top of page
Search
  • Writer's pictureMyat Tun Oo

မအလကံမကောင်းဘူး


ဒီနေ့ မအလကံမကောင်းဘူး။ ရှမ်းတောင်နယ်စပ်မှာ ဗိုလ်မှူးပါသွားတယ်။ ယခင်က ဘာတိုက်ပွဲဖြစ်ဖြစ် ဒုဗိုလ်မှူးကြီးအဆင့်အထိ ကျခဲတယ်။ PDF ပေါ်လာမှ ဒုဗိုလ်မှူးကြီးအဆင့်အထိသေတာက ပုံမှန်လိုဖြစ်လာတယ်။ နောက်ဗိုလ်မှူးကိုမိတာ AA နဲ့တိုက်ပွဲဖြစ်တုန်းကသာရှိခဲ့တာ။ ယခုက စမိလာပြီ။ ဒါကပထမအဆင့်။

ရှမ်းမြောက်မှာ မအလက အဖွဲ့အားလုံးနဲ့ ငြိမ်းချမ်းရေးယူထားတယ်။ PEACE ပေါ့။ NLD အစိုးရလက်ထက်တိုက်လေ့ရှိတဲ့အဖွဲ့တွေထဲမှာ MNDAA နဲ့သာ တိုက်နေသေးတာ။ ဒါကို ဘယ်က PDF က ပေါ်လဲသလဲမသိဘဲ ခြုံခိုတိုက်လိုက်တာ မူဆယ်လမ်းပေါ် အသေများသွားတယ်။ စစ်ကိုင်းမှာက မနေ့ကနဲ့ဒီနေ့ အသေများသွားတာလဲ တွေ့လိုက်ရပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးလို့ ထင်ရတဲ့ အမျိုးသမီးက အမေရိကန်၊ အာဆီယံပွဲ အစည်းအဝေးမှာ ထိုင်နေတဲ့ပုံတက်လာပါတယ်။ ဒါဆိုရင် မအလတင်းမှာ သေချာပါတယ်။ အာဆီယံသံရုံးတွေကို မြန်မာပြည်ထဲက မောင်းထုတ်မလား? မောင်းထုတ်ရဲလား? အဘကသတ္တိရှိပါတယ်။ လုပ်ပြလိုက်တာပါ။ စာရေးသူတို့ရွာတွေ မီးရှို့ခံနေရတာ၊ လူတွေထွက်ပြေးနေရတာလဲ ရင်နာစရာပါ။ ဒါ​ပေမယ့် မန္တလေးက၊ ရန်ကုန်ကအိမ်တွေ အဖျက်ခံ အပြောင်းခံရတာက သူတို့ကို မတော်လှန်လဲ အပြောင်းခံရတာပါဘဲ။ ခင်ရွှေဆို သူတို့လူ သူတို့ကို မတော်လှန်လဲ ဖမ်းတာပါဘဲ။ ဒါကြောင့် လုပ်စရာရှိတာသာလုပ်ပါ။ အချိန်တန်ရင် ဘယ်သူနိုင်လဲ သိလာပါလိမ့်မယ်။ ပြည်သူသာအဓိကပါ။

841 views0 comments

Comments


bottom of page