top of page
Search
  • Writer's pictureMyat Tun Oo

ေမတၱာနဲ႔ပစ္တာကိုခြဲသိပါ



ေဝဖန္ေရးသမားအခ်ိဳ႕ကNLD ထဲကဝကခေတြကိုနည္းမ်ိဳးစံုေဝဖန္ေလ့ရွိပါတယ္။အေဝဖန္ခံရဆံုးကရခိုင္ျပည္နယ္ဝကခဦးညီပုကိုသူ႔လူမ်ိဳးကျပန္ေဝဖန္တာပါ။အျခားတိုင္းဝကခေတြကိုလဲေဝဖန္ၾကပါတယ္။

ဒီေနရာမွာဦးညီပုကိုဓာတ္ခဲကနည္းမ်ိဳးစံုလုပ္ၾကံပါတယ္။ေနာက္ဆံုးကသူ႔ယဥ္တန္းကိုမိုင္းခြဲတာပါ။မိတ္ေဆြသာမန္လူဆိုရင္ေဒါသမထြက္ဘဲေနႏိုင္မလားစဥ္းစားပါ။အဲ့ဒီအနားမွာရြာရွိပါတယ္။ဒါေၾကာင့္ဒီရြာတိုက္႐ိုက္(သို႔) သြယ္ဝွက္မေထာက္ပံ့ဘဲနဲ႔မိုင္းေထာင္လို႔မရပါ။ဒါမ်ိဳးျဖစ္ရင္ NLD အစိုးရအေနနဲ႔အၾကမ္းဖက္ခံရတာကိုေၾကညာႏိုင္ငံျခားတိုင္းျပည္ေတြကိုသတိေပးဓာတ္ခဲကိုက်ပ္လို႔ရသလိုသူ႔ကိုမေထာက္ခံေအာင္ANP ကိုလဲက်ပ္လို႔ရပါတယ္။ဦးညီပုဟာဒီမိုနဲ႔တက္လာတဲ့ဝကခပါ။ဒါေပမယ့္NLD နဲ႔ဦးညီပုဟာဒါမ်ိဳးေတြမလုပ္ခဲ့ပါဘူး။အဲ့ဒီနားကရြာေတြကိုလဲဘာမွဝိုင္းတာေတြပိတ္တာေတြမလုပ္ခဲ့ပါဘူး။စပိန္ကဘာစီလိုနားကခြဲထြက္အဖြဲ႕ကစပိန္ဝကခကိုမိုင္းခြဲၾကည့္ပါလားဘာျဖစ္သြားမလဲလို႔။ထို႔အတူေျမာက္ပိုင္းအိုင္ယာလန္မွာအဂၤလိပ္ဝကခယဥ္တန္းကိုမိုင္းသြားခြဲရင္ဘာျဖစ္သြားမလဲစဥ္းစားၾကည့္ပါ။ဒီမိုနိင္ငံေတြမွာသူတို႔တပ္ကိုမိုင္းစြဲတာနဲ႔သူတို႔ဝကခကိုမိုင္းစြဲတာမတူပါ။တပ္ကတရားဝင္လက္နက္ကိုင္ထားလို႔တရားဝင္ပစ္မွတ္(legitimate target) လို႔ေျပာရေပမယ့္ဒီမိုဝကခကိုလုပ္ၾကံရင္ဒါဟာအၾကမ္းဖက္မႈပါ။လြတ္လပ္ေရးတိုက္ပြဲနဲ႔မဆိုင္ေတာ့ပါ။ဒါေပမယ့္ဦးညီပုနဲ႔ NLD ကယခုလိုအၾကမ္းဖက္မႈကိုေမတၱာနဲ႔သာတံု႔ုျပန္သြားပါတယ္။

လာပါၿပီ။ဒါမ်ိဳးကိုအဲ့ဒီေနရာမွာဘဲတပ္ယဥ္တန္းကိုသြားလုပ္ပါတယ္။ဟိုကရြာကိုဝိုင္းၿပီးဝင္ဖဲ့သြားပါတယ္။အဲ့ဒီအခ်ိန္မွာဓာတ္ခဲေရာANP ေရာရြာသားေရာေအာ္ပါၿပီ။မိုင္းဆိုတာကရြာနားမွာရြာသားေတြမသိေအာင္ေထာင္လို႔မရပါ။

ထို႔အတူပါဘဲဓာတ္ခဲကလဲရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးအခ်ိဳ႕ကိုတပ္ကိုသတင္းေပးတယ္လို႔စြတ္စြဲၿပီးဝင္ပစ္သတ္ပါတယ္။အခ်ိဳ႕ကိုေတာ့သူ႔ကိုေဝဖန္တာနဲ႔တင္ပစ္တာပါ။တပ္ကိုသတင္းေပးလို႔မဟုတ္ပါ။သူ႔လူမ်ိဳးအခ်င္းခ်င္းပါ။လူမ်ိဳးဘာသာတူပါတယ္။ANP ဘာေၾကညာခ်က္မွမထုတ္ရဲပါ။

ဒါကဘာကိုျပသလဲဆိုေတာ့တိုင္းရင္းသားေတြေရာျပည္မကလူေတြေရာဘယ္လိုပါတီမ်ိဳးအစိုးရမ်ိဳးအုပ္ခ်ဳပ္တာခံခ်င္လဲဆိုတာစဥ္းစားရမွာကိုျပေနပါတယ္။လူမ်ိဳးျခားဘာသာျခားမိုလို႔လက္ခုပ္တီးမယ္ဆိုရင္အဲ့ဒီလိုလုပ္မႈေတြကမိမိအိမ္ကိုေရာက္လာႏိုင္ပါတယ္။

စာေရးသူအျမင္ကေတာ့DASSK ရဲ႕ဝကခေတြဟာသူမေမြးေန႔ပြဲမွာဆံုးမတာေတြတင္မကအလုပ္ကိုသီးခံၿပီးေမတၱာနဲ႔အသက္ကိုပဓာနမထားဘဲလုပ္ေနတာကိုေတြ႕ရပါတယ္။

ျပည္သူေတြအေနနဲ႔ကေမတၱာနဲ႔ပစ္တာကိုခြဲသိၿပီးပစ္တဲ့လူယုတ္မာအဖြဲ႕ေတြကိုေရွာင္ၿပီးေမတၱာထားသူမ်ားကိုေရြးခ်ယ္ႏိုင္ပါေစ။

Unicode version

မေတ္တာနဲ့ပစ်တာကိုခွဲသိပါ

ဝေဖန်ရေးသမားအချို့ကNLD ထဲကဝကခတွေကိုနည်းမျိုးစုံဝေဖန်လေ့ရှိပါတယ်။အဝေဖန်ခံရဆုံးကရခိုင်ပြည်နယ်ဝကခဦးညီပုကိုသူ့လူမျိုးကပြန်ဝေဖန်တာပါ။အခြားတိုင်းဝကခတွေကိုလဲဝေဖန်ကြပါတယ်။

ဒီနေရာမှာဦးညီပုကိုဓာတ်ခဲကနည်းမျိုးစုံလုပ်ကြံပါတယ်။နောက်ဆုံးကသူ့ယဉ်တန်းကိုမိုင်းခွဲတာပါ။မိတ်ဆွေသာမန်လူဆိုရင်ဒေါသမထွက်ဘဲနေနိုင်မလားစဉ်းစားပါ။အဲ့ဒီအနားမှာရွာရှိပါတယ်။ဒါကြောင့်ဒီရွာတိုက်ရိုက်(သို့) သွယ်ဝှက်မထောက်ပံ့ဘဲနဲ့မိုင်းထောင်လို့မရပါ။ဒါမျိုးဖြစ်ရင် NLD အစိုးရအနေနဲ့အကြမ်းဖက်ခံရတာကိုကြေညာနိုင်ငံခြားတိုင်းပြည်တွေကိုသတိပေးဓာတ်ခဲကိုကျပ်လို့ရသလိုသူ့ကိုမထောက်ခံအောင်ANP ကိုလဲကျပ်လို့ရပါတယ်။ဦးညီပုဟာဒီမိုနဲ့တက်လာတဲ့ဝကခပါ။ဒါပေမယ့်NLD နဲ့ဦးညီပုဟာဒါမျိုးတွေမလုပ်ခဲ့ပါဘူး။အဲ့ဒီနားကရွာတွေကိုလဲဘာမှဝိုင်းတာတွေပိတ်တာတွေမလုပ်ခဲ့ပါဘူး။စပိန်ကဘာစီလိုနားကခွဲထွက်အဖွဲ့ကစပိန်ဝကခကိုမိုင်းခွဲကြည့်ပါလားဘာဖြစ်သွားမလဲလို့။ထို့အတူမြောက်ပိုင်းအိုင်ယာလန်မှာအင်္ဂလိပ်ဝကခယဉ်တန်းကိုမိုင်းသွားခွဲရင်ဘာဖြစ်သွားမလဲစဉ်းစားကြည့်ပါ။ဒီမိုနိင်ငံတွေမှာသူတို့တပ်ကိုမိုင်းစွဲတာနဲ့သူတို့ဝကခကိုမိုင်းစွဲတာမတူပါ။တပ်ကတရားဝင်လက်နက်ကိုင်ထားလို့တရားဝင်ပစ်မှတ်(legitimate target) လို့ပြောရပေမယ့်ဒီမိုဝကခကိုလုပ်ကြံရင်ဒါဟာအကြမ်းဖက်မှုပါ။လွတ်လပ်ရေးတိုက်ပွဲနဲ့မဆိုင်တော့ပါ။ဒါပေမယ့်ဦးညီပုနဲ့ NLD ကယခုလိုအကြမ်းဖက်မှုကိုမေတ္တာနဲ့သာတုံ့ုပြန်သွားပါတယ်။

လာပါပြီ။ဒါမျိုးကိုအဲ့ဒီနေရာမှာဘဲတပ်ယဉ်တန်းကိုသွားလုပ်ပါတယ်။ဟိုကရွာကိုဝိုင်းပြီးဝင်ဖဲ့သွားပါတယ်။အဲ့ဒီအချိန်မှာဓာတ်ခဲရောANP ရောရွာသားရောအော်ပါပြီ။မိုင်းဆိုတာကရွာနားမှာရွာသားတွေမသိအောင်ထောင်လို့မရပါ။

ထို့အတူပါဘဲဓာတ်ခဲကလဲရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ကိုတပ်ကိုသတင်းပေးတယ်လို့စွတ်စွဲပြီးဝင်ပစ်သတ်ပါတယ်။အချို့ကိုတော့သူ့ကိုဝေဖန်တာနဲ့တင်ပစ်တာပါ။တပ်ကိုသတင်းပေးလို့မဟုတ်ပါ။သူ့လူမျိုးအချင်းချင်းပါ။လူမျိုးဘာသာတူပါတယ်။ANP ဘာကြေညာချက်မှမထုတ်ရဲပါ။

ဒါကဘာကိုပြသလဲဆိုတော့တိုင်းရင်းသားတွေရောပြည်မကလူတွေရောဘယ်လိုပါတီမျိုးအစိုးရမျိုးအုပ်ချုပ်တာခံချင်လဲဆိုတာစဉ်းစားရမှာကိုပြနေပါတယ်။လူမျိုးခြားဘာသာခြားမိုလို့လက်ခုပ်တီးမယ်ဆိုရင်အဲ့ဒီလိုလုပ်မှုတွေကမိမိအိမ်ကိုရောက်လာနိုင်ပါတယ်။

စာရေးသူအမြင်ကတော့DASSK ရဲ့ဝကခတွေဟာသူမမွေးနေ့ပွဲမှာဆုံးမတာတွေတင်မကအလုပ်ကိုသီးခံပြီးမေတ္တာနဲ့အသက်ကိုပဓာနမထားဘဲလုပ်နေတာကိုတွေ့ရပါတယ်။

ပြည်သူတွေအနေနဲ့ကမေတ္တာနဲ့ပစ်တာကိုခွဲသိပြီးပစ်တဲ့လူယုတ်မာအဖွဲ့တွေကိုရှောင်ပြီးမေတ္တာထားသူများကိုရွေးချယ်နိုင်ပါစေ။

206 views0 comments

Comentarios


bottom of page