top of page
Search

မထင်မှတ်ဘဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 28, 2024
  • 1 min read

ree

ဝန်ခံစရာတစ်ခုရှိတယ်။ ICC ဝရမ်းထုတ်ဖို့ တောင်းဆိုလိုက်တာ တပ်ထဲမှာ ဖာတန်းမီးလောင်သလိုဖြစ်သွားတာပါဘဲ။ မထင်ထားခဲ့ဘူး။ တရုတ်ကြောင့် ဖီးတက်နေချိန် မအလကို ရိုက်ချလိုက်သလိုဖြစ်သွားတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါပြီ။ မဖမ်းနိုင်ပေမယ့် သူ့သမ္မတအိပ်မက်က ညောင်းသွားခဲ့ပါပြီ။ထို့အတူ မောင်မောင်အေးသား မင်္ဂလာဆောင်က ဒရုံးဗုံးကလဲ ကားတွေလာချိန်နေရာကိုထိလို့ ထင်တာထက် ပိုထိခိုက်သွားခဲ့ပါတယ်။ ပုံမှန်မှာက ဒရုံးပေါက်ကွဲအားက ဒုံးကျည်မဟုတ်လို့ ခန်းမကို မထိုးဖောက်နိုင်ပါ။ ကားတွေပေါ်ကိုကျတာက တိုက်ဆိုင်တာလား သူတို့တော်တာလားမသိဘဲ ထိသွားလို့ သက်တော်စောင့်တွေထိသလို ဗိုလ်မှူးချုပ်အဆင့်ထိ ထိသွားခဲ့တာပါ။ ဒါက စစ်ဆေးရုံတရားဝင်တက်သူသာပါ။ မအလတို့အဖွဲ့ ကံမကောင်းဘူးပေါ့။ ပြည်သူတွေအနေနဲ့က ခန်းမကို ထိုးဖောက်စေချင်ရင် ငွေလိုပါတယ်။ ငွေက လက်နက်ပါဘဲ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page