ သင်ပေးခဲ့ပါတယ်။ သူတို့က ရန်ကုန်၊ နေပြည်တော်က တပ်စခန်းတွေမှာ နေပါတယ်။
ထိုင်းစစ်တပ်ကတော့ မအလ အာဏာသိမ်းတာ စစ်တပ်အာဏာရှိတာကို အားကျပြီး မအလမပြုတ်စေချင်တဲ့ တပ်ဖွဲ့ပေါ့။ အစ်ကိုကြီး ချမ်းသာတာ အားကျတယ်ဆိုတဲ့အဖွဲ့ပါ။ ဒါပေမယ့် ထိုင်းတပ်အကြံပေး မအလတပ်ထဲမှာ မရှိပါ။
တရုတ်ကတော့ ပိုက်ဆံရရင် ဘယ်သူ့ဘက် လိုက်ရလိုက်ရ ဘာမဆိုလုပ်မယ်ဆိုတဲ့ တိုင်းပြည်ပါ။ မအလက ဒရုံးဝယ်ရင်ရောင်း၊ လက်နက်ဝယ်ရင်ရောင်းသလို သားတွေကိုလဲ ရောင်းပါတယ်။ အချို့ သူတို့ပစ္စညိးဝယိရင်သင်တန်းလာပေးတာရှိပေနယ့် တရုတ်တပ်အကြံပေးတော့ မအလတပ်ထဲ လာမနေပါ။
တရုတ်ဟာ နည်းပညာအရ တိုးတက်မှုရှိလို့ ထောက်လှမ်းရေးကဏ္ဍမှာ မအလအားကိုးပါတယ်။ ဥပမာ CCTV ကို AI ကနေ လူရှာတာမျိုးပေါ့။ ဒါပေမယ့် ဟိုလုပ်ကြံတဲ့ကလေးတွေကို တွေ့ပေမယ့် သူတို့က ရန်ကုန်ကနေထွက်ပြီး လွတ်မြောက်နယ်မြေ ရောက်သွားခဲ့ပါပြီ။
အိန္ဒိယစစ်တပ်ကလဲ သူ့နာဂနယ်သူပုန်ရန်အတွက် မအလတပ်ကို ထောက်ပံ့ပြီး ရေတပ်ကို သင်တန်းပေးတာ အချို့လက်နက်ကြီးတွေရောင်းတာ မျိုးစုံရှိပါတယ်။ သူလဲ နည်းပညာသင်တန်းလာပေးတာရှိပေမယ့် မအလတပ်ထဲမှာတော့ လာမနေပါ။
ဘင်္ဂလားဒ်ေ့ရှ်စစ်တပ်ဟာ ၁၉၇၄ ထဲက အာဏာသိမ်းလိုက် တပ်ထဲမှာ အချင်းချင်းပြန်သတ် အာဏာပြန်သိမ်းလိုက်နဲ့ မအလလို စိတ်ဓာတ်ရှိတဲ့ တပ်ပါ။ သူက ဘာမှမကူညီပေမယ့် သူကလဲ မအလကို ကြိတ်အားကျနေသူပါ။ မအလလိုကောင်ရှိမှ သူအာဏာအဆင်ပြေမှာပါ။ ဒါပေမယ့် သူက မအလတပ်ကို ဘာမှ အကူအညီမပေးပါ။
ပါကစ္စတန် စစ်တပ်က မအလတပ်လိုချင်တဲ့ ဦးဆောင်အခန်းကနေ သူ့တိုင်းပြည်ကို ခွေးဖြစ်အောင်လုပ်နေတဲ့ အကြမ်းဖက်အားပေးတပ်ပါ။ သူက လေယာဉ်တွေ မအလတပ်နဲ့တွဲထုတ်တာ အချို့လက်နက်ရောင်းတာ စတာတွေလုပ်ပြီး သူ့စစ်အင်ဂျင်နီယာတွေက နေပြည်တော်ကို လာရောက်နေလေ့ရှိပါတယ်။
အီရန်က ဒရုံးတွေ၊ ဒုံးပျံတွေကို မအလတပ်ထံ ထောက်ပံ့ပါတယ်။
ဒါဆိုရင် မအလတပ်က နိုင်မှာလား။ ရုရှားဝင်ကူတိုင်းသာနိုင်ခဲ့ရင် ယူဂိုဆလားဗီးယားကနေ ကိုဆိုဗို ခွဲမထွက်နိုင်သလို အီရတ်၊ လစ်ဗျား၊ ဆီးရီးယားနိုင်ငံတွေမှာ သူတင်တဲ့အစိုးရတွေရှိနေမှာပါ။ အခြားနိုင်ငံတွေက အကျိုးစီးပွါးအပေါ် အခြေခံဆက်ဆံတာဖြစ်ပြီး ရုရှားလောက် မအလကိုကိုယ်ဖိရင်ဖိ မကူနေပါ။
စာရေးသူတို့ တော်လှန်ရေးကို ပြန်လေ့လာကြည့်ရင် မဖြစ်နိုင်ဘူး မနိုင်နိုင်ဘူးဆိုပြီး ပညာရှင်ဆိုသူတွေ ပြောတဲ့ကြားက against the odds ယခုလို အောင်ပွဲဆင်နိုင်လာခဲ့တာပါ။ ယခုဆိုရင် ဟိုစစ်ခွေးကြီးကို မုန့်ဟင်းခါးကျွေးခဲ့တဲ့လူငယ်တွေဟာ လွတ်မြောက်သွားခဲ့တာကို စရဖက အတည်ပြုပါပြီ။ သူတို့နေခဲ့တဲ့နေရာက လူအချို့ကိုတော့ အဖမ်းပြနိုငိပါတယ်။ ဘာလို့လဲဆိုတော့ ယခင်က လွတ်မြောက်နယ်မြေဆိုရင် ထိုင်းနယ်စပ်အထိ ထွက်ပြေးရတာဖြစ်ပြီး ယခုက လွတ်မြောက်နယ်မြေဟာ ပဲခူး၊ ညောင်လေးပင် ဖြစ်သွားခဲ့လို့ပါ။ လိုအပ်တာက ပြည်သူရဲ့ ပံ့ပိုးမှုပါ။ ဒါလဲ စာရေးသူက သိပ်မပူပါ။ ဘာလို့လဲဆိုတော့ မအလက ပေါက်လွတ်ပဲစား လူတွေကို ဒေါသထွက်စေတဲ့ မိန့်ခွန်းတွေ ထထပြောနေတာက NUG အတွက် ရန်ပုံငွေအား လူအင်အားတွေဖြစ်စေလို့ပါ။ ဒါကြောင့် ဘယ်သူတွေက မအလကို ထောက်ပံ့ထောက်ပံ့ တော်လှန်ရေးက နိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲနီးလာရင် ဟိုစစ်ခွေးကြီးလို ငရဲသွားရမယ့်လူတွေက များလာမှာပါ။ ဘာလို့လဲဆိုတော့ လွတ်မြောက်နယ်မြေက ရန်ကုန်နဲ့ နီးလာလို့ပါလို့ ပြောပါရစေ။ ရုရှားစစ်လေယာဉ်နဲ့ ဗုံးကြဲကူပေးခဲ့တဲ့ အာဆတ်တောင် ထွက်ပြေးခဲ့ရသေးလို့ လက်နက်လူအနည်းငယ်ကူတာလောက်က အေးဆေးပါလို့ ပြောပါရစေ။ ပြည်သူကတော့ NUG အောက်က PDF အားကောင်းအောင်သာ လှူပေးကြပါ။
Comments