top of page
Search

မသိတာလား မတတ်တာလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 27, 2019
  • 1 min read

မသိတာလား မတတ်တာလား

မနေ့က ဓာတ်ခဲအကြောင်းလေးရေးအပြီးမှာ ဓာတ်ခဲက အရပ်ဝတ် ရဲတွေစီးလာတဲ့ သင်္ဘောကို ပစ်ဖမ်းခဲ့ပါတယ်။ ပြီးမှ သူ့လူမျိုးကို ပြန်လွှတ်ခဲ့ပြီး အရပ်ဝတ်ရဲနဲ့ သူ့မိသားစုကို ဖမ်းသွားခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း စစ်ကြောင်းတွေကို ဖြတ်တိုက်တာ မိုင်းခွဲတာကတော့ သူ့နယ်ခံလူမျိုးက သတင်းပေးလို့အတိုက်ခံရတာမိုလို့ ဖြေလို့ရပါတယ်။

ဒီနေရာမှာ သင်္ဘောကို ဖြတ်တိုက်ဖို့ရာမှာ ဒီသင်္ဘောမှာ အရပ်ဝတ်ရဲပါမယ်ဆိုတာကို ကြိုသိနေမှ ရပါမယ်။ တိုက်တာဟာ ပြင်ဆင်ရပါမယ်။ ဒါကြောင့် ရဲတပ်ဖွဲ့မိသားစုတွေ ဒီသင်္ဘောနဲ့ လာမယ်ဆိုတာကို ရဲထံကဖြစ်စေ သင်္ဘောလိုင်းကဖြစ်စေ ဓာတ်ခဲကရခဲ့တာ သေချာပါတယ်။ သင်္ဘောလိုင်းကရတယ်ဆိုရင်တောင် အရပ်သားမိမိလူမျိုးမဟုတ်သူအနေနဲ့သာ သိနိုင်မှာပါ။ ဒီလူတွေရဲမှန်းကို ရဲထံက (သို့) အတွင်း သတင်းပေးထံက သတင်းကြိုရထားပုံပါ။ ရဲတွေအနေနဲ့ မူးယစ်ကိစ္စတွေကိုဖမ်းရင် သတင်းပေါက်တတ်ပေမယ့် မိမိတပ်ဖွဲ့ဝင်အချင်းချင်း ပြန်အဖမ်းခံရလောက်အောင် သတင်းပေါက်တာကတော့ အံ့မခန်းပါ။ ဒါက မိမိသတင်း ရန်သူကိုပေါက်မှုပါ။

အချို့ကိစ္စတွေမှာက ရဲတပ်ဖွဲ့ဝင်များ၊ ထောက်လှမ်းရေးများဟာ ဝီဝီ့လို၊ ဘူးလက်လိုလူကို ဖမ်းမမိနိုင်တာဟာ ကြံဖန်နားလည်ပေးလို့ရပေမယ့် စိုးထွန်းရှိန်လိုမျိုး လွတ်သွားတာဟာ ထောက်လှမ်းရေးက ညံ့တာလား မတတ်တာလား မေးစရာရှိလာပါတယ်။

ယခုအချိန်မှာ မြန်မာပြည်ရဲ့ ထောက်လှမ်းရေးများရဲ့ အကြီးအကဲဟာ စရဖညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် (ကိုယ်ပိုင်အမှတ် ၁၇၅၄၀) ပါ။ သူဟာ OTS-64ဆင်းဖြစ်ပြီး ၂၀၀၈-၂၀၁၀ တပ်မ (၈၈) ဗိုလ်မှူးကြီးအဆင့်နဲ့ တပ်မမှူးဖြစ်ပြီး ဗိုလ်မှူးချုပ်ဖြစ်လာခဲ့သူပါ။ သူဗိုလ်မှူးချုပ်ဖြစ်ချိန်မှာ လက်ရှိကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီး မြထွန်းဦးက ဗိုလ်မှူးကြီးအဆင့်သာရှိပါသေးတယ်။ ၂၀၁၁ မှာ တောင်ပိုင်တိုင်း တိုင်းမှူးဖြစ်လာပြီး၊ ၂၀၁၂-၁၃ မှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှာဗိုလ်ချုပ်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ မှာတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။၂၀၁၆ နောက်ပိုင်းကနေ အမှတ်(၆) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၈ မှာ စရဖညွှန်ချုပ်ဖြစ်လာခဲ့ပါတယ်။ သူ့နောက်ကြောင်းကို ပြန်ကြည့်ရင် သူဟာ တိုက်ခိုက်ရေးဘက်က လာတာဖြစ်ပြီး ထောက်လှမ်းရေးသင်တန်းကို အခြေခံအဆင့်သာ တက်ဖူးတာပါ။ သူ့အောက်က လူတွေကလဲအများစုက ယခင် NLD လောက်ကိုသာ ထောက်လှမ်းခဲ့တာပါ။

သူ့လက်အောက်မှာ ဒီမိုအကောင့်တွေပိတ်တာ၊ တပ်ချုပ်ကို မကောင်းပြောသူတွေကို Facebook ပေါ်ကနေ သူတို့ရဲ့ လိပ်စာရှာတာတွေ၊ ဆန္ဒပြကျောင်းသားတွေနောက် လိုက်ဖမ်းတာတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဓာတ်ခဲထံကို ကပစလက်နက်ရောက်တာက အိန္ဒိယကပြောမှသိရသလို ဓာတ်ခဲရဲ့ စင်ကာပူအဖွဲ့ကလဲ စင်ကာပူအစိုးရက ဖမ်းပြီး ပြန်ပို့မှသာ သိခဲ့တာပါ။ ဓာတ်ခဲရဲ့ ဖောက်ခွဲရေးတွေ မန္တလေးမှာမိတာကလဲ ဓာတ်ခဲအချင်းချင်းမတည့်ရာက သမ္မတရုံး မူးယစ်လိုင်းကို တိုင်ရာကနေ မိတာပါ။ပူပူနွေးနွေး မေမြို့အထိ ဝင်တိုက်သွားတာကိုတော့ မသိလိုက်ပါ။

ယခုလက်ရှိ ဓာတ်ခဲအမျိုးတွေကိစ္စကလဲ ထိုင်းကသတင်းပေးလို့ ဖမ်းမိတာပါ။ မြန်မာပြည်မှာက ရဲဟာစရဖနဲ့တွဲလုပ်ရတာပါ။ စရဖဟာ တစ်နိုင်ငံလုံးလွှမ်းခြုံပေမယ့် ရဲကစရဖလောက် နည်းပညာရောငွေကြေးရောမသုံးထားပါ။

ဒီနေရာမှာ ရခိုင်မှာဖြစ်နေတာက စရဖရဲ့ လုံခြုံရေးအားနည်းချက်ကိုပြနေပါတယ်။ မိမိသတင်းပေါက်တာကိုလဲ မတားနိုင်ခဲ့သလို ရန်သူတိုက်မှာကိုလဲ ကြိုမသိခဲ့ပါ။

အချို့ကိစ္စတွေမှာ စာရေးသူတို့ မသဲကွဲတာက တကယ်မသိတာလား တကယ်မတတ်တာလား အသုံးမကျတာလားဆိုတာပါ။ မသိသူ မတတ်သူကို လူမှန်နေရာမှန် မခန့်မိရင် တိုင်းပြည်ရဲ့ လုံခြုံရေးက နစ်နာပါတယ်။ သူ့ကို ၂၀၂၁ အစိုးရသစ်လက်ထက်မှာ ပြည်ထဲရေးဝန်ကြီး ရာထူးအဖြစ် တပ်ကတင်မယ်ကြားလို့ ရင်ပိုလေးမိပါတယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page