top of page
Search
  • Writer's pictureMyat Tun Oo

မန္တလေးနန်းတွင်းက ဘယ်သူ့အောက်မှာလဲ


ဒီနေ့ မန္တလေးနန်းတွင်းထဲက တက်လာတဲ့ပုံတွေကိုတွေ့လိုက်ပါတယ်။ လူတွေက ဒေါက်ဇော်ကို ပြောပါတယ်။ ပြီးရင် ဆိုက်ဝါးတွေက အစိုးရကို ဆဲပါမယ်။ ဒါကြောင့် မန္တလေးနန်းတွင်းကိစ္စကို ရှင်းပါမယ်။

အားလုံးနန်းတွင်းထဲမဝင်ခင် ကားသမားက မှတ်ပုံတင်နဲ့ ပိုက်ဆံသွားဆောင်ရတာ နန်းတွင်းထဲရောက်ဖူးရင် သိကြမှာပါ။ အဲ့ဒီပိုက်ဆံကောက်တာက တပ်ကပါ။ အလယ်ပိုင်းတိုင်းပါ။ ပြီးရင် တပ်ထဲကိုဖြတ်ရပါတယ်။

နန်းတွင်းရဲ့ ပြုပြင်ထိန်းသိမ်းတာကတော့ ရှေးဟောင်းအောက်မှာ ရှိနိုင်ပါတယ်။

ဒါကအင်မတန် ရိုးရှင်းတဲ့ကိစ္စလေးပါ။ ဒါပေမယ့် ဒီလိုလုပ်ဖို့ နှစ်နေရာနဲ့ ညှိရတယ်ဆိုတာကို ပြောချင်တာပါ။ နောက်ဒေသခံ ရှေးဟောင်းဌာနက တိုင်းအစိုးရအောက်မှာလား ပြည်ထောင်စုအောက်မှာလားလဲ မသေချာပါ။

အဲ့ဒါ မြန်မာပြည်ပါ။

788 views0 comments

Recent Posts

See All
bottom of page