မအလက နိုင်နေတာလား?
- Myat Tun Oo
- Aug 15
- 1 min read

မအလဟာ ၂၀၂၁ အာဏာမသိမ်းပွဲ မတိုင်ခင်က KIA ကို လိုင်ဇာနားထားခဲ့သလို AA ကလဲ ပလက်ဝမှာသာ တိုင်ပတ်နေခဲ့တာပါ။ TNLA က သူ့ဌာနချုပ်၊ KNU ကလဲ သူ့ဌာနချုပ်၊ ကိုးကန့်က ဌာနချုပ်တောင် မရှိခဲ့ပါ။ ပြည်သူတွေမှာ သေနတ်မပြောနဲ့ အပ်တိုတစ်ချောင်းတောင်မရှိခဲ့ပါ။
ယခု ၂၀၂၅ မှာ ရခိုင်မှာ သုံးမြို့နယ်သာ အုပ်ချုပ်နိုင်ပြီး ချင်းမှာ မြို့အများအပြား မအုပ်ချုပ်နိုင်ခဲ့သလို KIA ကလဲ မြစ်ကြီးနား ရောက်လာနေပါပြီ။ KNU ကလဲ တိုက်သလို မတိုက်သလိုနဲ့ နယ်စပ်စခန်းအားလုံးနီးပါး သိမ်းသွားခဲ့ပါပြီ။ စစ်ကိုင်း၊ မကွေး၊ မန္တလေးမှာ မအလတပ်ဟာ မြို့ပေါ်တောင် အနိုင်နိုင် ထိမ်းနေရတာ အားလုံးသိမှာပါ။ မအလကိုယ်တိုင်က မြို့ ၆၄ မြို့မှာ သူမအုပ်ချုပ်နိုင်ဘူးဆိုတာကို တရားဝင် ဝန်ခံထားတာ အားလုံးသိမှာပါ။ ဒါကြောင့် မအလဟာ ဘယ်လိုမှ စစ်ရေးအရ မနိုင်နိုင်ပါ။
ယခုဗျူဟာပြောင်းတာက နိုင်မှာလား? အမေရိကန်ဟာ အီရတ်မှာ ဖေဖော်ဝါရီ ၂၀၀၇ ကနေ စက်တင်ဘာ ၂၀၀၈ အထိ ဗိုလ်ချုပ်ကြီူ David Patraeus က ဦးဆောင်ပြီး စစ်ဆင်ရေးလုပ်ခဲ့ပါတယ်။ သူက ဒေသခံတွေနဲ့ ပူးပေါင်းလုပ်ဆောင်လို့ အစပိုင်းမှာ အောင်မြင်ခဲ့ပေမယ့် အမေရိကန်က ဆုတ်ရတာပါဘဲ။ သူ အီရတ်မှာ အောင်မြင်တာကို အားကျပြီး အာဖဂန်မှာ လိုက်လုပ်ပေမယ့် အီရတ်မှာလို မအောင်မြင်ခဲ့ပါ။ အာဖဂန်က အမေရိကန်တပ်တွေ ထွက်ပြေးခဲ့ရတာ အားလုံးမှတ်မိမှာပါ။ ပြည်သူမပါလို့ မအလထက် အင်အားကြီးတဲ့ ဆိုဗီယက်တပ်နဲ့ အမေရိကန်တပ်တောင် အာဖဂန်မှာ မနိုင်ခဲ့ပါ။
ဒါဆိုရင် ဗန်းမော်ကို မအလက တိုက်နိုင်ခဲ့ရင်ရော? စစ်သဘောအရ အတိုးအဆုတ်တွေက ရှိမှာပါ။ ဆီးရီးယားမှာ အာဏာရှင်အာဆတ်က ရုရှားလေကြောင်း အကူအညီနဲ့ ၉၀% နီးပါး ပြန်သိမ်းပြီးချိန်မှ အစ္စရေးကိစ္စနဲ့ အီရန်ထိပြီး အာဆတ်ပါခံ ခံလိုက်ရတာပါ။
စစ်နည်းဗျူဟာအရ မအလတပ်ဗျူဟာပြောင်းချိန်မှာ နယ်မြေအတိုးအဆုတ် ရှိနိုင်ပေမယ့် ဒါတွေက မအလစစ်နိုင်အောင်အထိ မဖြစ်နိုင်ပါ။
အခြားဘက်မှာ မအလက သူ့ဖဲသူချိုးထားတဲ့ ရွေးကောက်ပွဲလုပ်ပြီးရင်တောင် သူ့ကိုယ်သူ ဘာရာထူးယူမလဲ အတော်စဉ်းစားရမှာပါ။ တပ်ချုပ်ရာထူးကို ကျော်စွာလင်းပေးပြီး သမ္မတလုပ်ရင်လဲ တက်လာတဲ့တပ်ချုပ်ကို စိတ်ချရဖို့က မဖြစ်နိုင်ပါ။ အားလုံးကို ကိုင်ထားရင်လဲ ဘာမှမထူးလို့ ဒီဇတ်မြောအတိုင်း ၂၀၂၆ အကုန်ထိသွားရင် တရုတ်နဲ့က ပြန်ပြဿနာတက်မှာပါ။ သူ့ဖာသာ ရွေးကောက်ပွဲအပြီးတောင် သူ့ကိုယ်သူ ဘာရာထူးပေးမလဲ စဉ်းစားရခက်နေပြီး သူဟာ ဘရွှေလို အေးဆေးအချိန်အာဏာလွှဲတာမဟုတ်လို့ PDF တပ်ကြီးနဲ့ ရင်ဆိုင်ရမှာပါ။
ပြည်သူက အချိန်ကြာပေမယ့် မိမိပြည်သူ့အစိုးရအောက်က PDF ကိုသာ PRF ကတဆင့် လှူပေးပါ။ မိမိတပ်အားရှိမှ ရန်ကုန်၊ နေပြည်တော်ကို သိမ်းနိုင်မှာဖြစ်ပြီး ထိုတပ်က အစိုးရဖွဲ့မှာပါ။ တိုင်းရင်းသားခေါင်းဆောင်တွေကလဲ ငါတို့ NUG နဲ့ ဘယ်လို ပူးပေါင်းလုပ်မလဲ ပူးပေါင်းဖို့ ဘာတွေလိုလဲ ပွင်းလင်းစွာပြောပြီး ပူးပေါင်းဆောင်ရွက်ပါ။ မြန်မာနိုင်ငံသားအားလုံး လွတ်မြောက်ဖို့က အားလုံးမှာတာဝန်ရှိပါတယ်။



Comments