top of page
Search

မန္တလေးအတွက် ရင်ကြားမစေ့ခင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 25, 2022
  • 1 min read

စာရေးသူတို့ လက်နက်ကိုင်တော်လှန်ရေးမစခင်က လူအချို့က အမေစုမူမဟုတ်ဖူးဆိုပြီး အမေစုနဲ့တိုက်ပေးပြီး တားခဲ့ကြပါတယ်။ အာဏာသိမ်းအပြီး ရေးတင်ရင်တောင် ဆဲသွားပါတယ်။ အချို့ကဆန္ဒတောင်ထွက်မပြနဲ့ သူတို့အကွက်ထဲ ဝင်သွားမယ်ဆိုပြီး ပြောကြပါတယ်။

လက်နက်ကိုင်ပြန်တိုက်ကြချိန်မှာ ဘီဘီစီမြန်မာပိုင်း အင်္ဂလန်က တင်ဆက်သူများက နံရံကို ခေါင်းနဲ့စောင့်တာလို့ ပြောကြသလို အချို့ကလဲ နှစ် ၇၀ မအလတပ်ကို မနိုင်နိုင်ဘူးလို့ ပြောခဲ့ကြပါတယ်။ဒလန်တွေအသတ်ခံရချိန်မှာ အချို့က NLD တွေပြန်အသတ်ခံရမယ် ဘာညာဆိုပြီး ခြိမ်းခြောက်ကြပါတယ်။ ဘီဘီစီ မြန်မာပိုင်းကဆိုရင် ဒါက ပြည်သူအချင်းချင်းဖြစ်တဲ့ ပြဿနာလို့ ခေါင်းစဉ်တပ်သတင်းလွှင့်ဖို့ ကြိုးစားလာတာ မနေ့ကတွေ့ရပါတယ်။ မိမိအမေ မုဒိမ်းကျင့်ခံရရင်တောင် လူ့အခွင့်အရေးအရ မုဒိမ်းကောင်ကို ပြန်မသတ်ဘဲ ဖမ်းပါဆိုတဲ့ ငကြောင်များကိုလဲ လိုင်းပေါ်မှာတွေ့ရပြီး အကြောင်လွန်ချိန်မှာ ပန်ဆယ်လိုအဆဲခံရတာကိုလဲ ဝမ်းသာစွာတွေ့လိုက်ရပါတယ်။

ဒီလူတွေ သတင်းသမားတွေကို မေးလိုတာက မအလတပ်က ပြည်သူတွေကို ပစ်သတ်ချိန်မှာ ရွာတွေကိုမီးရှို့ချိန်မှာ စာရေးသူတို့က ဘယ်ဒလန်မှ မရှင်းရသေးပါ။ မမေ့ပါနဲ့။ မအလတပ်က ဆန္ဒပြသူများကိုခေါင်းကိုပစ်သတ်၊ ရွာကို မီးရှို့ ရွာသားတွေကိုသတ်လို့ ဒီလက်နက်ကိုင်တော်လှန်ရေးဖြစ်လာတာပါ။ဆန္ဒပြသူများ ရွာသားများဟာ NLD ပါတီဝင်မဟုတ်ပါ။ အချို့ကလဲ နန်းမီးသတ်လောက် အသတ်ခံရရင် နန်းဝန်ထမ်းအသတ်ခံရရင် အပြစ်မဲ့ပြည်သူဆိုပြီး အော်ကြသူများလဲ တွေ့ရပါတယ်။ အဆိုပါ နန်းမီးသတ်နဲ့ နန်းရဲက လူတွေကိုဖမ်းတာ သတ်တာလုပ်ချိန်မှာ သူတို့ ဘာသံမှ မထွက်ပါ။

ဒီနေရာမှာ တောင်အာဖရိကက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဘယ်လိုလုပ်ခဲ့သလဲ လေ့လာကြည့်ရအောင်။ မန်ဒယ်လားက သူတော်ကောင်းပါ။ သူက အကြမ်းမဖက်ရေးကို ဟောပြောပါတယ်။သူ့မိန်းမ ဝင်နီမန်ုယ်လားက မြေအောက်အဖွဲ့ဖွဲ့ပြီး လူဖြူတွေ၊ လူမဲတွေထဲက သစ္စာဖောက်ပြီး လူဖြူနဲ့ပေါင်းအလုပ်လုပ်နေသူတွေကို ရှင်းလင်းပါတယ်။ အပြန်အလှန်ပါဘဲ။ လုပ်စရာရှိတာကို လုပ်သွားပါတယ်။ သူမက ၁၄ နှစ်သား ဆဲပီဆိုသူကို ဒလန်ဆိုပြီး သတ်ခဲ့ပါတယ်။ လင်မယားနော်။ သူတို့က မန်ဒဲလား ထောင်ကထွက်ပြီးမှ ကွဲသွားတာ။ ရင်ကြားစေ့ချိန်မှာ တရားရုံးရှေ့မှာ သူတို့လုပ်ထားတာကို ပြန်ဝန်ခံပြီး အပြန်အလှန်တောင်းပန်ရပါတယ်။ လူဘယ်နှစ်ယောက်သတ်ခဲ့သတ်ခဲ့ ရင်ကြားစေ့လိုက်ပါတယ်။ စာရေးသူတို့ရဲ့ ပြီးခဲ့တဲ့ ရင်ကြားစေ့ရေးမှာက မအလတပ်ကို စာရေးသူတို့က သူမတောင်းဘဲအမေ့မျက်နှာနဲ့ ခွင့်လွှတ်ခဲ့ရတာပါ။ စာရေးသူတို့ကလဲ သူတို့တွေ ဖွတ်တွေကို ဘာမှမလုပ်ခဲ့ရပါ။ ဒါမျိုးယခင်က အခြေအနေမှာ သူတို့က ဘာကြောက်မှာလဲ?

ယခုကတော့ ခေတ်ကပြောင်းသွားပါပြီ။ မန္တလေးမှာ NLD ကို သတ်နေတာက စစ်တပ်၊ ရဲ၊ ဖွတ်၊စစ်မှုထမ်းဟောင်းနဲ့ မဘသအပေါင်းအပါတွေပါ။

စာရေးသူတို့ တော်လှန်ရေးက နိုင်မှာလားဆိုရင် နိုင်မှာပါ။ ဒါပေမယ့် စာရေးသူတို့အထဲမှာ ဒလန်ရှိနိုင်သလို အချို့က ဒလန်မဟုတ်ပေမယ့် လူ့အခွင့်အရေးထိခိုက်မှာကို အင်မတန်စိုးရိမ်တဲ့ ပန်ဆယ်လိုရဲ့အဆဲခံရတဲ့အကောင်မျိုးတွေ ငကြောင်တွေလဲ အများကြီးရှိနိုင်ပါတယ်။စာရေးသူတို့က တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင်သာ လုပ်သွားဖို့ပါ။ ဝင်နီမန်ဒယ်လားကတော့ လူဖြူအစိုးရထံ အလုပ်လုပ်သူတွေ သူနဲ့ပတ်သက်သူတွေ လူဖြူပါတီဝင်တွေကို သူတို့ကိုလာထိရင် ထိထိမိမိတော်လှန်ရေးသဘောနဲ့ လုပ်သွားတာ တွေ့ရပါတယ်။ တော်လှန်ရေးမိုလို့ သူမ မှားခဲ့တာလဲရှိမှာပါ။ ရင်ကြားစေ့ချိန်မှာ သူမက တောင်းပန်ခဲ့ပါတယ်။ ဥပမာ သူမအောက်ကအဖွဲ့က လူတစ်ထောင်သတ်ပြီး လူဖြူအစိုးရက လူ၉၀၀ သာ သတ်နိုင်တယ်ဆို ရင်ကြားစေ့ချိန်မှာ သူမက ၁၀၀ မြတ်ပါတယ်။ ဒီနည်းနဲ့ တောင်အာဖရိကမှာ ရင်ကြားစေ့နိုင်ခဲ့ပါတယ်။ တောင်အာဖရိကမှာက ဒက်စမွန်တူးတူးက ကြားခံလုပ်ပေးခဲ့တာပါ။မြန်မာပြည်မှာ ဂူဂူကလဲ ကြားခံလုပ်ပေးနိုင်ပါတယ်။ ကိုယ်က ဝင်ဒီမန်ဒဲလားလို နံပတ်နိုင်နေဖို့လိုပါတယ်။

စာရေးသူအနေနဲ့ ဘာလုပ်ပါ ဘာလုပ်ပါလို့တော့ မပြောလိုပါ။ ဒါပေမယ့် မန္တလေးမှာဖြစ်တာဟာစစ်တပ်က ဗိုလ်ချုပ်ကိုကိုမှာ တာဝန်ရှိပြီး၊ တိုင်းမအလကောင်စီဥက္ကဌ၊ တိုင်းဖွတ်ဥက္ကဌ၊ တိုင်းစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ၊ စရဖနဲ့ ရဲတပ်ဖွဲ့မှာ တာဝန်ရှိပါတယ်။ ရပ်ကျေးဖွတ်တွေမှာလဲ တာဝန်ရှိပါတယ်။ မအလတပ်ရဲ့ မိသားစုတွေမှာလဲ တာဝန်ရှိပါတယ်။ စာရေးသူတို့ လူ့အသိုင်းအဝိုင်းမှာလိုနေတာက တာဝန်ယူမှု တာဝန်ခံမှုပါ။ တာဝန်သိတတ်လာအောင် ဘာလုပ်ရသလဲဆိုတာ ဝန်နီမန်ဒဲလားကိုလေ့လာကြပါ။ တော်လှန်ရေးမှာ လူ့အခွင့်အရေးသမားဝေဖန်မှာကြောက်နေရင် သတင်းသမားဝေဖန်မှာကြောက်နေရင် အလုပ်မဖြစ်ပါ။ အမေရိကန်က ရိုဟင်ဂျာကို ဂျီနိုဆိုက်ပြောပြီး ဘာလာကူပေးပါသလဲ? ဘာလက်နက်မှမလာပါ။ သူတို့က သူတို့အလုပ်လုပ်မှာဖြစ်ပြီး တော်လှန်ရေးသမားကလဲ သူ့အလုပ်သူလုပ်ရမှာပါ။ တော်လှန်ရေးသမားက တူမီးနဲ့ အမေရိကန်စစ်တပ်လို ကျင့်နေရင်တော့တော်လှန်ရေးဟာ ကြာသွားမှာပါ။ တော်လှန်ရေးကို တော်လှန်ရေးလိုလုပ်ပြီး ပြီးမှ ရင်ကြားစေ့ကြတာပေါ့။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

2 Comments


Nay Nann myint
Nay Nann myint
Apr 26, 2022

စည်းကမ်နဲ့ ဆန္ဒပြနေတဲ့ ပြည်သူ ကို

သတ်ပွဲကျင်းပနေခဲ့တယ်

ခုလဲသတ်နေတုံး ။ဒီလို စစိခွေး တွေ

အရူးချီးပန်းလုပ်နေလို့ပြည်သူ ကတော်လှန်ခဲ့တာ ။

တ်ိုးတက်စပြုနေတဲ့တိုင်းပြည်။

လှပတဲ့အနာဂတ်ရိုက်ချိုးခံလိုက်ရတဲ့

တိုင်းပြည်။

တပြည်လုံး အနာဂတ်မဲ့သွားတဲ့

တိုင်းပြည်အတွက် တော်လှန်ရေးလုပ်တာကျမှ

"လူသတ်ပွဲလုပ်နေတာမဟုတ်ဘူး" ဆိုတဲ့လူရဲ့

စခ အပေါ် သစ္စာခံနေတာဟာ ဘယ့်လေါက်

အချောင်စားချင်စိတ်များလဲ သက်သေခံတာဘဲ။


ကျား ကို လစ်လျူရှူခဲ့လို့

ကျားကို ရွာထဲသွင်းခဲ့လို့


လူ မောင်ပို တွေ အကြောင်းမဲ့ သေရတာ

လူနေရာ လူ ပြန်ရောက်ဖို့

ကျားနေရာ ကျားပြနိရောက်ဖို့

စစ်သား ဆိုတဲ့ တိုင်းပြည် ကိုကာကွယ်ရတဲ့

လူ‌ေနရာမှာ လူဟန်ဆောင်ပီး ဝင်နေတဲ့

သမန်းခွေးတွေ ကို ရှင်း ကိုရှင်းမှ။


သမန်းခွေးများ ကျဆုံးရမည် ။


Like

kmnyo2
Apr 25, 2022

ဆရာရေးမှ ဘဲ ပြတ်တော့ တယ်။ ဘာ အဖွဲ့ ဘဲ နံမည်ခံ သတ် သတ် တရားခံ ကစခမအလ တွေ ပါဘဲ အပြစ်မဲ့ ပြည်သူတွေ သတ်လါ တာ 1962 က စစာရင်းမှတ်ရ မှာပါ။The world most notorious military thugs terrorists of Burma killing own citizens ဆိုတာ New York Times ,သတင်းစာ headline news ပါ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page