top of page
Search

မလုပ်ရဲတာ ဘာမှမရှိဘူး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 13, 2020
  • 2 min read

မြန်မာပြည်ထဲမှာ ကိုဗစ်ကူးတာဟာ ယခင်က မရှိခဲ့ပါ။ နယ်စပ်က လုံခြုံရေးစခန်းတွေကို ဓာတ်ခဲကဝင်တိုက်အပြီးမှာ စခန်းအချို့ကို ဆုတ်ပေးခဲ့ရပါတယ်။ အချို့ ကူးလာတာ ပိုးတွေ့တာ နယ်စပ်မှာတွေ့ခဲ့ပါတယ်။ ဒါပြီးတော့ စစ်တွေမှာ အစုလိုက်အပြုံလိုက်တွေ့ခဲ့ပါတယ်။

စစ်တွေဟာ ရန်ကုန်နဲ့ တိုက်ရိုက်ထိတွေ့မှုရှိပါတယ်။ နယ်စပ်ကဖြတ်လာရင် မှတ်ပုံတင်မရှိသူကို မိဖို့လွယ်ပေမယ့် မိမိနိုင်ငံသားကတော့ ရာဇဝတ်သားမဟုတ်လို့ သွားလာရလွယ်ပါတယ်။ ကိုဗစ်ဟာ အဘတို့ရဲ့ ဌာနချုပ်ကို မသွားဘဲနဲ့ ၅၄ ခြံ၊ ကော့မှူးနဲ့ NLD ပါတီရုံးတွေကို ရွေးသွားခဲ့ပြီး ကိုဗစ်က သမ္မတရုံးအထိတောင် သွားခဲ့ပါတယ်။ ကိုဗစ်ကလဲ သေနတ်ကြောက်ပုံရပါတယ်။ လက်ရှိစစ်ရုံးနားကို မသွားရဲသလို ဘရွှေခြံထဲတောင် မသွားရဲခဲ့ပါ။

ဒီနေရာမှာ အနောက်ဘက်ကဝင်လာပြီး လိပ်စာမမှန် အကြောင်းမပြန်သူများဟာ သင်္ဃန်းကျွန်းမှာရှိတယ်ဆိုတာကို ကွီးက အထူးသတင်းရလို့ အပူချိန်တိုင်းတာ ကိုယ်ရေးရာဇဝင်နဲ့ ဓာတ်ပုံရိုက်တာတွေလုပ်ခဲ့ပါတယ်။ ကွီးဖြိုးရှာရင်တွေ့တော့မှာမိုလို့ နိုင်ငံရေးအရ အော်ပြီး ရှာတာကို ရပ်အောင်လုပ်တဲ့သဘောပါ။ သူရှာလို့ ဘာမှပို မပြန့်နိုင်ပါ။ သူရှာတကို အစစ်ခံတဲ့ ပြည်သူတွေကတောင် ကောင်းတယ်လို့ ရေးတင်ကြပါတယ်။

နောက်ပြီးထူးခြားတာက ရန်ကုန်မှာ ကျန်းမာရေးဝန်ကြီးက stay at home အမိန့်ထုတ်ပြီး လူအချို့ကလမ်းတွေကို ၈၈ လို ထပိတ်တာပါ။ အချို့က ယခင်က စွမ်းအားရှင်လုပ်ခဲ့သူတွေပါ။ ဒါကို ထွေအုပ်နဲ့ရဲက လွှတ်ထားတာပါ။ လုပ်ပြီး နောက်တစ်ရက်မှာဘဲ ယခင်ကလို စမ်းချောင်းပြည်ထောင်စု ဘာညာဆိုပြီး နောက်သလိုလို အတည်လိုလိုနဲ့ တပ်နွယ်နဲ့ ဖွတ်အကောင့်တွေက စအပြီးမှာ ပုံမှန်လူတွေကလဲလိုက်ရှယ်ကြပါတယ်။ သူတို့ဖြစ်စေချင်တာက မင်းမဲ့စရိုက်ကို ဖန်တီးထားတာပါ။


ဒါတင်မဟုတ်ဘဲ ဆရာဝန်တွေက လက်ရှိကျန်းမာရေးဝန်ကြီးက စီမံထားတာတွေကို ဖျက်ဖို့ဆိုပြီးFacebook ပေါ်မှာ ရှယ်ကြပါတယ်။ ဒါကလဲ အောက်မှာ မူရင်းရေးသူကို ဖျောက်ထားခဲ့ပါတယ်။ မူရင်းက စစ်ဗိုလ်ကတော်နဲ့ တပ်ကစစ်သား သားသမီးဆရာဝန်တွေထံက စခဲ့တာဖြစ်ပြီး သူတို့ကို ခြေရာခံလို့မရအောင်ပါ သူတို့စာထဲမှာ မရှယ်ဘဲ မိမိဖာသာ ရေးတင်ဖို့ ပြောထားပါတယ်။ ရည်ရွယ်ချက်က cyber police က ခြေရာခံ မလိုက်နိုင်အောင်ပါ။ ပုံမှန် မိမိက ဆရာဝန် campaign စသူဆိုရင် သတ္တိရှိရှိ ရေးတင်ပေါ့။ သူတို့ campaign က ထိတွေ့သူကို အိမ်မှာဘဲထားဖို့ပါ။ ရန်ကုန်ကအိမ်တွေက သိတဲ့အတိုင်း ကျဉ်းကျဉ်းလေးတွေပါ။ အဆိုပါလူတွေကို နှာခေါင်း အာခေါင်တို့ဖတ်ယူပြီး အိမ်မှာထားရင် အခြားလူများကို ကူးပါပြီ။ ဒါဆိုရင် ရောဂါပိုးကူးသူပိုများလာပါမယ်။ ဒါဆို ရောဂါမထိန်းနိုင်ဘူးပေါ့။ ဒါဆိုရင်ရွေးကောက်ပွဲလုပ်မရတော့ပါ။ ယခုက စာရေးသူရေးပြခဲ့သလို နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်ရင်သိကြားမင်းဆင်းပြီး ဖွတ်နဲ့အဘပါတီကို မဲထည့်ပေးရင်တောင် မနိုင်နိုင်ပါ။ ဒါကြောင့် ကိုဗစ်များများဖြစ်မှ ရွေးကောက်ပွဲကို ဖျက်နိုင်မှာပါ။ ယခုဆို PPP နဲ့ မနေ့ညက ပြည်သူ့ပါတီက ကောင်တွေကရွေးကောက်ပွဲကို ရွှေ့ဖို့စပြီး လှုပ်ရှားနေပါပြီ။ နောက်ဆို အခြားဖွတ်ပါတီတွေက လာပါလိမ့်မယ်။



✅ ဒါဆို ပြည်သူက ဘာလုပ်ရမလဲ?

အိမ်ထဲမှာနေ၊ လက်ဆေး၊ နှာခေါင်းစည်းတပ်ပြီး ကိုဗစ်ကို မပြန့်အောင်ကူညီခြင်းဖြင့် ရွေးကောက်ပွဲဖြစ်နိုင်အောင် ပူးပေါင်းဆောင်ရွက်ပါ။ ဒါဟာ အာဏာရှင်ကို တိုက်ထုတ်တာပါ။


✅ DASSK နဲ့ NLD အစိုးရက ဘာလုပ်ရမလဲ?

ဒီကိစ္စဟာ သာမန်ကိုဗစ်မဟုတ်ဘဲ အာဏာသိမ်းနိုင်တဲ့ အကွက်ဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။ဒဲ့ရေးတာပါ။ DASSK လဲ ဖတ်မယ်လို့ ယုံကြည်ပါတယ်။ DASSK၊ ကျန်းမာရေးဝန်ကြီးနဲ့ ကွီးဖြိုးတို့Video conferencing ကို နေ့တိုင်းလုပ်ပြီး ပြဿနာတွေကို ဖြေရှင်းပေးပါ။ အောက်ခြေကနေ ဇော်ဌေးတို့မင်းသူတို့နဲ့ တင်ပြသည် ထပ်ဆင့်တင်ပြသည် အလုပ်မခံပါနဲ့။ မိမိတို့ အချင်းချင်း ညှိပြီးမှ အမိန့်ထုတ်လိုက်ပါ။ အချိန်က အရေးကြီးလို့ပါ။ နှစ်ပတ်ထဲ အချိန်ပေးပါ။

DASSK အနေနဲ့ ဖောင်ကြီးကို ကွီးဖြိုးနဲ့ ဆေး (၁) ပါမောက္ခ ဒေါက်တာဇော်ဝေစိုးတို့ စဆောက်စဉ်ကကျန်းမာရေးဝန်ကြီးကအစ ပြည်သူ့ကျန်းမာရေးက ဆရာဝန်အချို့က မဖြစ်နိုင်ဘူး ဆောက်စရာ မလိုဘူးဆိုပြီး ပြောခဲ့ကြတာ သိမှာပါ။ ဆရာဝန်အချို့ကဆို ဆရာဇော်ဝေစိုးကို အချင်းချင်း လှောင်ပြောင်ရယ်မောခဲ့ကြပါတယ်။ ယခုကွီးအပူချိန်တိုင်းတာကို လှောင်တဲ့လူအချို့တောင် ပါခဲ့ပါတယ်။ ယခုအချိန်မှာ ဖောင်ကြီးဟာ ဘုရားပေးတဲ့ဆေးရုံဖြစ်နေတာကို DASSK ရော ကျန်းမာရေးဝန်ကြီးရောလက်ခံရမှာပါ။ မြန်မာပြည်ရဲ့ အခြေအနေက ကိုဗစ်ကနေ ရွေးကောက်ပွဲမလုပ်နိုင် အာဏာသိမ်းလို့ရအောင်အထိ ဂွင်ဖန်ထားတယ်ဆိုတာကို သဘောပေါက်ကြပါ။ နောက်နှစ်ပတ်ကျော် သုံးပတ်ကို ထိန်းနိုင်ရင် ရွေးကောက်ပွဲကို ကျော်ဖြတ်နိုင်ပါမယ်။ ဒါကြောင့် DASSK ကို ကိုဗစ်ကာလမှာ ကျန်းမာရေး၊တိုင်းအစိုးရနဲ့ ပြည်ထဲရေးကို ပေါင်းစပ်ပြီး video conferencing ခေါ်ပြီး လုပ်ကြပါလို့ ပြောပါရစေ။



နှစ်ပတ်ကျော်ရင် ကိုဗစ်ကိုရော အာဏာရှင်ကိုပါ တိုက်နိုင်မှာပါ။ သူက မလုပ်ရဲတာ ဘာမှမရှိလို့ပြောရတာပါ အမေစု။ အချို့တွေက အာဏာအတွက်ဆို အရူးထကြပါတယ်။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

4 opmerkingen


Myint Soe Oo
Myint Soe Oo
13 sep 2020

ဦးမြတ် !

Not only Universal but also Natural truth Law recommends the title of your article.


| F | = - | F. |

same magnitude: opposite direction. VECTOR. !!!


**************************


အမှောင်ရှိလျှင် အလင်းရှိပါသည်။

တပတ်မှာ တနင်္ဂနွေ နှစ်ရက် မရှိပါ။

**************************


မလုပ်ရဲတာ မရှိဘူး

***လုပ်ရဲတာလည်း ရှိပါသည်***


<<<<<<<<<<<<>>>>>>>>>>>>


ကျန်းဝန် ဒေါက်ထွေး ၊ ဦးဖြိုး ၊ မကွေးမှ လူပျိုကြီး အောင်အောင်၊ မန်းက ဆရာသမားဇော် နှင့် ဆရာရဲ၊ ဦးညီပု ၊ဒေါ်နန်း

လူပျိုကြီးအောင်အောင် နာမည်ကြီးကြက်ဝိုင်း သူကိုယ်တိုင် ဖမ်းပြလိုက်တယ်။ မလိုသူတွေက အလုပ်မရှိ အလုပ်ရှာ? ။အမှန်မြင်ပြည်သူတွေရဲ့ အမြင်ဒါဏ် သူတို့ မခံနိုင်တော့ပါ။ သတင်းသဲ့သဲ့ထွက်တာနဲ့ မိ ကွိ အောင် သူတို့ဘက်က ပြန်ကြိုးစားပြရပါသည်။

မလုပ်ပြရင် အယုံကြည်မရှိဘွဲ့ ခံယူရမည်ကို သိသောကြောင့်။

အောင်အောင်ရဲ့နယ်မှာ နိုး ကေတီဗိ။ ***လုပ်ရဲတာတွေ ရှိ ပါသည်။***

သုဝဏ္ဏမြက်ခင်း ဆေးရုံအဖြစ်ဖန်ဆင်း။ လုပ်ရဲတာတွေ လုပ်တဲ့ဒါဏ် မခံနိုင်တော့ သူတို့မဟုတ်ရပါဘူး ၊ ဝါသနာမပါသလို ခြေဦးတောင်မလှည့်ရပါဘူး ၊ မီဒီယာပေါ်ထိ တက်ရှင်းရပါသည်။

**ပြည်တင်း ရင် မလွယ်ဘူး ဆိုတာ သိလို့ပါ**


ခက်တာက ရာနှုံးမပြည့်သောကြောင့် ခက် နေရပါသည်။ရာနှုံးမပြည့်အောင်ကလည်း သည်းခြေကြိုက်နဲ့ ခိုက် နေအောင် ဖန်တီးထားတာလည်းပါပါသည်။


@@@@@@@@@@@@@@@@@


လေပြင်းတိုက်တိုင်း အသီးကြွေကျ မြေခကြတာ အနု အကင်း အဖျင်းအနုံ အဆံမစုံသေးသော

သီးကင်းများသာဖြစ်ပါသည်။

အညှာခိုင်မာ အညှာမှာ…

Like

uthanhtun7
13 sep 2020

ဆရာရေးတာအတော်လေးပြည့်စုံပြီးသတိထားရမဲ့အချက်တွေပါ

အထူးသဖြင့်ထွေအုပ်နဲ့ပြည်ထဲရေးကိုအပါခေါ်ပြီးပြည်သူသိအောင်ချပြဆွေးနွေးရမယ်လို့ယူဆပါတယ်တရားဝင်ဆေွးနွေးထုတ်ပြန်ချက်တွေကိုဘယ်သူတွေကကန့်လန့်တိုက်သလဲဆိုတာပြည်သူသိဘို့လိုပါတယ်

ကြံ့ကြံ့ခိုင်ခိုင်မယိုင်မလဲ NLD ဘဲနိုင်ရမည်


Like

Marine Moun
Marine Moun
13 sep 2020

ဆရာရေးတာ အတော်လေးကို ပြည့်ပြည့်စုံစုံ၊ဘက်ပေါင်းစုံ ထောင့်စေ့ပါတယ်၊ဖတ်ရသိရတဲ့အတွက် ကျေးဇူးပါ၊မျှဝေဖို့ ခွင့်ပြုပါဗျာ

Like

Albert Wint
Albert Wint
13 sep 2020

မတွေးမိပါ ကျေးဇူးတင်ပါသည

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page