top of page
Search

မဝေဖန်ခင် အကွက်ကျော်ကြည့်ပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 27, 2022
  • 1 min read

ပြဿနာတွေဖြစ်လာရင် ကွက်ကျော်ကြည့်တတ်ဖို့ကအရေးကြီးပါတယ်။ တချို့ကမအလအကွက်အတိုင်း လိုက်ပါသူများလဲ ရှိပါတယ်။ ယခင်ကဆို စရဖကမြှောက်တင် ပြီးရင်တစ်ပူးကဖွ တစ်ပူးပြီးရင်အကုန်သိတို့ကဖွ အဆိုပါဖွအပြီးမှာ မအလကအထင်နဲ့ အာဏာသိမ်းတာပါပဲ။

ဒီနေရာမှာစာရေးသူတို့ မအလအကွက်ထဲမဝင်ပဲ မဝေဖန်ခင် လေ့လာဖို့အရေးကြီးပါတယ်။

ယခုအေအေနဲ့ မအလက ငြိမ်းချမ်းရေးလိုလိုပြောပါတယ်။ တကယ်က ဂျပန်ကြီးရောက်လို့ငြိမ်းချမ်းရေး ခဏဖြစ်တာပါ။ အေအေကစခန်းအချို့သိမ်းထားပြီးလို့ ငြိမ်းချမ်းရေးယူလည်း မလက AA စခန်းပိုင်ခွင့်ကို အသိအမှတ်ပြုရမှာပါ။ ဒါကြောင့် AA ကို အပစ်ရပ်ရင်သည်ပွဲမှာစစ်ရေးအရ မအလက ရှုံးပါတယ်။

မအလဟာ အာဏာသိမ်းဖို့ရှိလို့ ပထမအပစ်ရပ်ချိန်မှာ ရခိုင်မှာ AAတည်ရှိမှုကို အသိအမှတ်ပြုပေပြီး အပစ်ရပ်ပေးလိုက်ရပါတယ်။ ယခုပြန်တိုက်ချိန် ရခိုင်မှာ မအလတပ်က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးက‌အစ ဗျူဟာမှူးဗိုလ်မှူးကြီးအဆင့်အထိ သေနေလို့ အကျများလို့ ဒုတိယအကြိမ် အရှုံးပေးပြီး အပစ်ရပ်လိုက်ရတာပါ။ ယခုဆို AA က သိမ်းထားတဲ့ နယ်ခြားစောင့်စခန်းတွေ၊ ဗျူဟာကုန်းတွေကို မအလက လက်လွှတ်လိုက်ရပါတယ်။ ဒီနေရာမှာစာရေးသူတို့ ဒီမို‌ တွေအနေနဲ့ AA ကို ဝေဖန်မနေပဲ မိမိလုပ်စရာရှိတာကို လုပ်ဖို့ပါ။ AA နဲ့က ပြီးရင် မအလက ပြန်ပစ်မှာပါ။ မအလတပ် ပိတ်မိနေလို့ စစ်သဘောအရ ခဏအပစ်ရပ်တာပါ။ အားလုံးသိဖို့က ဗမာရှိတဲ့နေရာမှာ ဗမာတွေ နိုင်မှ NUG နိုင်မှ စစ်ကျွန်ဘဝက လွတ်မြောက်မှာပါ။ AAကတိုက်ရင် ကောင်းပေမယ့် မတိုက်လည်း မိမိဖာသာတိုက်ဖို့သာ စိတ်မွေးထားပါ။

ဒီနေရာမှာ ဆုတံဆိပ်ပေးတာကိုကြည့်ပါ။ ဝီဝီလိုအကောင်က မဘသမိုလို့ သူ့လူကိုသူပေးတာပါ။ မအလက ကာဒီနယ် ချားဘိုတို့ကို ဆုပေးတာက အချို့ ဒီမိုတွေကဝေဖန်ရင် သူ့နောက်လိုက်ဘာသာဝင်တွေနဲ့ ဒီမိုတွေ ရန်ဖြစ်အငြင်းပွားအောင် တမင်အကွက်ဆင်ထားတာပါ။ ထို့အတူ မွတ်စလင်လူကြီးအချို့ ဟိန္ဒူလူကြီးအချို့ကိုလည်းဆုပေးပြီးဒီမိုတွေနဲ့ သူတို့နောက်လိုက်တွေကို သွေးခွဲဖို့ ကြိုးစားတာပါ။ ဒါမျိုးတွေကို မြင်အောင်ကြည့်ပါ။ သူကနောက်ဆို သူရဦးတင်ဦးတောင် ဆုပေးပြီး နာမည်ဖျက်ဖို့ ကြိုးစားမှာပါ။

ဒီမိုတွေရော NUG ရော သိထားရမှာက မကွဲပြားတဲ့ PDF ဗမာလက်နက်ကိုင်တပ်က ဗမာဒေသတွေမှာနိုင်မှ စစ်ကျွန်ဘဝက လွတ်မြောက်မှာပါ။ ပြည်ပက ထောက်ပံ့သူများအနေနဲ့လည်း ယခုအချိန် ရုရှားစစ်ကြောင့် စီးပွါးရေးကျပ်ချိန်မှာ ငွေခေါင်းမကွဲစေဘဲ NUGကိုသာ ထောက်ပံ့ခြင်းဖြင့် တော်လှန်ရေးကို တွန်းပို့ကြပါ။ မဝေဖန်ခင်အကွက်ကြိုမြင်ပါလို့ တောင်းပန်ပါရစေ။ တော်လှန်ရေးက်ု ဗီယက်နမ်လို နိုင်ချင်လား ဒါမှမဟုတ် ဆီးရီးယားလို ဒီမိုလိုလိုနဲ့ အဖွဲ့များစွာ အကွဲခံပြီး အရှုံးပေးမှာလား ပြည်တွင်းပြည်ပက ပြည်သူတွေကသာ ဆုံးဖြတ်ရမှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page