top of page
Search

မအလကြောက်လာနေသော ဆရာဇော်ဝေစိုး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 13, 2022
  • 1 min read

မအလဟာ NUG အစမှာ လေပေါ်ကအစိုးရဆိုပြီး အလေးမထားခဲ့ပါ။ နောက်ပိုင်း NUG ကဩဇာရှိလာလို့ ဒေါက်တာဆာဆာ၊ ဆရာဇော်ဝေစိုး၊ ကုလသံဦးကျော်မိုးထွန်းနဲ့ ဦးရည်မွန်တို့ကိုလုပ်ကြံဖို့ စရဖတန်ပြန်ထောက်လှမ်းရေးကို တာဝန်ပေးခဲ့ပါတယ်။ ယခုအချိန်အထိက ဦးကျော်မိုးထွန်းလိပ်စာကလွဲရင် အခြားသူလိပ်စာ အတိအကျ ရှာမရသေးပါ။

ဒါနဲ့ မအလဟာ လူကိုမသတ်နိုင်ရင် NUG ကို နာမည်ဖျက်ဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။ပထမကြိုးစားတာက NUG က သူတို့ကိုသတ်ဖို့ စာရင်းရှိတယ်ဆိုပြီး မအလထံက ငြိမ်းချမ်းရေးအကြောင်းပြ လစာယူနေသူ ၈၈နဲ့ ဇရပ်ပျက် ယောမင်းကြီးအုပ်စုကို စအော်ခိုင်းပါတယ်။နောက်ပိုင်းမှာ ထိုအကွက်က လူသိသွားလို့ ယခုအချိန်မှာ ၈၈ က တန်ပြန်ထောက်လှမ်းရေးအချို့နဲ့DASSK မုန်းတီးသူအချို့ နောက်အမေရိကန်က ကျပ်မပြည့်တဲ့ သတင်းထောက်ရူးတွေကိုအသုံးချပြီး နာမည်ဖျက်ဖို့ ကြိုးစားလာတာ တွေ့ရပါတယ်။

သူတို့ဦးတည်နေတာက ပါမောက္ခဆရာဇော်ဝေစိုးကိုပါ။ ဘာလို့လဲဆိုတော့ ဆရာဇော်ဝေစိုးကို ပုံမှန်နိုင်ငံရေးသမားတွေကို တိုက်ခိုက်သလို တိုက်ခိုက်ရခက်နေပါတယ်။ သူကပညာအရာမှာလဲ မအလလို အဆင့်မရှိတဲ့ ဆယ်တန်းအမှတ်မဟုတ်သလို မအလဟာ MA(Defence) သာ ခိုးချလာဘ်ထိုးပြီးရခဲ့ချိန်မှာ ဆရာဇော်ဝေစိုးက မဟာဘွဲ့တင်မဟုတ်ဘဲ နိုင်ငံခြားက အထူးကုခွဲစိတ်ဘွဲ့ပါရတာ တွေ့ရပါတယ်။ နောက်မအလက ခိုးမှတိုက်ဝယ်နိုင်ချိန် ဆရာဇော်က မိမိသမာအာဇီဝနဲ့တိုက်ဝယ်နိုင်ခဲ့သူပါ။ ဆရာဇော်က ရန်ကုန်ကလူတွေ ကိုဗစ်နဲ့ မသေအောင် ကွီးဖြိုးနဲ့ တွဲလုပ်ခဲ့သူပါ။ မအလကတော့ တစ်တိုင်းပြည်လုံးကို ကိုဗစ်နဲ့သတ်ခဲ့သူပါ။ ဆရာဇော့်ကလေးတွေက ကိုယ့်အားကိုယ်ကိုး ပညာတတ်လေးတွေဖြစ်ချိန်မှာ မအလကလေးတွေက သူခိုးလေးတွေပါ။ ဆရာဇော့်မြေးက ဉာဏ်ရေးဖွံ့ဖြိုးချိန်မှာ မအလမြေးတစ်ယောက်က ကျပ်မပြည့်သလို နောက်တစ်ယောက်ကလဲ နှလုံးမလှတာ တွေ့ရမှာပါ။ ဒါ့ကြောင့် မအလဟာ အရာရာမှာ ဆရာဇော်နဲ့ယှဉ်ရင်သိမ်ငယ်ခဲ့ပါတယ်။

ထိုသိမ်ငယ်မှုကို ပိုအားကြီးစေတာက ဆရာဇော်ရဲ့ ဗမာစကားကျွမ်းကျင်မှုပါ။ သူကိုဗစ်ကိစ္စမှာစကားပြောတာဟာ ဩဇာရှိပြီး ရှင်းလင်းပါတယ်။ ဒါကြောင့် ကွီးဖြိုးဟာ နိုင်ငံရေးလောက်ဘဲပါပြီး ကိုဗစ်မှာ အဓိကစကားပြောသူဟာ ဆရာဇော်ဝေစိုးဖြစ်လာခဲ့ပါတယ်။ DASSK ကလဲ ဆရာဇော်ဝေစိုးပြောတဲ့စကားတွေကို ကြိုက်ပါတယ်။ ယခုတော်လှန်ရေးမှာ သူကစကားပြောလိုက်ရင်ဗမာဒေသကလူတွေက အားတက်တက်သွားပြီး မအလတပ်ပိုအထိနာလာပါတယ်။ ဗမာလူမျိုးက၃၄ သန်းလောက်ရှိတယ်ဆိုတာ မမေ့ပါနဲ့။ ဆရာဇော်ဝေစိုးရဲ့အားသာချက်က စာရေးသူတို့ယောက္ခမလို အရွယ်တွေကတောင် ဆရာက သူ့ပညာတွေနဲ့ အပင်ပန်းခံလုပ်တယ် စွန့်လွှတ်တယ်ဆိုပြီးမြင်ကြတာပါ။ သူပြောတာကို လိုက်လုပ်မယ်ပေါ့။ လေးစားတယ်ပေါ့။ အဆိုပါသူတွေဟာယခင်က ဂူဂူရဲ့ ပုရိတ်သတ်တွေပါ။

အကျဉ်းချုပ်ရရင် ဆရာဇော်ဝေစိုးနဲ့ယှဉ်ရင် မအလဟာ အစစ အရာရာ သိမ်ငယ်နေရသူပါ။ ယခုက ဆရာဇော်ဝေစိုးရဲ့ အပြုအမူအပြောအဆိုတွေက ဗမာတွေကို စိတ်အားတက်ကြွစေပြီး မအလတပ်ကို တိုက်ရိုက်စိန်ခေါ်နေလို့ မအလက ကြောက်နေပါတယ်။ သူဟာ DASSK လို ဗမာစကားနိုင်သူပါ။ နောက်သူက အင်တာဗျူးမှာ အနောက်နိုင်ငံတွေက ကူကူ မကူကူ လုပ်စရာရှိတာ ကိုယ့်အားကိုယ်ကိုးပြီး လုပ်မယ်လို့ ပြောသွားတာတွေကလဲ လက်တွေ့ကျတာတွေ့ရပါတယ်။ ဒါကြောင့်မိုလို့ ယခင်က ကွီးဖြိုးကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ မအလရဲ့ နောက်လိုက်ခွေးများက ဆရာဇော်ဝေစိုးကို စတင်တိုက်ခိုက်လာတာပါ။ လက်ရှိအခြေအနေက မအလတပ်ဟာ ပိုများတဲ့စစ်မျက်နှာကိုရင်ဆိုင်လာနေရပါပြီ။ သူတို့ကို ဆရာဇော်က လမ်းလွှဲခေါ်သွားခဲ့လို့ ဦးရည်မွန်ဟာ သူလုပ်စရာရှိတာတွေကို လုပ်နိုင်ခဲ့ပါပြီ။ Good Team Work ပါ။ ကောင်းမွန်တဲ့ အသင်းအဖွဲ့စိတ်နဲ့ လုပ်သွားကြလို့ မအလအဖွဲ့ ဆရာဇော်နဲ့ ဦးရည်မွန်ထောင်ချောက်ထဲ ဝင်သွားခဲ့ပါတယ်။ ရှေ့လပိုင်းတွေမှာတိုက်ပွဲတွေ အရှိန်အဟုန်နဲ့ ဆက်ဖြစ်လာပါမယ် ပြင်ဆင်ထားပါလို့ ကြိုတင်သတိပေးထားပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jan 13, 2022

ဦးမြတ်!!!ဖော်ပြပါဆောင်းပါးနှင့် လိုက်လျောညီထွေမှု ရှိနိုင်မည် ထင်မြင်မိပါသဖြင့်။


*အတိတ်၊ အနာဂါတ်နှင့် သည်ခေတ်*


ကိုယ့်တိုင်းပြည် ချစ်တဲ့စိတ်နဲ့

အတိတ်ကို ရှုမျှော်

မွေ့လျော်ဖွယ် မြင်ကွင်း။

သည်ခေတ်မှာ မျိုးပြန်ချ

အားတက်ကြမင်း။

ကိုယ့်တိုင်းပြည် ချစ်တဲ့စိတ်နဲ့

အတိတ်ကို ရှုမျှော်

မလျော်တဲ့ မြင်ကွင်း။

သည်ခေတ်မှာ အဆိပ်မပွားအောင်

ဆီးတားကြမင်း။


ကိုယ့်တိုင်းပြည် အချစ်ဓါတ်နဲ့

အနာဂါတ်ရှုမျှော်

ပေါ်လာမယ့် အကျိုး။

သည်ခေတ်မှာ အားနဲ့ ခဲ

ဇွဲနှင့် စိုက်ပျိုး။

ကိုယ့်တိုင်းပြည် အချစ်ဓါတ်နဲ့

အနာဂါတ်ရှုမျှော်

ပေါ်လာမည့် အဆိုး။

သည်ခေတ်မှာ ခေါင်းနှိမ်လို့

သည်အိမ်မှာ အပင်မပေါက်စေနဲ့

ပယ်ဖျောက်လို့ချိုး။


တင်မိုး

( ကဗျာဆရာကြီး )


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page