top of page
Search

မအလတပ်က ဆိုက်ဝါးဘယ်လိုလုပ်သလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 22, 2022
  • 1 min read

မအလတပ်ရဲ့ အထိရောက်ဆုံးလုပ်နိုင်တာက သွေးခွဲတာပါ။ ယခုမအလတပ်က ဘယ်လိုလုပ်နေလဲလေ့လာရအောင်။ မအလမှာ ဒီမိုတွေ တိုင်းရင်းသားတွေကို သွေးခွဲဖို့ Facebook အကောင့်တွေကိုအဓိကသုံးပါတယ်။ ယခုက VK၊ Telegram တို့လဲပါလာပါပြီ။ လုပ်တာက စိတ်ဓာတ်စစ်ဆင်ရေးကတပ်ရင်းတစ်ခုစာအင်အား၊ စရဖရဲ့ လေလှိုင်းတပ်ဖွဲ့၊ ရုရှားရောက်အကောင့်များ၊ ပြီးရင် သူ့ကို ဝန်းရံတာက ထောက်ပြုတ်၊ မဘသ၊ ဖွတ်၊ ဘောမနဲ့ စစ်မှုထမ်းဟောင်းအဖွဲ့တွေပါ။ သူတို့ကလူအားဖြင့်မများပေမယ့် အကောင့်တုက သောင်းချီရှိပါတယ်။ ဒါကြောင့် သူတို့က အမိန့်နဲ့ report ဝိုင်းထုရင်Facebook ရဲ့ AI က အဆိုပါစာမျက်နှာကို ဖြုတ်ချတာတွေလုပ်ပါတယ်။ သူတို့က ဒီမိုအစိုးရလက်ထက် လိုင်းပေါ်မှာ NLD အစိုးရကိုဝေဖန်တာများပြီး ဒါကိုမအလက အဟုတ်ထင်သွားခဲ့တာပါ။မအလ ကိုယ့်ဂျင်းကိုယ်ပြန်စားသွားတာပေါ့။ ဒါဆိုရင် ယခုအာဏာသိမ်းအပြီး သူတို့ဘာတွေဆက်လုပ်နေလဲ?

အာဏာသိမ်းအပြီးမှာ NLD အစိုးရမရှိတော့လို့ သူတို့ရုတ်တရက် အလုပ်မရှိသလိုဖြစ်သွားခဲ့ပါတယ်။နောက်ပိုင်း NUG အစိုးရပေါ်အပြီး ရေပန်းစားလူကြိုက်များလာချိန်မှာ မအလတပ်အကောင့်တွေဟာNUG profile ပြောင်း PDF profile ပြောင်းပြီး အစပိုင်းမှာ စစ်အစိုးရဆန့်ကျင်သလိုလုပ်ပြီး နောက်ပိုင်းမှာ NUG နဲ့ PDF ကို သွေးခွဲတာ၊ NUG နဲ့ တိုင်းရင်းသားကိုသွေးခွဲတာ၊ NUG နဲ့ ပြည်သူကို သွေးခွဲတာကိုအဓိကလုပ်လာပါတယ်။ ရည်ရွယ်ချက်က ပြည်သူကိုဝေဝါးအောင်ပါ။ အချို့ကိစ္စတွေက ဒီမိုလိုလိုနဲ့ယခင်အစိုးရကို ဝေဖန်ခဲ့ပြီး ယခုအစိုးရကို ဆက်ဝေဖန်သူများနောက်ကိုလိုက်ပြီး အရှိန်တက်အောင်လုပ်ပေးတာပါ။ နောက်အမျိုးအစားက သူတို့က ဒီမိုတွေရဲ့အကောင့်အောက်မှာ ဝေဝါးအောင်လိုက်မန့်တာပါ။ ဥပမာ မှော်ဘီလေတပ်စခန်းအတိုက်ခံရလို့ လေယဉ်ပျက်တယ်ဆိုပါစို့။ ဒီမိုတွေကသတင်းကိုတင်လိုက်ပါတယ်။ သူတို့က ဘယ်မှာလဲဓာတ်ပုံအထောက်အထား ဘာညာဆိုပြီး ဉာဏ်နည်းသူကို ဝေဝါးအောင်လုပ်လိုက်ပါတယ်။ ဘယ်သူကမှ ဗုံးဖောက်အပြီး အဲ့ဒီအနားမှာ မနေပါ။ နေနေရင် သူပါဗုံးထဲပါသွားမှာပါ။ ပုံမှန်ဒီမိုက လေယာဉ်ပျက်တယ်ဆိုရင် ကျေနပ်ဝမ်းသာနေပါပြီ။ လက်နက်မိရင်လဲထို့အတူပါဘဲ။ သူတို့ကဝေဝါးအောင် ဒါက ယခင်ဟိုတိုက်ပွဲက ဘာညာဆိုပြီး လုပ်လေ့ရှိပါတယ်။

နောက်သူတို့ယခင်ကလုပ်ခဲ့ပြီး ယခုလဲ လုပ်နေဆဲက တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင် အမုန်းပွါးအောင်လုပ်တဲ့ hate crime ကိစ္စပါ။ ဥပမာ ရှမ်းပြည်မှာဆိုရင် မအလတပ်က တအောင်းပလောင်ဖြစ်လိုက်၊ ရှမ်းဖြစ်လိုက်၊ ဗမာဖြစ်လိုက်၊ ပအို့ဖြစ်လိုက်ပါ။ သူကလိုင်းပေါ်မှာ ဟိုတိုင်းရင်းသားယောင်ဆောင်ဆဲ၊ ဒီတိုင်းရင်းသားအယောင်ဆောင်ဆဲနဲ့ ပြီးရင် အစစ်တွေကလိုက်ဆဲနဲ့ ရှမ်းပြည်မှာအလုပ်ဖြစ်နေခဲ့ပါတယ်။ ဒီနည်းက ရခိုင်မှာ ရခိုင်နဲ့ရိုဟင်ဂျာကြား ပြဿနာဖြစ်အောင် မအလကအောင်မြင်စွာသုံးခဲ့ပါတယ်။ ရိုဟင်ဂျာကိစ္စအပြီးမှာ ရခိုင်နဲ့ ဗမာကြား မအလက အောင်မြင်စွာသုံးခဲ့ပါတယ်။ ထိုအချိန်က ရခိုင်အစစ်က NLD ကိုတိုက်ခိုက်သလို မအလအကောင့်ကလဲ တိုက်ခိုက်ပါတယ်။သူတို့က ရခိုင်မှာဖြစ်သမျှကို NLD ကို အပြစ်ပုံချတာပါ။ ယခု NLD အစိုးရမရှိချိန် သူတို့ကိုတကယ်သတ်ခဲ့ မီးရှို့ခဲ့တဲ့ မအလတပ်အုပ်ချုပ်ချိန်မှာ ငြိမ်သွားတာ တိုက်ဆိုင်မှုမဟုတ်ပါ။

သူက ဒီဖော်မြူလာနဲ့ ယခုအဓိကလုပ်နေတာက ကချင်နဲ့ ဒီမို၊ ချင်းနဲ့ဒီမို၊ ကရင်နဲ့ဒီမို၊ ကယားနဲ့ ဒီမိုဗမာတွေအကြားမှာပါ။ ဒါတွေကအောင်မြင်လားဆိုတော့ အများစုက မအောင်မြင်ပါ။ ဒါပေမယ့်လဲ သူတို့က အမြဲကြိုးစားနေမှာပါ။ အချို့အမြင်ကျဉ်းသူအချို့ရှိရင် သူ့အတွက်က တစ်ယောက်ရရ နှစ်ယောက်ရရပါ။ ဒါကြောင့်သူ့အကောင့်တွေက ဆက်လုပ်နေတာပါ။

သူတို့လုပ်ရာမှာ အချို့ကိစ္စတွေက ဖြစ်လာတဲ့ကိစ္စတွေအပေါ် မီးထိုးပြီး အမုန်းပွါးအောင်လုပ်တာပါ။ဥပမာ ရှမ်းနဲ့တအောင်း ပုံမှန်ပြဿနာဖြစ်တာကို မအလဆိုက်ဝါးတွေက ပြဿနာပိုကြီးအောင် မီးဝင်မွှေးပြီး လူမျိုးရေးအကြီးကြီးဖြစ်အောင် လုပ်တာမျိုးပါ။ ရှမ်းပြည်မှာတော့ မအလတပ်ကအတိုင်းအတာတစ်ခုအထိ သွေးခွဲတာအောင်မြင်နေဆဲပါ။ ဘယ်လောက်အထိအောင်မြင်နေလဲဆိုတော့ရှမ်းအချင်းချင်းတောင် တောင်နဲ့မြောက်ဆက်တိုက်နေအောင် လုပ်ထားနိုင်ပါတယ်။

ယခုလိုရေးပြတာက သူတို့်လုပ်တာတွေကို မြင်နိုင် ရှောင်နိုင်အောင်ပါ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

1 commentaire


Myint Soe Oo
Myint Soe Oo
22 févr. 2022

ဦးမြတ်!!! ခွဲလို့ ကွဲသွား​သော အရာမှန်သမျှ ပြန်လည်​ပေါင်းစည်း ဆက်စပ်တဲ့အခါ နဂိုမူလ အ​ကောင်းအတိုင်း မဖြစ်သည်က ​သေချာပါသည်။သို့ပါ၍

ဘယ်သူ ခွဲခွဲ

တို့( ဒို့ ) မကွဲ

အမြဲစည်းလုံးမည် ဆို​သော

စာစကား လွန်ခဲ့​သောကာလများမှာ တီဗီမှတဆင့်ကြားခဲ့ရသည်မှာ အပ်​ကြောင်းထပ် ဓါတ်ပြား​ဟောင်းကြီးတစ်ချပ်​ဖြစ်ခဲ့ပါသည်။ စကစ အ​နေနဲ့ ပို​ကြောက်ပါသည်။ ခုကာလ ပို​ကြောက်ပါသည်။ တပ်အတွင်း အစည်း ​ပြေမှာကို အထူးစိုးရိမ်ပါသည်။

ပုလဲမြို့နယ် ​ချောင်းဦးရွာကို PDF မီးရိှု့။

**ကိုယ့်ရွာကို မီးပြန်ရိှု့ဖို့ ၊ တခြားရွာက PDF ​တွေကို ​မြှောက်​ပေးတဲ့ ​ချောင်းဦးPDF**

​ခေါင်းစဥ်ဖြင့် ရဲ​ဘော် ကိုရဲ ဆိုသူ(အ​ကောင့် ပိုင်ရှင် )မှ ​ဖေ​ဖော်ဝါရီ ၁၁ ရက်၊

နံနက် ၈ : ၄၈ နာရီမှာ ကွန်ယက်စာမျက်နှာ​​ပေါ် တင်ခဲ့​ကြောင်း မဇ္စျိမ သတင်း​ဖော်ပြချက်တွင် ဖတ်ရှုလိုက်ရပါသည်။

အမှန်တကယ်မီးရိှု့သူများမှာ စကစ တပ်သား နှင့် ပျူများဖြစ်​ကြောင်း ရွာခံမျက်မြင်​သက်​သေများရိှ​ကြောင်း၊ ​တွေ့ဆုံ အတည်ပြု ​မေးမြန်းချက်များကို

မဇ္စျိမနှင့် အာအက်ဖ်​အေတို့၏ ​ဖော်ပြပါ လင့်ခ်များတွင် ဝင်​ရောက်ကြည့်ရှုနိုင်​ကြောင်း (link ချ​ပေးပြီး)​ဖော်ပြထားပါသည်။

အလားတူ ​မြောင်မြို့နယ်တွင်လည်း စကစမှ ၁၁ဦးထိ အရပ်သားအသွင်ဖြင့် ဝင်​ရောက်လှုပ်ရှားသတင်းယူ​နေ​ကြောင်း

​မြောင်မြို့နယ် ပြည်သူ့ကာကွယ်​ရေးနှင့် လုံခြုံ​ရေးတပ်ဖွဲ့CDSOM ၏ ထုတ်ပြန်မှုကို ဖတ်ရှုလိုက်ရပါသည်။

မိုးဗြဲမှာ ပီဒီဖက်နှင့် မြို့ငြိမ်းချမ်းလိုသူ တစ်စု နှစ်ခြမ်းကွဲ​အောင် ​ဆောင်ရွက်​နေ​ကြောင်း တလရ ရဲ​ဘော်တစ်ဦးက မျှ​ဝေထားပါသည်။ မြို့ငြိမ်းချမ်းလိုသူများသည် စကစ အနွယိ မြို့မိဖဟူ​သော လူတစ်စုဟု ​ဖော်ပြထားပါသည်။သည်အကွဲအပြဲ​ကြောင့် မိုးဗြဲမြို့ နာ ခဲ့ရ​ကြောင်းပါ ဖွင့်ချထားပါသည်။

ယခုခါ စကစ အ​ကြောက်ဆုံးသည် လူထု၏စုစည်းညီညွတ်မှုကို ဖြစ်ပါသည်။ သို့ပါ၍ မပြို ပြို​အောင် နည်းမျိုးစုံ သုံးကာဖြိုခွဲမည်မှာ…


J'aime
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page