top of page
Search

မတွေဝေပါနဲ့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 5, 2020
  • 1 min read

ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေက များပါတယ်။ ဒါပေမယ့် အုပ်စုခွဲရင် ဓမ္မနဲ့ အဓမ္မပါတီဆိုပြီး နှစ်ခုသာရှိပါတယ်။

ဓမ္မပါတီက NLD ပါ။ တိုင်းရင်းသားထဲမှာက NLD နဲ့ လက်တွဲအလုပ်လုပ်ခဲ့တဲ့ SNLD ပါ။ ဦးအေးသာအောင်ဦးဆောင်တဲ့ ရခိုင်ပါတီကလဲ ယခင်က NLD နဲ့ လက်တွဲလုပ်ခဲ့ပါတယ်။ ANP ပါတီတော့ မဟုတ်ပါ။

ကျန်တဲ့ပါတီတွေကို လေ့လာကြည့်ရအောင်။

ပထမအုပ်စုက ဒီမိုခွဲထွက်အုပ်စုတွေဖွဲ့တဲ့ ပါတီတွေပါ။ ကိုကိုကြီး၊ ဒေါက်ခိုင်၊ နေယံဦး၊ ခင်မောင်ဆွေ၊ဦးသိန်းထွန်း၊ ဦးသုဝေ ကြိုက်သူကိုကြည့်ပါ။ သူတို့ပြောပုံဆိုပုံက DASSK ဆန့်ကျင်ပြီး တပ်ချုပ်ထောက်ခံတာ အများစုပါ။

ဒုတိယအုပ်စုက တပ်ထွက်ဗိုလ်ချုပ်များ နာမည်မျိုးစုံနဲ့ ဖွဲ့ထားတဲ့ ပါတီတွေပါ။ သူတို့ဟာလဲ ဘရွှေကဖုန်းဆက်လိုက်ရင် ပွဲပြီးပါတယ်။

တတိယအုပ်စုကတော့ တိုင်းရင်းသားနာမည်မျိုးစုံနဲ့ဖွဲ့ထားတဲ့ အဘနဲ့ပေါင်းလုပ်လိုပြီး NLD နဲ့ လက်ရှိအစိုးရကိုသာ ဖောင်းထုလေ့ရှိတဲ့ အဘမ တိုင်းရင်းသားအမည်ခံ ပါတီတွေပါ။ သူတို့ဟာလဲ အရေးကြုံလာရင် အဘကိုသာ ဝန်းရံမှာပါ။

စတုတ္ထအုပ်စုကတော့ ထင်ရှားပါတယ်။ ကြံ့ဖွတ်ပါတီနဲ့ တစညကတော့ လူတွေက သိပြီးသားပါ။


ပြည်သူအားလုံးအနေနဲ့က မတွေဝေဘဲ ဓမ္မဘက်က ရပ်တည်ခြင်းဖြင့် အဘကို သမ္မတမဖြစ်အောင်ဝိုင်းတားကြပါ။ မတွေဝေကြပါနဲ့။

 
 
 

Recent Posts

See All
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 
ဘာလို့ မအလတပ်က အသေများတာလဲဆရာ မဖြစ်နိုင်ဘူး(ဘောမကမေးတာ)

စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ ခံစစ်ကုန်းကိုတိုက်တာက မအလတပ်က ခုခံတာမိုလို့ လက်နက်အများကြီးသုံးတာတောင် အသေနည်းပါတယ်။ ဥပမာ ရခိုင်နဲ့ဗန်းမော်စစ်မျက်နှာတွေမှာပါ။ ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jul 05, 2020

ဦးမြတ် ! ပြဿနာတစ်ခုဖြစ်ရင် တရားခံ လက်သည်ရှာကြပါသည်။ လူတစ်ဦး ဆေးရုံတင်ရရင် ဆိုင်ရာဝန်းကျင်က ဘာဖြစ်လို့ပါလိမ့် ? သွေးအန်လို့ ! အန်မှာပေါ့! သောက်တာက မိုးလင်းက မိုးချုပ် ! ! ! တရားခံ လက်သည်တွေ့ပါပြီ။

ခုလည်း လက်သည်ရှာကြည့်ရအောင်။


**************************


တွေဝေခြင်း = အမှား အမှန် (မိမိဉာဏ်ဖြင့်) မဆုံးဖြတ်နိုင်ခြင်း။ တနည်း ဆုံးဖြတ်ချက်အပေါ် သံသယရှိခြင်း။

ဘာလို့ တွေဝေပါလိမ့် ?

အမှန်မမြင်နိုင်အောင် သံသယဝင်နေလို့။

ဘာလို့ အမှန်မမြင်ပါလိမ့် ?

အမှန်မမြင်အောင် ***တားဆီးဆို့ပိတ်ထားမှု***ရှိနေလို့။

တွေဝေခြင်းရဲ့လက်သည် အတားအဆီး အဆို့အပိတ် ။


ဒီနေ့ ဝါဆိုလပြည့်နေ့။

တိမ်ဖုံးပါလို့ လ. မသာ ။ လမပါတော့ အမှောင်ဆိုတော့ လပြည့်နေ့မှန်း ဟုတ်ကော ဟုတ်ရဲ့လား ဟဲ့။

သံသယ ဝင်တော့ အမှန် မမြင်နိုင်တော့ပါ။ အမှန်မမြင်တော့ သံသယ ဝင်။

လပြည့်ည! တိမ်ဖုံးလို့ မှောင်! တိမ်ဘာလို့ ဖုံး! မိုးရွာမှာမို့ ဖုံး! မိုးဘာလို့ ရွာ ! အနောက်တောင် မုတ်သုန်လေကြောင့် %%%

အနောက်တောင် မုတ်သုန်လေတည်းဟူသော ပယောဂ သည်သာ လက်သည်အရင်းအမြစ် အစစ်။

လက်သည်အစစ်တွေ့လျှင် သံသယပျောက်၍ အမှန်ဘဝ ရောက်ပါမည်။

**တံလျှပ်ကို ရေထင် ရွှေသမင် အလိုက်လွဲသည့် ပမာ**

အမှန်မမြင် နိုင်လျှင် အမြင် မမှန်နိုင်တော့။

ရေ #ပူ #လျှင် အငွေ့ပျံ။ တရိပ်ရိပ်ဖြင့် တံလျှပ်ထင် အမြင်မမှတော့ တွေဝေပြီပေါ့။

ရေ#ဆူပွက်#လျှင် မျက်လုံးကို ရေခိုးငွေ့ရိုက် ၊ အမြင်မမှန်တော့?

ပူ ဆူ နေလျှင် အမြင်မမှန် အမှန်မမြင်၍ တွေဝေရပါသည်။

ရေပြင်ပေါ် ကြာ ဒိုက်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page