top of page
Search

မအလတင်းသွားပြီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 2, 2021
  • 1 min read

မအလက ကွီးဖြိုးကို သက်သေထွက်ခိုင်းပြီး ကွီးဖြိုးကို ယုံမလား ယုံရင် DASSK ကိုဖောင်းမယ်။ မယုံရင် ကွီးဖြိုးကိုဆဲမယ်ဆိုတဲ့အကွက်နဲ့ ခွချက်ဆိုပြီး ထုတ်သုံးပါတယ်။ ဒီမိုတွေကြားကွဲမယ်တော်လှန်ရေး ပျက်မယ်ပေါ့။ ဒါကသူ့အထင်ပါ။ ဒီနေရာမှာ နဂိုထဲက NLD ဘာလုပ်လုပ် အပြစ်တင်မယ်ဆိုတဲ့ သက်သက်ခိုင်တို့လို လူတန်းစားကရှိပြီးသားပါ။ နောက်ဖွတ်တွေနဲ့ ဘောမတွေ။ သူတို့က မအလဘာမှထုတ်မပြလဲ မအလကို ထောက်ခံပြီးသားပါ။ သတင်းထောက်တွေထဲမှာလဲ ယခင်အကုန်သိယခု Neo Politics က စစ်ဘောမ ကျော်မျိုးမင်းတို့ဆိုရင် NLD မကောင်းကြောင်းသာ ပြောတတ်သူမိုလို့ ဘာမှမထူးပါ။

ဒါပေမယ့် ယခုဟာက ၂၀၂၁ ပါ။ ဖေဖော်ဝါရီ ( ၁) ရက်နောက်ပိုင်းမှာ မြန်မာပြည်ရဲ့ နိုင်ငံရေးကအများကြီးပြောင်းလဲသွားခဲ့ပါပြီ။ လူတွေဟာ မအလကို ဖြုတ်ချဖို့ ဖက်ဆစ်စနစ်အမြစ်ပြတ်ဖို့ ဒီမိုကရေစီရဖို့ ဖယ်ဒရယ်ရဖို့ ငါတို့ဖာသာ လုပ်ရမယ်ဆိုတာ သိသွားကြပါပြီ။ သူတို့ဟာ DASSK မိန့်ခွန်းကိုထိုင်မစောင့်နေတော့ပါ။ ဒီတရားရုံးကနေ DASSK ကို ဘာအမိန့်ချချ သူတို့အားလုံးဟာ မအလနဲ့စစ်တပ်ထိပ်ပိုင်းကအားလုံးနီးပါး သူခိုး၊ ဓားမြ၊ မုဒိမ်းကောင်တွေ စစ်ရာဇဝတ်ကောင်တွေဆိုတာ သိသွားကြပါပြီ။

ပြည်တွင်းမှာ ယခုအချိန်အထိ ဆန္ဒပြနေတာက သာမန်ပြည်သူတွေပါ။ အနုပညာရှင်များဆိုရင်လဲ ပိုင်တံခွန်မှသည် မင်းမော်ကွန်းအထိပါနေသလို ပိုပိုမှသည် တစ်သက်လုံး နိုင်ငံရေးမလုပ်ခဲ့တဲ့ မြနှင်းရည်လွင်အထိပါနေပါတယ်။ ဝန်ထမ်းတွေထဲမှာလဲ မီတာဖတ်သူမှသည် ပါချုပ်ဆရာဇော်ဝေစိုးတို့အထိဟာမအလဖက်ဆစ်စနစ်ပြုတ်ကျအောင် လုပ်နေကြတာပါ။

ပြည်တွင်းမှာဆိုလဲ တိုင်းရင်းသားအများစုဟာ မကြုံစဖူး စည်းလုံးနေကြပါတယ်။ အမေရိကန်၊အင်္ဂလန်မှသည် တောင်ကိုရီးယား ဂျပန်အထိ NUG ထောက်ခံပွဲ မအလဆန့်ကျင်ပွဲတွေမှာ ပြည်ပရောက် မြန်မာတွေက အင်တိုက်အားတိုက်အားပေးထောက်ပံ့တာဟာ မြန်မာ့သမိုင်းမှာ ပထမဆုံးလို့တောင် ပြောလို့ရပါတယ်။ ပြည်တွင်းမှာလဲ မကြုံစဖူး ဗမာစစ်စစ်နယ်တွေကနေ မအလကို ရရာလက်နက်စွဲကိုင်ပြီး ခံချနေကြတာဟာ မြန်မာ့သမိုင်းမှာ ဖက်ဆစ်တော်လှန်ရေးအပြီး ပထမဆုံးအချိန်ပါ။

မနေ့က ဒီမိုဆယ်လီအားလုံးက စည်းလုံးညီညွတ်ကြဖို့ပြောသွားလို့ မအလဟာ မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ပါ။ ပြည်သူတွေကလဲ မအလရဲ့ လှည့်ကွက်ထဲမဝင်ဘဲ NUG ကို ထောက်ခံခြင်းဖြင့် ထောက်ပံ့ခြင်းဖြင့် မအလနဲ့ဖက်ဆစ်စနစ်ကို အမြစ်ကနေ ဆွဲနုတ်ရမှာပါ။ စာရေးသူတို့အားလုံး ယခု မအလကိုတိုက်နေတာဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းအတွက်မှမဟုတ်ဘဲ စာရေးသူတို့ရဲ့ လွတ်လပ်ရေး စစ်ကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက်ဆိုတာ မမေ့ပါနဲ့။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Oct 03, 2021

ဦးမြတ်!!!**မချစ်ရင်​နေပါ၊ မမုန်းပါနဲ့၊

လူသားအသည်း နှလုံးနှင့် ကျွန်​တော်**

တချိန်က နာမည်​ကျော်ကြား လူကြိုက်အများဆုံး သီချင်း။

စကစရဲ့ တိုက်ကွက် အတိုင်းအတာတခုအ​နေနဲ့ ​ဖေ့စ်ဘုတ်​ပေါ်မှာ ဆူညံသွားသည်ထိတော့ ​အောင်မြင်ခ့ဲပါသည်။သို့​သော် ယ​နေ့ G XYZ တို့သည် မျက်ကန်း ယုံကြည်မှုမျိုး မရိှ​​တော့ပါ။ ဥာဏ်မျက်​စေ့လို့​ခေါ်တဲ့ အမှန်ကိုြမင်နိုင်စွမ်း​စေတဲ့​ဝေဖန်စိစစ်မှုအတတ်ပညာကို တစုံတ​ယောက် ​ရှေ့​​ဆောင်လမ်းပြမှု​ကြောင့် ရရိှခဲ့ပါသည်။လမ်းပြကြယ် မရိှခဲ့ပါက ​လျောက်​သောလမ်းမှာ စမ်းတဝါးဝါးနဲ့ လမ်းမှားပဲ ပြန်​ရောက်ဦးမှာပါ။

လမ်းပြကြယ်ဆိုတာ တကယ်​တော့ ​ ​**ကျေးဇူးရှင်* *စာရင်းထဲမှာပါပါသည်။

မ​​နေ့က တင်​သော ပို့စ်တခုမှာ

~​ဒေါ်စုကို ကယ်ဖို့ လုပ်​နေတာမဟုတ်ဖူး

~ဖြိုးမင်းသိမ်း ဆိုတဲ့ အ​ကောင်အတွက်လည်း လုပ်​နေတာ မဟုတ်ဘူး။

ပို့စ်ပိုင်ရှင်ဟာ ရန်ကုန်သူ ရန်ကုန်သား ဆိုလျှင်​တော့ အမှားကြီး မှားသွားပါပြီ။သည်မျှထိ​တော့ မရိုင်းစိုင်းသင့်ပါ​။

~​ဒေါ်စု ဟူ​သော အသုံးအနှုန်းသည် ဘယ်သူက စတင်၍ သုံးခဲ့ပါသနည်း?ဆန့်ကျင်ဘက် မလိုတမာ အုပ်စုက သုံးခဲ့ပါသည်။

~%%%၁၉၈၀ အလွန်ကာလ​တွေ၊ အင်္ဂ​​တေ အကျိုးအ​ကြေ​တွေနဲ့ ​လျောက်ခဲ့ရ​သော လွစ္စလမ်း(ဆိပ်ကမ်းသာလမ်း)၊ ၂၀၂၀ မှာအရင်နဲ့တူ​သေးရဲ့လား?

~●ဗန္ဓုလ ပန်းခြံ ၉၀ ဝန်းကျင်ကနဲ့ ကွဲပြား ခြားနားသွား​အောင် ဘယ်သူ

စွမ်း​ဆောင်ခဲ့တာလဲ?

~အမိုးအကာနဲ့ လမ်း​ကျော်လူကူး ဂုံးတံတား​​​တွေ ဘယ်သူ​ဆောက်​ပေးခဲ့တာလဲ?

~စပါယ်ယာ အ​အော်အ​ငေါက်ခံပြီး မွန်းကြပ်တဲ့ကား​တွေက​နေ အဲကွန်းပါတဲ့ကား​တွေ စီးနှိင်​အောင် မည်သူ ​ဆောင်ရွက်ခဲ့သလဲ?

~ပထမ ကိုဗစ်လိုင်းတုန်းက အစီအမံ​တွေ ​ကောင်းလွန်လွန်းလို့ အများက သြချ အံ့​သြယူရ​လောက်​အောင် ​ဆောင်ရွက်ရာမှာ

ကျန်း ဝန်ထမ်း​တွေနဲ့ လက်တွဲညီညီ ​ဆောင်ရွက်ခဲ့တာ ဘယ်သူလဲ?

​သူတစ် ထူး၏ ​ကျေးဇူးတရားဆိုတာ မ​မေ့အပ်ပါ။ အနိမ့် စံ ဘဝ​ရောက်ကာမှ ပြစ်ပြစ်နစ်နစ် အ​ရေးအသားများသည်

ချိုးနိှမ်ရာသို့​​ရောက်ပါသည်။ ​ကျေးဇူးတရားကို သိဖို့ ရှင်​တော် ဗုဒ္ဓ လူသားများ လိုက်နာကျင့်သုံးရမည့်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page