top of page
Search

မလေးရှားကို မအလဘာလုပ်ရဲလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 15, 2022
  • 1 min read

အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီးက NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့တွေ့ဆုံချိန်မှာတော့ မအလဘောမများက အမေရိကန်က အင်အားကြီးနိုင်ငံအနေနဲ့ အနိုင်ကျင့်တာဖြစ်ကြောင်းသာပြောပြီး ကန့်ကွက်စာလေးနဲ့ မိမိဂုဏ်သိက္ခာကို မျိုချပြီး ပြီးသွားခဲ့ရပါတယ်။

မနေ့က မလေးရှားနိုင်ငံခြားရေးဝန်ကြီးအဆင့်က NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လူကိုယ်တိုင်တွေ့ဆုံရုံတင်မက မအလကို ဂရုမစိုက်ဘဲ လှန်ပြတဲ့အနေနဲ့ ဓာတ်ပုံတောင် လိုင်းပေါ်မှာသူ့အကောင့်ကနေ တင်လိုက်ပါတယ်။ NUG က စတင်တာ မဟုတ်ပါ။ သူမနဲ့တွေ့တဲ့ အခြားအာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေလဲ ရှိခဲ့ပါတယ်။ ဒီနေရာမှာ ပုံမတင်တဲ့ အခြားနိုင်ငံခြားရေးဝန်ကြီးတွေ နိုင်ငံတွေအကြောင်းမပြောဘဲ ပုံတင်တဲ့ မလေးရှားနိုင်ငံအကြောင်းသာ ရေးပါ့မယ်။

မလေးရှားဟာ DASSK အစိုးရလက်ထက်က ဝေဖန်ခဲ့ပါတယ်။ ထိုအချိန်က DASSK အစိုးရကပြန်ပြောရင်တောင် ပြောတာဟာ ပျော့တယ်ဆိုပြီး မဘသများ မအလဘောမ ရင်ရင်နွယ်တို့က ဝေဖန်ခဲ့ကြပါတယ်။ ယခုက ပွဲကောင်းပါပြီ။ အမေရိကန်က အင်အားကြီးနိုင်ငံမိုလို့ မအလက သီးခံတယ်ဆိုတဲ့သီအိုရီအရ မလေးရှားက တန်းတူနိုင်ငံမိုလို့ မအလဘယ်လိုတုန့်ပြန်မလဲဆိုတာ စိတ်ဝင်စားစရာပါ။နောက်မလေးရှားက အမေရိကန်လို ဒုဝန်ကြီးကတွေ့တာမဟုတ်ဘဲ ဝန်ကြီးအဆင့်တူ protocol တူအတိုင်းတွေ့သွားတာပါ။ ဒါဟာ မအလကို မထီမဲ့မြင်လှန်ပြလိုက်တာပါ။ မအလဟာ မလေးရှားနဲ့သံတမန်အဆက်အသွယ်ဖြတ်ရဲပါလား?

ယခင်က ဘရွှေလက်ထက်မှာ အတိုက်အခံတွေက စာထုတ်တာနဲ့ ပြီးခဲ့ရပေမယ့် ယခုမအလလက်ထက်မှာ မအလက စာပြန်ထုတ်နေရပါပြီ။ ပုံမှန်မှာ မအလက အာဆီယံကို ပေးမဝင်ရင် သူ့ဂွင်လို့ထင်စရာရှိမှာပါ။ ဒါပေမယ့် သူက အာဆီယံပြောတာမလုပ်ရင် အာဆီယံထဲက နိုင်ငံတွေက NUG နဲ့ဆက်ဆံရေး ပိုတိုးလာပြီး သူ့ကိုဖိအားပိုပေးလာမှာပါ။ သူက တင်းတင်းမာမာ မတုန့်ပြန်နိုင်ရင် သူတပ်ထဲမှာ ငပေါဖြစ်သွားမှာပါ။ ယခုတောင်သူ့ကို သူပိုင်မီဒီယာ Neo Politics က ဘောမကျော်မျိုးမင်းက စလှောင်နေပါပြီ။

ဘာကြောင့် အခြားနိုင်ငံတွေက NUG နဲ့ ဆက်ဆံနေတာလဲ? NUG က ရွေးကောက်ခံတွေနဲ့ ဖွဲ့ထားတဲ့အစိုးရမိုလို့ပါ။ ပြည်သူ့မဲနဲ့ တက်လာတဲ့ အစိုးရပါ။ ဒါ့အပြင် NUG မှာ ဩဇာခံ PDF တွေရှိနေလို့ပါ။ သူတို့ကလဲ ပြည်သူတွေပါဘဲ။ ယခုဟာက မလေးရှားကို မအလဘယ်လိုတုန့်ပြန်ပြန် စာရေးသူတို့ အရှုံးမရှိပါ။ မလေးရှားက ထိုင်းတောင်ပိုင်းမှာ သူပုန်တွေကို ထောက်ပံ့ခဲ့တဲ့ အတွေ့အကြုံရှိပါတယ်။ PDF မှာလိုနေတာကလဲ လက်နက်လေးတွေပါ။ မလေးရှားကို လုံးဝသီးမခံပါနဲ့မအလ။ သတ္တိရှိရင် ပြန်ချလိုက်ပါလို့ မအလကို စိန်ခေါ်ပါရစေ။ NUG ရဲ့ တိုက်ကွက်တွေကတော့ ခွချက်ဖြစ်နေပါပြီ။ မအလကြိုက်တဲ့အကွက်သာရွေးပါ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

1 Comment


Nay Nann myint
Nay Nann myint
May 15, 2022

Please challenge to Malaysia .

Whatever you do ,

everything is good to

NUG , PDF and truest people

of Myanmar .right !! 😏😏😏😏😏

NUG supporters များကို ဓါတ်ပုံတင်ရုံနဲ့

ယုံစရာလားလို့ ဟားခဲ့ကြတဲ့ ဘောမ များ ကို

Malay minister ရဲ့ post က နှာနု

ဖြတ်ရိုက်လိုက်ထါပါ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page