top of page
Search

မန္တလေးက ကိုရာဇာအောင်သေတာ ဘယ်သူ့မှာ တာဝန်ရှိလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 25, 2021
  • 1 min read

ဆန္ဒပြပွဲမှာ တပ်မ (၃၃) စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ တပ်နဲ့ရဲက ပစ်လို့ နှစ်ယောက်ပွဲချင်းပြီးသေတာတော့ အားလုံးသိမှာပါ။

မနေ့ကဘဲ နောက်ဒဏ်ရာရသူများထဲက နှစ်ယောက်ကျဆုံးသွားခဲ့ပါတယ်။ စုစုပေါင်း လေးယောက်ရှိသွားပါပြီ။ နေပြည်တော်က ကျဆုံးသူ၊ ရွှေပြည်သာမှာ ဥပဒေမဲ့ သေနတ်နဲ့ အပစ်ခံရသူပါဆိုရင်စုစုပေါင်း အသက်ပေးခဲ့ရသူ ငါးဦးရှိသွားခဲ့ပါပြီ။

ဒီအထဲက ကိုရာဇာအောင် ဘယ်လိုသေခဲ့ရသလဲ? ဘယ်သူမှာ တာဝန်ရှိလဲ? အဆိုပါစစ်ဆင်ရေးကိူတိုက်ရိုက်အမိန့်ပေးသူက စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းပါ။ သူက မအလထံက အမိန့်ကို ပြန်ပေးရသူပါ။ ကြီးကြပ်သူက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုပါ။

သူတို့က ပစ်မိန့်ပေးလို့ ကိုရာဇာအောင် ခြေထောက်မှာ ကျည်ဆန်ထိပါတယ်။ သွေးထွက်ပါတယ်။ အဲ့ဒီအချိန်မှာ လူနာကို ပြုစုစောင့်ရှောက်ခြင်း မရှိဘဲနဲ့ စစ်သားနဲ့ ရဲတွေက ရိုက်နှက်ပါတယ်။စစ်မြေပြင်မှာတောင် လက်နက်ကိုင်ရန်သူကိုမိရင် ဆေးကုပေးရပါတယ်။ စစ်ဥပဒေအရ မရိုက်ရပါ။ ယခုဟာကenemy combatant မဟုတ်ပါ။ သာမန်ဆန္ဒပြတဲ့ ပြည်သူပါ။ ဒါ့ကြောင့် လက်နက်မဲ့ပြည်သူကို ပစ်တာ၊ဒဏ်ရာရနေသူကို ရိုက်နှက်တာ၊ ဆေးကုခွင့်မပေးဘဲ ထောင်ကားပေါ်တင်ခေါ်တာတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာပါ။ အားလုံးဗီဒီယိုမှာ မြင်ပြီးသားဖြစ်မှာပါ။

ကိုရာဇာအောင်က နာလို့ အော်နေပေမယ့် ဘာအနာပျောက်ဆေးမှ မထိုးပေးခဲ့ပါ။ စစ်ဆေးရုံကို အရောက်မှာလဲ ပွင့်နေတဲ့ အနာကို ခွဲဖို့မကြိုးစားဘဲ သာမန်ဒဏ်ရာဆိုပြီး မကုဘဲ နာရီများစွာ ထားခဲ့ပါတယ်။ စစ်ဆေးဆရာဝန်များဟာ ဆရာဝန်ကျင့်ဝတ်နဲ့အညီ မကုပေးခဲ့ကြပါ။ လူနာဟာ သွေးထွက်လွန်ပြီး သတိမေ့သွားခဲ့ပါတယ်။ သူတို့မကုပေးဘဲထားလို့ သေသွားခဲ့ပါတယ်။ အနာဆိပ်တက်၊ သွေးထွက်လွန်ပြီးသေတယ်လို့ တပ်ထဲမှာ သိကြပါတယ်။ စစ်ဆေးဆရာဝန်များဟာ ရန်သူသုံ့ပန်းကိုတောင် ကုရမယ့်တာဝန်ရှိပေမယ့် ဆရာဝန်ကျင့်ဝတ်ကို မလိုက်နာခဲ့လို့ ကိုရာဇာအောင် သေဆုံးသွားခဲ့ရပါတယ်။ ဒါကို ဖုံးကွယ်ဖို့ တိုင်းမှူးကဖိအားပေးချိန်မှာ ကိုဗစ်ဆိုပြီး ဆေးစာမှာ လိမ်ရေးတာပါ။ ဒါက ဆေးစာလိမ်လည်မှုပါ။ သူတို့မှာ သမားကျင့်ဝတ်မရှိပါဘူး။ ဒါ့ကြောင့် သက်သေအထောက်အထားကိုဖျောက်ဖျက်လို့ရအောင် မီးသဂြိုလ်ခဲ့တာပါ။ ဒါက သက်သေအထောက်အထား ဖျောက်ဖျက်မှုပါ။ ကိုဗစ်ဟာ ဒီနေ့ဖြစ်ပြီး နောက်နေ့မသေပါ။ ရောဂါလက္ခဏာပြဖို့က ၇ ရက်လောက်ကြာပါတယ်။အကောင်းကြီး ဆန္ဒပြနေသူက သေနတ်ဒဏ်ရာရပြီး ကိုဗစ်နဲ့သေတာဟာ လိမ်တာပါ။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အမိန့်ပေးတာကတော့ မအလပါ။ သူက ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ခိုင်းလို့ ဟိုက ဆန္ဒပြသူတွေကို ဖြိုခွင်းတာပါ။

ဒီလိုလုပ်လို့ ပြည်သူတွေ ကြောက်သွားသင့်လား? မိမိအသက်သေတာဟာ မကောင်းပါ။ လူတိုင်းကြောက်ကြမှာပါ။ ဒါပေမယ့် ကြောက်လို့ ဆန္ဒမပြရင် တစ်သက်လုံး မျိုးဆက်တစ်ခုလုံး ဒီ့ထက်ကြောက်သွားရမှာပါ။ ဒါ့ကြောင့် ဘာဖြစ်ဖြစ် ဆန္ဒထွက်ပြပြီး မအလ စစ်အာဏာရှင်ကို ဆန့်ကျင်ရမှာပါ။ ဗိုလ်ချူပ်အောင်ဆန်းလဲ အင်အားကြီးတဲ့ ဂျပန်ကို ပြန်တွန်းလှန်ခဲ့သလို အင်္ဂလိပ်နဲ့ ပြင်သစ်လဲ နာဇီကို ပြန်တွန်းလှန်ခဲ့ပါတယ်။ အစပိုင်း လူတွေသေခဲ့ပါတယ်။ ဒါပေမယ့် ဖက်စစ်နဲ့ နာဇီစနစ်ဟာ ဥရောပမှာ ပျောက်သွားခဲ့ပါတယ်။ မြန်မာပြည်မှာလဲ ဖက်စစ်မအလကို အားလုံးအနစ်နာခံပြီး တိုက်ကြရမှာပါ။အားမလျော့ပါနဲ့။ သူ့ကို လုပ်ကြံသူလဲ တပ်ထဲမှာ ပေါ်လာနိုင်ပါတယ်။ အားလုံးနည်းအမျိုးစုံနဲ့ တိုက်ကြရမှာပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page