top of page
Search

မတူပီကပြောသော သေချင်တဲ့ကျား တောပြောင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 6, 2023
  • 1 min read

မတူပီကပြောသော သေချင်တဲ့ကျား တောပြောင်း

ယခင်တော်လှန်ရေးစချိန်မှာ ဘောမတွေပြောတာက နင်းတို့ PDF တွေက ငါတို့ထဲက ဘယ်သူကြီးကြီးကို ထိလို့လဲဆိုတာပါ။ ငါတို့စခန်းကိုတိုက်ရဲရင် လာတိုက်ဆိုပြီးအာချောင်ခဲ့တာပါ။ ဒီနှစ်အတွင်းဗိုလ်မှူးကြီးအဆင့် သုံးယောက်၊ ဒုဗိုလ်မှူးကြီးအဆင့် ပြည်သူသိသူ မသိသူ ၆ ယောက်ပါ။ အလောင်းပြန်မရသူကိုသာ မအလအကြမ်းဖက်တပ်က ဝန်ခံတယ်ဆိုတာ မမေ့ပါနဲ့။ ဒါက ၁၉၄၈ ပြည်တွင်းရောင်စုံသူပုန်ထဲက တစ်နှစ်အတွင်း အသေအများဆုံးပါ။ အချို့ကိစ္စတွေကအဘမသိခင် ခေတ်သစ်ကကြိုသိပြီး ခေတ်သစ်ကတင်မှ အဘကစုံစမ်းပြီး သိတာပါ။ သေတာမှန်လို့ အဆိုပါဒေသကလူတွေ အစစ်ခံအဖြုတ်ခံရတော့မှာပါ။ ခေတ်သစ်ကြောင့် အဖြုတ်ခံရသူတွေမနည်းတော့ပါ။ အဘက ခေတ်သစ်နဲ့ ပန်ဆယ်လိုဖတ်တာ သေချာပါတယ်။ တပ်ထဲမှာဖြစ်နေတာက အတွင်းသတင်းကို ရန်သူက ဘယ်လိုရသလဲဆိုတာပါ။ ဗမာစကားပုံက တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတာရှိသလို သေချင်တဲ့ကျား တောပြောင်းဆိုတာကလဲ ရှိပါတယ်။ညွန့်ဝင်းဆွေလဲ စကားပုံရဲ့ ဘယ်အပိုင်းဖြစ်မလဲ စောင့်ကြည့်ရပါမယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page