top of page
Search

မဖိတ်ရင်လဲ တက်မှာဘဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 22, 2021
  • 1 min read

သံတမန်အရေးဆိုတာ နက်နဲပါတယ်။ အာဏာသိမ်းခါစမှာ တရုတ်နိုင်ငံကအစ အာဆီယံအဆုံး မအလဟာ စစ်တပ်ရှိလို့ နိုင်ငံကိုထိန်းနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ သူတို့အထင်ကလဲ ၁၉၈၈ကလို ပြန်ရောက်သွားမှာပါလို့ ထင်ခဲ့ကြပါတယ်။ နောက်သူတို့တွေးတာက အမေရိကန်စစ်တပ်ကမြန်မာပြည်ထဲကို မလာနိုင်သလို ဆန္ဒပြရုံနဲ့ နေပြည်တော်က အုပ်ချုပ်ရေးကို မရပ်နိုင်ဘူး ဒါ့ကြောင့် မအလဟာ ထိန်းနိုင်မယ်ဆိုတဲ့ သီအိုရီပါ။ ထိုသီအိုရီကို စင်ကာပူ ဝကခနဲ့ ဝန်ကြီးဟောင်းGeorge Yeo တို့က ဟောပြောပွဲတွေမှာ အင်တာဗျူးတွေမှာ ထည့်ပြောခဲ့ကြပါတယ်။ ဒါကအာဏာသိမ်းပြီးခါစ တရုတ်နဲ့ အာဆီယံအတွေးများပါ။

အာဏာသိမ်းအပြီး ဆန္ဒပြပွဲတွေကို ဖြိုခွင်းရာမှာ အာဆီယံရဲ့ ထင်ထားတာထက် မအလဟာဆိုးရွားနေတာကို သူတို့စတွေ့လာပါတယ်။ နောက် CDM လှုပ်ရှားမှုဟာ ပြည်ပနိုင်ငံတွေကို အံ့ဩသွားစေခဲ့ပါတယ်။ ဒါက နေပြည်တော်ကို ထိန်းထားနိုင်ရင်တောင် အခြားနယ်တွေက အာဏာဖီဆန်တယ်ဆိုတာကို ပြည်သူတွေက ပြလိုက်တာပါ။ မအလက ကြမ်းပြလေ သူ့သိက္ခာက ပိုကျလာလေပါ။ တရုတ်နိုင်ငံဟာ မအလနဲ့ လက်တွေ့ကျကျ ဆက်ဆံဖို့ ကြိုးစားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ မအလထက် DASSK အစိုးရကို ပိုနှစ်သက်ပါတယ်။ ဒါပေမယ့် သူ့ဝင်မစွက်ရေးမူဝါဒရယ် ပြည်တွင်းက မအလနဲ့ ဒီမိုနှစ်ဖက်စလုံးက သူ့ကို မကောင်းမြင်လို့ ပိတ်မိနေခဲ့ပါတယ်။ သူကDASSK နဲ့တွေ့ ကြားဝင်ညှိပေးဖို့ ကြိုးစားခဲ့ပေမယ့် မအလရဲ့ ပြောကြားချက်တွေက အလွန်ဆိုးလို့တရုတ်သံအမတ်ကို စိတ်ပျက်သွားစေခဲ့ပါတယ်။ သူဟာ နေပြည်တော်မှာ ရက်ပေါင်းများစွာDASSK ကိုတွေ့ဖို့ သီးခံစောင့်ခဲ့ပြီး ပေးမတွေ့ချိန်မှာ မအလကို ကျပ်မှရမယ်ဆိုတာ သဘောပေါက်သွားခဲ့ပါတယ်။ ဒါက မအလရဲ့ ကိုယ့်ဂိုးကိုယ်သွင်းတဲ့ ဇတ်လမ်းပါ။ ရလာဒ်က အမေရိကန်နဲ့တရုတ်တို့ ကုလမှာ မအလကိုယ်စားလှယ်ကို လက်မခံဖို့ ဖြစ်သွားစေခဲ့ပါတယ်။

ဒီထက် ပြည်ပနိုင်ငံတွေရဲ့ တွေးခေါ်မှုကို ပြောင်းနိုင်ခဲ့တာက PDF တွေပါ။ သူတို့က မအလဖက်ဆစ်တပ်ရဲ့ ညံ့ဖျင်းတာကို ပြနိုင်ခဲ့သလို မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံသူတွေရဲ့ အကျိုးစီးပွါးတွေဟာလဲ ပြည်သူက မကြည်ဖြူရင် ဒုက္ခရောက်နိုင်တယ်ဆိုတာကို ပြသခဲ့ပါတယ်။ PDF ဟာ လက်ရှိမှာ တူမီးသေနတ်သာ ကိုင်နိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ လက်နက်တွေကောင်းလာမှာဖြစ်သလို တိုက်ရည်ခိုက်ရည်ဟာလဲ ယခုထက် ပိုကောင်းလာမှာပါ။

ယခုနောက်ဆုံးက အာဆီယံကို သွားစိန်ခေါ်တာပါ။ သူကြေညာချက်က ယခင်အာဏာမသိမ်းခင်NLD အစိုးရကို ခြိမ်းခြောက်တဲ့ အချိုးပါ။ ဒါပေမယ့် ဟိုကအာဆီယံပါ။ မဖိတ်ဘဲ အတင်းသွားတက်ရင် သူ့ကိုဟိုက ဖမ်းလို့ရပါတယ်။ သူဟာ ICC က အလိုရှိလာမယ့် စစ်ရာဇဝတ်ကောင်ပါ။ အာဆီယံက မအလကို နိုင်ငံ့ခေါင်းဆောင် Head of State အဖြစ် အသိအမှတ် မပြုထားလို့အတင်းတက်ရင် ဖမ်းရလွယ်ပါတယ်။ အာဆီယံ အစည်းအဝေးက ၂၀၀၈ ခြေဥကနေ ပေါ်လာတဲ့လွှတ်တော်မဟုတ်ပါ။ နောက်လိုင်းပေါ်ကလဲ ဟိုက Link နဲ့ဖိတ်မှရတာပါ။

ယခုလိုစာထုတ်တာက သူ့လက်အောက်က ငတုံးတွေအတွက် အဓိကထားထုတ်ပုံပါ။ ဒါပေမယ့်အာဆီယံရဲ့ ဒေါသကို ဆွပေးရာရောက်မှာ သေချာပါတယ်။ ကိုယ့်သေတွင်း ကိုယ်တူးတာပေါ့။ မဖိတ်ဘဲတက်ရင် အာဆီယံကနေ ကြိုးစင်ပေါ်ရောက်သွားလိမ့်မယ်လို့ မအလကို သတိပေးထားပါရစေ။ သတ္တိရှိရင် ဘရူးနိုင်ကို မဖိတ်ခေါ်ဘဲ လာခဲ့ပါလို့ မအလကို စိန်ခေါ်ပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

댓글 3개


Myint Soe Oo
Myint Soe Oo
2021년 10월 23일

အပေးအယူ ညီမှ အရောင်းအဝယ်ဖြစ်ပါသည်။ မညီညွတ်က ပိုင်ရှင်က မရောင်းလိုသော်ငြား ဝယ်သူက

ချိန်သာ ချိန်ပါ။ ဝယ်မှာပါ။

ဈေးရောင်းသူမှန်သမျှ ဝတ်ကောင်းစားလှဝတ် အပြောချိုချို

ကုန်ကောင်းကောင်းကို မျက်နှာပန်းတင်ရောင်းချြခင်းဓလေ့ရှိပါသည်။

သို့သော် ဝယ်သူ၏ ဟန်ပန်ကိုလည်း ကြည့်တတ်ကြပေမယ့် ရိုးရိုးသာမန်ဆင်းရဲသားများကိုလည်း မျက်ကွယ်မပြု ရောင်းချတတ်ကြပါသည်။

သို့သော် သွေးပြည်တရွဲရွဲ ဣဌနူနာ အရေပြားရောဂါသည် ဝယ်လာလျှင်တော့ ငြင်းဆိုတတ်ကြပါသည်။ သူ့လက်ကထွက်လာမည့် ညှီနံ့မကင်းသည့့် ငွေကြေးပိုက်ဆံကို မဿတီ ရွံရှာသောကြောင့်ဖြစ်ပါသည်။စားသောက်ဆိုင်များတွင်ပိုသိသာပါသည်။


좋아요

Aung Aung
Aung Aung
2021년 10월 23일

အမှားတွေထပ်ခါထပ်ခါဆက်တိုက်လုပ်နေပြီဆိုတော့ သွေးရှူးသွေးတန်းဖြစ်လာနေတာပဲ ဆရာ

좋아요

Myint Soe Oo
Myint Soe Oo
2021년 10월 23일

ဘုရားရှင်အဆုံးများနှင့် ကိုးကားကာတင်ပြမှ လိုရာသို့ ရောက်ပါမည်။

လူသားတိုင်း မည်သည့်ဘာသာအယူသို့ သက်ဝင်သည်ဖြစ်စေ ကိုယ်ကျင့်တရား(သီလ)ကို လေးစားကာ အရေးထားကြပါသည်။

**ဥစ္စာ မရှိ ၊ ကတိ မတည်၊ လိမ်ညာတတ်သည်။**

သာမန်မျှဆိုသော ငွေကြေးဆင်းရဲသူတို့အတွက်ဟု ထင်မှတ်စရာ။ အတွင်းသဘောကို ဆင်ခြင်ကြည့်မိမှသာ✓✓✓

ဥစ္စာ = ပစ္စည်း ဓန ရတနာ

ရတနာ••• နှစ်သက်မြတ်နိုး တန်ဘိုးကြီးသဖြင့် အစဉ် ပန်ဆင်ဆွဲမြန်းအပ်သောအရာ။

လူသူတော်တို့၏ ဥစ္စာသည် ကိုယ်ကျင့် သီလ ဖြစ်ပါသည်,။ သဒ္ဓါ သီလ ပညာ

(ပညာ~ ဖြစ်စဉ်တရပ်ကို အမှား အမှန် ခွဲခြားသိမြင်နိုင်အောင် အဂတိ လေးပါးဖယ်ရှား၍ ထိုးထွင်းစိတ်ဖြာ အမှန်အတိုင်း သိမြင်နိုင်စွမ်းသော အတတ်)

သီလ ပညာ မရှိသမျ

ဥစ္စာ မရှိ ၊ ကတိ မတည် ၊ အမြဲ လိမ်ညာပြောဆိုနေတတ်ပါသည်။

မုသာ လိမ်ညာပြောသူ၏ ဆိုးကျိုး အပြစ်

စကား မပီ ၊ သွား မညီ ၊ ပုပ်နံ့ ညှီ၏။

••ခုတစ်မျိုး တော်ကြာတစ်မျိုး၊ အပြောင်းအလဲ ဗလောင်းဗလဲ ပြောဆိုမှုကြောင့် ပြောသမျှစကားသည် ပီပီပြင်ပြင် ဖြစ် မလာတော့ပါ။

°°°ရှေ့ပြော စကားနှင့် နောက်ပြောစကား

တသမတ် မကျ၊ လိုက်လျောညီထွေမှု မရိှခြင်းကြောင်း စကားသည် အသွားအလာ မညီညွတ်တော့ပါ။

•••သူ့စကားများကွာ ဆယ်ခွက် တစ်ခွက်တင်ရယ်၊ အမြှုပ်ထွက်အောင်ပြောလည်းယုံစားလို့ အမှတ်မထားနဲ့၊ အပုပ် အရာထားသောကြောင့် လူသားဆန်သူတွေက မလေးစားတော့။

သို့ပါ၍ ဗုဒ္ဓဘုရားရှင်မှ **မုသာ ဆိုလျှင်၊ ရယ်ဖွယ်မျှပင် မပြောနဲ့**ဟု ဆုံးမထားခဲ့ပါသည်။

စေတီပုထိုးဘုရား မည်သို့တည်ကာထားလည်း ဘုရားအဆုံးအမ ပြစ်ပယ်ပါက

အမည်လည်း ဆုံး၊ လူ ညွန့် တုံး၏။

ပရိတ်ကြီး ပဌာန်းများကို ဝတ်ရွတ်စဉ်များ…


좋아요
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page