top of page
Search

မန္တလေးတိုက်ပွဲက ဘာအမြတ်ရလိုက်လဲ

Writer: Myat Tun Oo
Myat Tun Oo
Jun 22, 2021
1 min read

ပထမဆုံးက မန္တလေးတိုက်ပွဲဟာ မထင်မှတ်ဘဲ ဖြစ်သွားခဲ့တာပါ။ PDF က သွားတိုက်လို့ ဖြစ်တာမဟုတ်ပါ။ ဒီတိုက်ပွဲမှာ ဖက်ဆစ်တပ်က အရာရှိအဆင့်ကို သတ်လိုက်နိုင်လို့ အောင်ပွဲပါ။ ယခုလိုအဆင့်ဟာ KIA၊ AA၊ KNU တို့နဲ့ဖြစ်ရင်တောင် လက်နက်တွေအများကြီးနဲ့ အပြန်အလှန်ပစ် လူတွေအများကြီး ပစ်ပြီးမှ အဆိုပါအဆင့်မျိုး ကျမှာပါ။ ဒါ့ကြောင့် PDF က ယခုလို ဖက်ဆစ်ကြီးကြီးကို သတ်နိုင်တာဟာ လပိုင်းသာ လေ့ကျင့်ရသေးတဲ့ တပ်အတွက် ဂုဏ်ယူစရာပါ။

နောက်ဒီတိုက်ပွဲက ဘာကိုသိလိုက်ရလဲဆိုရင် ရန်သူက ယခုလိုပွဲဖြစ်ရင် ဘယ်လိုထောက်ပို့ စစ်ကူလုပ်နိုင်တယ်၊ ဘယ်ကနေ ရန်သူ့အကူတပ်တွေ ဝင်နိုင်တယ်ဆိုတာ သိခွင့်ရလိုက်ပါတယ်။ သူတို့စစ်ကူလာပုံကို လေ့လာနိုင်မယ်ထင်ပါတယ်။ ဒါက ဘာကိုပြလဲဆိုတော့ နေရာအနှံ့ တိုက်ဖို့လိုအပ်တာကို ပြပါတယ်။

တတိယက ရန်သူဟာ သာမန်အရပ်သားတွေ ကျောင်းသားတွေကို လိုအပ်ရင် လူသားဒိုင်းအဖြစ်သုံးပြီး ခွေးဇတ်ခင်းနိုင်တယ်ဆိုတာကိုလဲ ပြသွားခဲ့ပါတယ်။ ဒါ့ကြောင့် PDF အနေနဲ့ အဆိုပါကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ ကြိုစဉ်းစားထားရပါမယ်။

နောက်လမ်းပေါ်က CCTV တွေကို ရန်ကုန်နဲ့ မန္တလေးမှာ အကြမ်းဖက်ဖက်ဆစ်တပ်က မသုံးနိုင်အောင် ပြည်သူက ဘယ်လို ဖျက်ထားပေးမလဲ ပြည်သူများက စဉ်းစားပြီး ကူညီထားဖို့လိုပါတယ်။ PDF တွေကိုလဲ RPG လောက်အနည်းဆုံး တတ်ဆင်ပေးဖို့ လိုတယ်ဆိုတာကိုလဲ သုံးသပ်မိပါတယ်။ RPG သာရှိရင် ရန်သူကို အများကြီး ဒန်ပေါက်ကျွေးနိုင်မှာပါ။

ဒီမိုပြည်သူတွေအနေနဲ့လဲ ဘယ်လိုကူညီနိုင်မလဲ ဝိုင်းစဉ်းစားပြီး ကြိုပြင်ထားသင့်ပါတယ်လို့ ပြောပါရစေ။ ပြည်ပရောက် မြန်မာများလဲ PDF အတွက် NUG ကို များများ ငွေလှူကြပါ။ စစ်ပွဲဟာသေနတ်နဲ့တိုက်ရပြီး လက်နက်ကောင်းမှ ရလာဒ်ကောင်းမှာပါ။ သင်ငွေလှူခြင်းဖြင့် အရေးတော်ပုံမှာ ပါဝင်နိုင်ပါတယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 23, 2021

ဦးမြတ်!!STANDARD စံ အရာ ၊ နှိုင်းယှဥ်ရာ မည်သူက QUALIFY ဖြစ်သလဲ?အဖြေကတော့ ရှင်းသွားပါပြီ။

Unwell train people forces?

Well train forces?

ခါတိုင်းက ဆောင်းပါးမှာပါသလို အရွက်တွေပဲ ကြွေနေရပါသည်။ ခုခါမှာတော့ ဝေနေတဲ့ အပွင့် အခက် တွေပါ ကြွေ သွားရပါပြီ။

လူနည်းစု ဆယ်ဂဏန်းမျှကို ဝန်းကျင်အင်အား ထောင်ကျော် ၊ တင့်ကား ၊ ရဟတ်ယာဥ် ၊ အာပီဂျီ စစ်ပဲွဲကြီးအလား စစ်ဆင်ရေးတစ်ခုအဖြစ် နှိနိမ်နင်းပြီဆိုကတည်းက (အများပြည်သူ ကြောက်အောင် ဖြဲ ခြောက်ခြင်းသည်ဆိုငြား)

သူတို့ကိုယ်တိုင် **အုံကြွတော်လှန်မှာကို အကြောက်ကြီး ကြောက် နေပြီ**ဟူသော

အသိအမြင်ရလိုက်ပါပြီ။ကြောက်လောက်ပါသည်။ ပြည်သူကလည်း တာယာမီးရှို့သူက ရှို့ ၊ လက်လုပ်မိုင်းတွေ ထောင်သင့် ဖောက်သင့်တဲ့ နေရာက ဖောက် ၊ ရဲစခန်းကို အငိုက်အလစ်ခံ တိုက်ပစ်လို့ ရဲတပ်သားများ(အခိုင်အမာ ပြုထားသည့်ကြားမှ)ကျဆုံး ဒါဏ်ရာ ရသည်ထိ ဖြစ်ပွါးခဲ့ကြောင်း စာမျက်နှာသတင်းများအရ သိ ရပါသည်။ လက်သည်တရားခံ ဘယ်သူမှန်းလည်း မသိ ၊ ဖမ်းလို့လည်း မမိ ၊ ခံပြင်းမှုနှင့်အတူ ဒေါသတွေကြောင့် မဲမဲမြင်ရာ ပစ်ခတ်မှုက သူတို့ရင်ထဲမှာ ဗလောင်ဆူပွက်မှု ဒီဂရီ မြင့်မားမှုကိုပြသနေပါသည်။တချိန်က ပြည်သူကို ခြောက်ခဲ့သမျှ (လူဆယ်ဂဏန်း ပီဒီအက်ဖ် အဖဲွ့သေးလေးကြောင့်ပင်) သူတို့ကိုယ်တိုင် အကြောက်တရားပြန်လည်ရရှိသွားသည်က မလွဲပါ။

အထူးခြားဆုံးက သွေးအမျိုးအစားများ ဖော်ပြ၍ လိုအပ်ပါက ပီဒီအက်ဖ်အတွက် လှူဒါန်းမည်ဖြစ်ကြောင်း ဖုန်းနံပါတ်နှင့်တကွ ဖော်ပြထားပါသည်။တနည်းအားဖြင့် တဖက်မှာ

အပွင့်အခက်တွေကြွေနေချိန်မှာ သည်ဖက်မှာက မေတ္တာ အကြင်နာတွေ ဝေ နေပါပြီ။ ခေါင်းဆောင်းကောင်း၏ အကျိုးကျေးဇူး ၊ဘဝ မကူးခင်ကို လက်တွေ့ ဒိဌဓမ္မ ခံစားနေရပါပြီ။

မနေ့က ယင်းမာပင်နယ် တရော်ကုန်းရွာကလည်း အုံကြွပေးသဖြင့်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page