top of page
Search

မအလကို ဘယ်နိုင်ငံက ကူနေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 9, 2022
  • 1 min read



ဒီနေရာမှာ စာရေးသူအနေနဲ့ လက်တွေ့ကျတာကိုရေးပါ့မယ်။ စာဖတ်သူများ ကြိုက်ချင်မှကြိုက်ပါလိမ့်မယ်။ ပထမဆုံးက အာဏာသိမ်းခါစ တရုတ်တပ်ကူတယ်ဘာညာ ကောလဟာလလွှင့်ချိန်မှာတောင် စာရေးသူကိုမေးတဲ့ NLD ပါတီကလူတွေကို မလာကြောင်းပြောခဲ့ပါတယ်။ အာဏာမသိမ်းခင် သူအာဏာသိမ်းမယ်လို့ မအလက ဒဲ့ပြောခဲ့တာက ရုရှာကာကွယ်ရေးဝန်ကြီးကိုဖြစ်ပြီးတရုတ်ကို ရွေးကောက်ပွဲမသမာမှုရှိကြောင်းသာ သူပြောခဲ့တာပါ။ ဒီနေရာမှာ ဘယ်နိုင်ငံတွေက မအလကို စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေးကူနေလဲ လေ့လာရအောင်။

စစ်ရေးအရ မအလကို ကူနေတာက ရုရှားပါ။ သူက စစ်ကိုင်းမှာ စစ်ဆင်ရေးအတွက် ရဟတ်ယာဉ်တွေကို သေနတ်တွေ ပုံပြောင်းတတ်တာ၊ သင်ကြားပြသတာ၊ အဆင့်မြှင့်တာ၊ ပြုပြင်ထိန်းသိမ်းတာတွေကို လုပ်ပေးပါတယ်။ ရုရှားစက်ပြင်တွေ နေပြည်တော်မှာ ရှိပါတယ်။ နောက် လေယာဉ်သစ်အတွက် အမောင်းသင်တာလာလုပ်နေတာလဲ ရှိပါတယ်။ KNU ကို ဗုံးကြဲတာလဲ ရုရှားလေယာဉ်မောင်း အကူနဲ့ပါ။ ဒါက ကုန်ရောင်းကုန်ဝယ်လုပ်တာထက် နီးနီးကပ်ကပ် ကူညီနေတာပါ။ မအလက ရဟတ်ယာဉ်နဲ့ စစ်ကစားလို့ရအောင် တိုးချဲ့နေပြီး ဒါကို ရုရှားက နည်းပညာလက်နက်တွေ ပံ့ပိုးပေးနေပါတယ်။ တရုတ်ထံက ဝယ်တာရှိပေမယ့် ရုရှားလို ကိုယ်ဖိရင်ဖိ တရုတ်က မကူနေပါ။

နိုင်ငံရေးကိုကြည့်ရင်တော့ ကမ္ဘာ့ဇတ်ခုံမှာ ရုရှားနဲ့တရုတ်က မအလကို ကာကွယ်နေတာ တွေ့ရမှာပါ။ ရုရှားက ပေါ်တင်ကာကွယ်နေပြီး တရုတ်က မသိမသာပါ။ အာဆီယံဟာ အပေါ်ယံကြည့်ရင် မအလကို မကာကွယ်သလို ထင်ရပါတယ်။ ဒါပေမယ့်သူက ဒေသတွင်းအဖွဲ့အနေနဲ့ သူ မအလကိုမနိုင်ကြောင်း ကုလကိုပြန်မလွှဲပေးဘဲ မျှောလိုက်နေခြင်းဖြင့် မအလကို ကာကွယ်ပေးနေပါတယ်။တရုတ်ဟာ ကိုဗစ်ကာကွယ်ဆေး မြန်မာပြည်အတွက်လှူတာကိုတောင် မြန်မာဝန်ကြီးထံမအပ်ဘဲအာဆီယံကိုယ်စားလှယ်ကိုသာ ပေးသွားခဲ့ပါတယ်။ မအလကို မတွေ့ဘဲ လှေလှံနှစ်ဖက်နင်းပြနေပါတယ်။

စီးပွါးရေးမှာ မအလအဓိကဝင်ငွေရနေတာက သဘာဝဓာတ်ငွေ့ပါ။ အဓိကဖောက်သည်က ထိုင်းပါ။ ဒီငွေတွေနဲ့ မအလက လူသတ်လက်နက်ဝယ်နိုင်နေတာပါ။ ထိုင်းကို မအလထံကသဘာဝဓာတ်ငွေ့မဝယ်စေလိုရင် အမေရိကန်က ကြီးမားတဲ့ဖိအားပေးမှရမှာပါ။ ဥပမာ ယူကရိန်းကိစ္စမှာ ဂျာမနီကို ရုရှားထံက ဓာတ်ငွေ့မဝယ်ဖို့ ဖိအားပေးတာမျိုးပါ။ NUG လုပ်မရပါ။ အမေရိကန်က ဖိအားပေးရမှာပါ။ ယခုအချိန်မှာ ခက်မှာပါ။ တရုတ်နဲ့ စင်ကာပူက အသစ်မလာပေမယ့်ယခင်ကမြုပ်နှံထားတာတွေနဲ့ ပိုက်ဘောမိနေပါတယ်။ တရုတ်ကလဲ နယ်စပ်ကုန်သွယ်ရေးကို ကိုဗစ်ဖြစ်မှသာပိတ်လို့ မအလကို ထိသင့်သလောက်မထိသေးပါ။ ယခုပြည်တွင်းမှာက မအလက သူ့ဖာသာတိုင်းပြည်စီးပွါးပျက်အောင် လုပ်နေတာပါ။ တရုတ်နဲ့စင်ကာပူဟာ မအလနဲ့ပေါင်းရင် သူတို့အကျိုးစီးပွါးတွေကို ပြည်သူတွေက ထိခိုက်အောင်လုပ်နိုင်မှန်းသိလို့ သတိထားကစားနေပုံပါ။

အကျဉ်းချုပ်ရရင် စစ်ရေးအရ မအလကို ကူနေတာက ရုရှားဖြစ်ပြီး စီးပွါးရေးအရ သွယ်ဝှက်ကူတာက တရုတ်နဲ့ ထိုင်းပါ။ အာဆီယံကလဲ မိမိ မနိုင်ရင် မနိုင်ဘူးမပြောဘဲ အချိန်ဆွဲပေးနေပါတယ်။ စာရေးသူတို့အနေနဲ့က ဘယ်နိုင်ငံမှ မျှော်မနေဘဲ ပိုက်လိုင်းအပေါ်ထိုင်နိုင်ရင် NUG ရဲ့အချုပ်အခြာအာဏာကို အသိအမှတ်ပြုလာမှာပါ။ မအလ စီးပွါးရေးထိရင် စစ်လက်နက်ဝယ်ဖို့ပါပြဿနာတက်လာမှာပါ။ ဒါကြောင့် ပြည်တွင်းကိုသာ အာရုံစိုက်ကြပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Claire Thompson
Claire Thompson
Jul 09, 2022

ထိုင်ခုံကနေဖယ်မပေးချင်တဲ့ မအလ လို ဘဝတူတွေပါ

ပူတင် ရှီ ပရာယွတ် ဟွန်ဆန် ဗီယက်

ကင်ဂျောင်အန် အာဆက် အီရန် ပါကစ်

ဂိုဏ်းတူတွေပါ

ဒီမိုတွေက ထိုင်ကြည့်နေပါတယ်

ထိထိရောက်ရောက် လက်တွေ့ တကယ်မကူဘဲ လေပဲ ရှိပါတယ်

မထိရဲ မတို့ရဲတာပါ

နျူ စစ်ပွဲ ဖစ်မလာအောင်များလားပဲ

အဘေးလည်း လုပ်ကြံခံရ ဘောရစ်ကနုတ်ထွက် ဘိုင်ဒင်က နောက်သက်တမ်း ရဖို့ မသေချာ ထရမ့်ကြီး ပြန်တက်လာရင် ပိုဆိုးပီ

အာဏာရှင်တွေ သမိုင်းကနေ ဒီနေ့ထိ လုပ်ကြံခံရတာကို မသိဖူး မကြားဖူးသေးပါ

စစ်ပွဲတွေကြောင့် အကျိုးမြတ်ရမဲ့ လူစိတ်မရှိတဲ့လက်မည်းတွေလည်း ပါနိုင်ပါတယ်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page