top of page
Search

မအလကို တွန်းပို့နေတဲ့အရာများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 8, 2022
  • 1 min read

တိုက်ပွဲတစ်ခုနိုင်ဖို့ဆိုရင် သတင်းအချက်အလက် အမှန်ရဖို့က အရေးကြီးပါတယ်။ အများစုက NUG ဘာလုပ်လဲဘာညာဆိုတာကို အာရုံစိုက်ပေမယ့် မအလအကြောင်းက သတင်းမရလို့ မတင်တာလဲရှိနိုင်ပါတယ်။

စာရေးသူတို့ တော်လှန်ရေးအောင်မြင်ဖို့ဟာ သာမန်အချိန်တွေထက် ဖြစ်နိုင်ချေက များလာနေပါတယ်။ ထင်ရှားတဲ့ဥပမာပြပါဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းက ဖြုတ်ချခံခဲ့ရတဲ့ MRTV App ပါ။ ဒီ MRTV App ကြီးကို ထိပ်တန်းလျှို့ဝှက်အနေနဲ့ ဘူးလက်တို့က ရေးခဲ့ကြပါတယ်။ သိန်းထောင်ဂဏန်းချီသုံးပါတယ်။ ဒီလို App ရေးဖို့ ဒီလောက်ပိုက်ဆံမကုန်တာ နိုင်ငံခြားရောက်မြန်မာတွေသိမှာပါ။ ဒါက ဂျပုကို ဘူးလက်နဲ့ ပြန်ဝန် ဝိုင်းကစ် ဂျင်းထည့်တာပါ။ ပြန်ဝန့်သား မင်္ဂလာဆောင်စားရိတ်ပေါ့။ ဒါမျိုးကို Apple store နဲ့ Google Play store မှာတင်ရင် Facebook လိုဖြုတ်ချခံရနိုင်တယ်ဆိုတာ သာမန်တွေးကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့် ဖားသူများနေလို့ အမှန်ကို မမြင်နိုင်ပါ။နောက်ထပ်မှားတာက နိုင်ငံရေးအမှားပါ။ ဒီလို App မျိုးက NUG က clicktodonate ၊ PDF game ဆိုပြီး ဘယ်သူရေးမှန်းမသိရေးပြီး တင်နေတာက အများအပြားပါ။ ဒီလိုပွဲတိုင်းကို NUG သမ္မတ/ဝန်ကြီးချုပ်ကတောင် ဖွင့်ပွဲမလုပ်ပါ။ ဒါတွေဟာ သာမန်လုပ်နေကျအရာတွေပါ။ မအလကတော့ ဒီ App လောက်ကို ဆင်းဖွင့်ရာမှာ အရှက်က ပိုကွဲသွားခဲ့ပါတယ်။ App ဖွင့်တာဟာ နိုင်ငံတော်အဆင့်မဟုတ်ပါ။ ဒီ App ကို အမေရိကန်ကနေ ဖြုတ်ချလိုက်ချိန်မှာမအလသိသွားပါတယ်။ အောက်ကိုပြန်မေးချိန်မှာ ပြန်ဝန်တို့ မဲလုံးတို့က ဖြုတ်ချတာမဟုတ်ဘဲ သူတို့ဖာသာသူတို့ပြင်ဖို့ဖြုတ်တာဆိုပြီး ထပ်ဂျင်းထည့်တင်ပြတာပါ။ ဒါက ဇော်မဲလုံးအပြင်မှာပြောတာနဲ့ အထက်ကိုတင်ပြတာကအတူတူပါ။ ဒါကြောင့် အမှန်ကိုမတင်ပြလို့ မအလအနေနဲ့ မူဝါဒကိုပြင်လို့မရပါ။ ဒါက ကျဆုံးဖို့ လမ်းစပါ။

ဒီအဖြစ်အပျက်ကို စစ်ရေးအနေနဲ့ မြင်ကြည့်ပါ။ စစ်ကိုင်းမှာ သူတို့ခံနေရတယ်ဆိုတာကို ဘူးလက်တို့လို ဘောမတွေက သတိပေးပါတယ်။ မအလကလဲ အောက်ကိုမေးပါတယ်။ အောက်ကလဲ အဆင်ပြေပါတယ်အဘ နိုင်နေပါတယ်အဘလို့တင်ပြပါတယ်။ ဒါဆို မအလက အိုကေပေါ့။ ဒါပေမယ့် သူ့မုံရွာကို အဝိုင်းခံထားရပြီလို့ သိလိုက်ရချိန်မှာ နောက်ကျသွားခဲ့ပါပြီ။ ထို့အတူပါဘဲ ချင်းမှာ ယာဉ်တန်းကို အတိုက်ခံရပေမယ့်လဲ ဇော်မဲလုံးက ငါးမိနစ်သာထိတွေ့မှုဖြစ်တာပါ ဘာမှမဖြစ်ပါလို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒီလိုတင်ပြတာက မအလထံကိုလဲ ထို့အတူပါဘဲ။ဒါကြောင့်ကယားမှာ ပုံမှန်လေး တပ်တွေသွားလာလိုက်လို့ ဟိုကတိုက်ချိန်မှာ အကုန်သေကုန်တာပါ။

ဒီနေရာမှာ စာရေးသူက မအလတပ်သေ မသေကို စစ်ဆေးရုံမှာ ဘယ်လောက်လူပြည့်နေသလဲဆိုတာနဲ့သာတိုင်းတာပါတယ်။ ယခင်က CDM လုပ်ရင် စစ်ဆေးတွေက လာလုပ်မယ် ဘာညာဆိုပြီး မအလဘောမများကဆိုက်ဝါးထည့်လေ့ရှိပါတယ်။ ယခု ကုဋေဖြိုးအောင်ထိထိ၊ ဘယ်စစ်သားထိထိ အရပ်ဖက်ဆေးရုံသာပို့ပြီး ရန်ကုန်လိုနေရာမျိုးမှာတောင် စစ်ဆေးရုံကို တိုက်ရိုက်မပို့နိုင်ပါ။ ဒါကအခြေအနေမှန်ပါ။

အကျဉ်းချုပ်ရရင် မအလရဲ့ အောက်ခြေက ဂျင်းထည့်ပြီးတင်ပြချက်များဟာ မအလကို တွင်းထဲ/ချောက်ထဲတွန်းပို့နေတာ တွေ့ရပါတယ်။ သူတို့ဟာ ဖရဲသီးများလားဆိုတာတောင် စဉ်းစားနေရပါပြီ။ မအလကို ကျဆုံးဖို့တွန်းပို့နေတဲ့အရာများဟာ သူ့လက်အောက်ကလူများသာလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

1 Comment


Mya Win
Mya Win
May 08, 2022

နိုင်ငံတော်အဆင့်မမှီလို့ နိုင်ငံကို အုပ်ချုပ်နိုင်စွမ်း မရှိတဲ့လူဘဲ ဖွင့်မှာပေါ့😀😀😀

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page