top of page
Search

မယောင်ရာဆီလူးနေသောအဘသို့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 3, 2020
  • 1 min read

ပထမဆုံး မဲခိုးဖို့လုပ်တာ၊ မဲတံဆိပ်တုံးအတုကို ကြံ့ဖွတ်ကလုပ်တာတွေဟာ အင်မတန်စနစ်ကျပါတယ်။ တံဆိပ်တုံးအတုလုပ်တာဟာ ရာဇဝတ်မှုပါ။ ဒါကိုဖမ်းဖို့ တာဝန်ရှိတာက ပြည်ထဲရေးပါ။

ရွေးကောက်ပွဲကိုလဲ ကော်မရှင်လူကြီးတွေက တတ်နိုင်သမျှ ကောင်းအောင်လုပ်နေပါတယ်။အောက်ခြေမှာကတော့ မိုးကျတပ်ထွက်တွေကို ခန့်ခဲ့တာက ဘတင်အေးပါ။ NLD က မေတ္တာနဲ့ မဖြုတ်ခဲ့လို့ သူတို့က ပညာပြနေပုံပါ။

ပါတီတွေဟာလဲ သူတို့ရှုံးမယ်ဆိုတာ သိပါတယ်။ မအပါ။ ကိုကိုကြီးမှသည် ဒေါက်ခိုင်အထိပါ။ ဒါကြောင့် ရွေးကော်ကို ဖောင်းထုလာတာပါ။ ပါတီ ၁၀၀ နီးပါးမှာ ၉၀ က ရှုံးမှာမိုလို့ သူတို့က ဖောင်းထုမှာပါ။

နိုဝင်ဘာ ၂ ရက်ကတော့ ဝီဝီလာအဖမ်းခံတာရယ် တပ်က ရွေးကော်ကိုစာထုတ်ပြီး ဖောင်းထုတာရယ်က တစ်ရက်ထဲပါ။ ရည်ရွယ်ချက်က ဝီဝီ့ကို ထောက်ခံသူတွေထံက မဲရအောင်နဲ့ ဆူအောင်ပါ။ တပ်ဟာ၂၀၀၈ ခြေဥအရ ဘာစာမှ ထုတ်ခွင့်မရှိပါ။ ၂၀၀၈ ခြေဥမှာ ရွေးကော်ဟာ အာဏာအပြည့်ရှိပါတယ်။စာထုတ်ရင်လဲ ပြည်သူတွေကို NLD အတွက် မဲဆွယ်ပေးလိုက်သလိုပါ။



ပြည်သူတွေနဲ့ NLD က ဘာလုပ်ရမလဲ?

တတ်နိုင်သမျှ သည်းခံပါ။ အာဏာသိမ်းသလို လုပ်လာရင်တော့ နိုင်ငံခြားတပ်ကို ဘယ်လိုခေါ်မလဲဘယ်သူခေါ်မလဲ ရန်ကုန်က တပ်စခန်းတွေကို နယ်ကတပ်မလာအောင် ဘယ်လိုပိတ်ဆို့မလဲ စဥ်းစားထားပါ။ အဘပုအိမ်တွေကို ပြည်သူကဘယ်လိုဝိုင်းမလဲ စဥ်းစားထားပါ။ နိုင်ငံခြားတပ်ကို ကိုကိုးကျွန်းနဲ့ အလဲအလှယ်လုပ်ရင် ရပါတယ်။ စစ်အာဏာရှင်ပြန်တက်တာထက်စာရင် ကိုကိုးကျွန်းမှာ နိုင်ငံခြားတပ်လာတာက ပိုကောင်းပါတယ်။

အချို့ကိစ္စတွေက တောင်ကိုရီးယားမှာ လူတစ်သန်းလမ်းပေါ်ထွက်လို့ စစ်အာဏာရှင် ဇတ်သိမ်းသွားတာပါ။ ပထမဆုံးက လူတိုင်းနိုဝင်ဘာ ၈ မှာ NLD ကို မဲပေးပြီး စစ်အာဏာရှင်သူခိုးကို ပြန်မတက်အောင်လုပ်ပါ။

စစ်အာဏာရှင်က တိုက်ပွဲခေါ်ခဲ့ရင်တော့ ဗမာပြည်သူအများစုက ရခိုင်ဒေသကလူတွေရဲ့ တိုက်ပွဲဝင်ပုံအတိုင်း တိုက်ကြရမှာပါ။ ရန်ကုန်ဟာ လစ်ဗျားက ဘင်ဂါဇီလို အာဏာရှင်ကို ခံချရာနေရာ ဖြစ်လာမှာပါ။ ဒီအချိန်မှာတော့ အာဏာသိမ်းတာဟာ ၁၉၆၂ နဲ့ ၁၉၈၈ ကလို မလွယ်တော့ပါလို့ ပြောပါရစေ။အာဏာရှင်အနေနဲ့ လက်ရှိအစိုးရကို အာဏာသိမ်းရင် အချိန်တိုအတွင်း ဖြုတ်နိုင်မှာဖြစ်ပေမယ့် မြန်မာပြည်ဟာ စစ်တလင်းဖြစ်သွားပြီး တိုင်းပြည်ပြိုကွဲသွားမှာပါ။ အဘသားနဲ့ မြေးလေးတွေဟာလဲ စစ်ရာဇဝတ်ကောင်အဖြစ် အဖမ်းခံရပြီး ကဒါဖီသားလို ဇတ်သိမ်းသွားမှာပါလို့ ကြိုပြောထားပါရစေ။ ပြန်ခံချမယ်ဆိုရင်လဲ ပြည်သူမပါရင် ဘာမှလုပ်မရပါ။ နိုင်ငံခြားတပ်မပြောနဲ့ ဓာတ်ခဲကိုတောင် မနိုင်လို့ရန်ကုန်က ပုန်ကန်ရင် သူပုန်ထတဲ့ တပ်စခန်းတွေကို ပြည်သူနဲ့ ပြည်သူ့ဘက်ကရပ်တဲ့ တပ်တွေက ဝင်သိမ်းနိုင်မှာပါ။

တပ်ဟာခြေဥအရ ရွေးကောက်ပွဲလုပ်ဖို့ အာဏာမရှိပါ။ ပါတီမဟုတ်ပါ။ စာထုတ်တာဟာ NLD အတွက် မဲဆွယ်ပေးလိုက်တာဖြစ်သလို ICJ မှာ မအောင်မြင်ရင် ICC မှာ တရားစွဲလိုသူများအတွက်တပ်ဟာအစိုးရအောက်မှာမရှိဘူးဆိုတဲ့ နောက်အထောက်အထားတစ်ခုပါ။

အဘလဲ မလုပ်ရဲတာမရှိသလို ပြည်သူတွေနဲ့ အောက်ခြေက တပ်မတော်သားတွေကလဲ တိုင်းပြည်ကိုအာဏာရှင်ထံက ကာကွယ်ဖို့ မလုပ်ရဲတာ ဘာမှမရှိပါလို့ ပြောပါရစေ။ ၁၉၈၈ မှာ တပ်တွေဟာ ဆန္ဒပြဖို့သာ လက်နက်မပါဘဲ ထွက်လာခဲ့ပေမယ့် အာဏာသိမ်းခဲ့ရင်တော့ ပြည်သူ့ရဲတွေ ပြည်သူ့တပ်မတော်သားတွေဟာ လက်နက်တွေနဲ့ ပြည်သူ့အစိုးရကို လာကာကွယ်မှာပါ။ အစိုးရဟာ တရားဝင်အစိုးရဖြစ်ပြီး အစိုးရကိုဖြုတ်ချတဲ့ တပ်ချုပ်ဟာ သူပုန်ခေါင်းဆောင်ဖြစ်ပြီး အကြမ်းဖက်အဖွဲ့ဖြစ် ကမ္ဘာနဲ့ မြန်မာက ကြေညာတာခံရမှာပါ။ ပြီးရင်တော့ သေဒဏ်ပါ။ ပြည်သူအားလုံးဟာ DASSK က ထိန်းထားလို့သာစောင့်နေတာဖြစ်ပြီး လိုအပ်ရင် လမ်းပေါ်ထွက်အသက်ပေးဖို့ ကြောက်မနေပါလို့ ပြောပါရစေ။

စိန်ခေါ်ရဲရင် လုပ်လိုက်ပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Albert Wint
Albert Wint
Nov 04, 2020

တူရကီမှသင်ခန်းစာလဲရှိ လေ့လာကြည့်စရာနိုင်ငံတွေ အဖြစ်အပျက်တွေ အကျိုးအကြောင်းတွေရှိနေပါတယ်

Like

Albert Wint
Albert Wint
Nov 02, 2020

မတရားစိုးမိုးအုပ်ချုပ်နေသော အစိုးရများကိုအထူးသဖြင့်လက်နက်နှင့်ဖိနှပ်နေသူများကို မခံနိုင်သည့်အဆုံးပြန်လည်တုံ့ပြန် တိုက်ခိုက် တွန်းလှန်မှုများ ဒုတိယကမ္ဘာစစ်ဝင်ရိုးတန်းနိုင်ငံများဖြစ်သည့် နာဇီဂျာမဏီ အီတလီ ဂျပန်အစပြု၍တကမ္ဘာလုံးကအာဏာရှင်များကိုပြန်လည်တွန်းလှန် တော်လှန် ဖြုတ်ချနည်းမျိုးစုံကို လေ့လာ အသုံးချကြပါစို့ အဖိနှိပ်ခံအပေါင်းတို့

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page